ပြည်သူ့စစ်မှုထမ်းဥပဒေ၊အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏  သွေးထိုးလှုံ့ဆော်နေသည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချျက

 

ကျွန်တော်တို့  ပြည်သူ့စစ်မှုထမ်းဥပဒေ၊  အရန်တပ်ဖွဲ့ဥပဒေတွေကို အာဏာတည်စေမယ့်ရက်များ အတည်ပြုသတ်မှတ်ပြီးဖြစ်ပါတယ်။ အဲဒီလို  အတည်ပြုတဲ့နေရာမှာ  တချို့သော  ပြည်ဖျက်မီဒီယာများရဲ့ ထုတ်လွှင့်ချက်တွေ၊ တချို့သော  သောင်းကျန်းသူအဖွဲ့အစည်းများ၊ တချို့သော အကြမ်းဖက်အဖွဲ့အစည်းများရဲ့ လှုံ့ဆော်မှုတွေကြောင့် မိဘပြည်သူများနဲ့ တချို့သော လူငယ်၊ လူရွယ်များသည် ဒါနဲ့ပတ်သက် ပြီး      ထင်ယောင်ထင်မှားဖြစ်နေတာလေးတွေ    ရှိကြောင်းလည်း တွေ့ရှိရပါတယ်။ တချို့ကတော့  ဒီလိုမျိုးဖြစ်အောင်ကို  တမင်ဖန်တီး ပြီး တမင်လှုံ့ဆော်နေတာဖြစ်ပါတယ်။ တချို့သော ပြည်ဖျက်မီဒီယာ များအနေနဲ့လည်း ကျွန်တော်ပြောခဲ့တဲ့ ဟာတွေရှိပါတယ်။ အဲဒီထဲကမှ သူတို့လိုချင်တဲ့ဟာလောက်ပဲ ဖြတ်ညှပ်ကပ်ပြီး လူငယ်၊ လူရွယ်တွေ၊ မိဘပြည်သူတွေကို စိုးရိမ်ထိတ်လန့်အောင် လုပ်နေတာဖြစ်ပါတယ်။ စိုးရိမ်ထိတ်လန့်အောင်  ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် တစ်ခုပြောချင်ပါတယ်။  ဒါတွေက  ဘာတုံးဆိုတော့  သူတို့အနေနဲ့ က    နိုင်ငံတော်မှာ   မဲလိမ်မဲခိုးမှုတွေကြောင့်   တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန်  စတင်ယူကတည်းကတိုင် တိုင်းပြည်တစ်ခုလုံးကို စိုးရိမ်ထိတ်လန့်မှုဖြစ်အောင်  အမြဲတမ်းဖန်တီးနေတာကို   တွေ့ရမှာ ဖြစ်ပါတယ်။    အခုချိန်မှာတော့    ပိုပြီးဆောင်ရွက်လာတာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ လူငယ်၊ လူရွယ်တွေကို ဥပဒေ ပြင်ပကို ရောက်သွားအောင်၊ သူတို့လိုအကြမ်းဖက်သမားဘဝမျိုးကို ရောက်ရှိအောင်  ဆောင်ရွက်နေတာ   တွေ့ရမှာဖြစ်ပါတယ်။  ဥပဒေ လမ်းကြောင်းမှန်အတိုင်းနေချင်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့၊ မျိုးချစ်စိတ်ရှိ တဲ့၊  WE ARE MYANMAR ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ လူငယ်၊ လူရွယ်တွေ မိသားစုတွေကိုပဲ ဦးတည်ပြီးတော့ ပြောင်းလဲသွားအောင်  ပစ်မှတ်ထား ဆောင်ရွက်နေတဲ့ သဘောမျိုးတွေ တွေ့ရပါတယ်။ ဒီနေရာမှာ ပြည်သူ့ စစ်မှုထမ်းဥပဒေမှာရော၊ အရန်တပ်ဖွဲ့ဥပဒေမှာရော ကျွန်တော် ပထမ ဦးဆုံး   ခိုင်ခိုင်မာမာပြောချင်တာက   အကျုံးဝင်တဲ့သူတိုင်းကိုလည်း ကျွန်တော်တို့ခေါ်မှာမဟုတ်ပါဘူး။ ခေါ်စရာလည်း အကြောင်းမရှိပါ ဘူး။   မနေ့ကလည်း   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဒါတွေနဲ့ပတ်သက်ပြီးတော့ အထူးအလေးထား ရှင်းပြခဲ့ပြီးဖြစ်တယ်။ ဒီဟာသည်  ပြည်တွင်း၊   ပြည်ပအန္တရာယ်ဆိုတာထက်  နိုင်ငံတော် ကာကွယ်ရေးတာဝန်ကို  တိုင်းရင်းသားပြည်သူအားလုံး၊  လူငယ်၊ လူရွယ်အားလုံး  သိရမယ်၊ တတ်ရမယ်။ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့နေရာမှာလည်း  ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့  ပတ်သက် ပြီး မနေ့ကလည်း ရှင်းလင်းပြောပြခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ အရ  ၂၀၁၉    ကြားဖြတ်သန်းခေါင်စာရင်းအကျုံးဝင်တဲ့လူ အနည်းဆုံး ၁၃ သန်းရှိပါတယ်။ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းပေါ့ ဒီလောက်ရှိတယ်။ ရှိတဲ့အထဲမှာမှ အမျိုးသားလောက်ပဲ တွက်ကြည့်ဦး၊ အမျိုးသား ၆ ဒသမ ၃  သန်းထဲမှာ   ကျွန်တော်တို့အနေနဲ့  တစ်နှစ်တစ်နှစ်ကို    ခေါ်နိုင်တဲ့လူဦးရေ   ငါးသောင်းထက် ပိုနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့် လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ခေါ်ယူထားတဲ့ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်ကာကွယ် ရေးတာဝန်ကို     ထမ်းဆောင်မယ့် သူတွေအားလုံးကို အဆင့်အလိုက်၊ အရည်အချင်းအလိုက်     လစာ၊ ရိက္ခာ၊  ခံစားခွင့် အားလုံးပေးရမှာ  ဖြစ်ပါတယ်။   ပြီးရင် လေ့ကျင့်မှု၊ လေ့ကျင့်မှုကိုလည်း     တပ်မတော် သားတွေ    တတ်သင့်တတ်ထိုက်တဲ့ နိုင်ငံတော်ကာကွယ်ရေးပညာရပ် အားလုံးကို     အချိန်ပေးပြီး သင်ကြားပေးရမှာ        ဖြစ်တယ်။ ဒီလိုသင်ကြားပေးပြီးမှ ကျွန်တော် တို့အနေနဲ့  တာဝန်ထမ်းဆောင်စေရမှာဖြစ်တယ်။    တာဝန်ထမ်းဆောင် စေတဲ့နေရာမှာလည်း အဆင့်အလိုက်နဲ့ အရည်အချင်းအလိုက်၊ အတွေ့ အကြုံအလိုက်နဲ့  ရာထူးတာဝန်ပေးပြီး  တာဝန်ထမ်းဆောင်စေရမှာ  ဖြစ်တယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့နေရာမှာလည်း  ပထမဦးဆုံးအပတ် စဉ်တွေမှာ အမျိုးသမီးတွေကို  ခေါ်ယူပြီး   တာဝန်ထမ်းဆောင်စေဖို့ နည်းမှာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာတပ်ဖွဲ့တွေမှာ သာ  တာဝန်ထမ်းဆောင်စေဖို့အတွက်  ရည်ရွယ်ပါတယ်။  အဓိကက  စစ်တိုက်ဖို့ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို  ဘယ်လိုအမြင်တွေ နဲ့   တာဝန်ထမ်းဆောင်ရမယ်။   လုံခြုံရေး၊ ကာကွယ်ရေးအသိပညာတွေ ကို   ပြည်သူထဲမှာ  ပျံ့နှံ့သွားအောင်၊ နောင်ရေရှည်မှာ  မြန်မာနိုင်ငံသူ၊   နိုင်ငံသားတွေသည်   ကာကွယ်ရေး၊   လုံခြုံရေးနဲ့   ပတ်သက်တဲ့ အသိပညာကြွယ်ဝသော၊ မိမိနိုင်ငံကို   မိမိ အင်အား တောင့်တင်းစွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော၊ မိမိရဲ့လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်းဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်းဖြစ်တယ်။ 
ဒီအစိုးရလက်ထက်မှာမှ ဆောင်ရွက်သွားမှာ မဟုတ်ဘူး။ နောင် တက်လာမယ့် ဒီမိုကရေစီအစိုးရလက်ထက်တွေမှာလည်း ဆက်လက် ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ် ဆိုတာကို ပြောချင်ပါတယ်။  ဒီနေရာမှာထပ်ပြီး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့  ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး    တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းများ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ကျေးရွာအဆင့်တွေ ဖွဲ့စည်းသွားမှာဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒီလိုခေါ်ယူတဲ့ နေရာမှာလည်း ပညာသင်ကြား နေတဲ့ ကျောင်းသူ/ကျောင်းသားများအနေနဲ့ အသက်အရွယ်အကျုံးဝင် သည့်တိုင်အောင် နိုင်ငံခြားထွက်နေတဲ့ ပညာသင်ကြားနေတဲ့သူတွေက လည်း     ပညာဆုံးခန်းတိုင်အောင်   ပညာဆက်လက်သင်ကြားခွင့် ရမှာဖြစ်ပါတယ်။ သို့သော် ရေရှည်  Long Term Plan   မှာတော့ အကျုံးဝင်တဲ့သူတွေအားလုံးသည် နိုင်ငံတော်ကာကွယ်ရေးပညာကို တတ်မြောက်ပြီး    ဖြစ်ရမယ်ဆိုတာကို   ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ် နှစ်နှစ် သုံးလေးနှစ်ရည်မှန်း ထားတာ  မဟုတ်ပါဘူး။   နောင်နှစ်ပေါင်းများစွာအထိ   ရည်မှန်းပြီး ဆောင်ရွက်နေခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အသိ၊ အတတ် ပြည့်ဝနေတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးဖြစ်အောင်  ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။ 
ဒါသည် နိုင်ငံတော်ရဲ့  အနာဂတ်  မြန်မာဆိုတာ တည်တံ့ခိုင်မြဲဖို့ အတွက်၊  အနာဂတ် မြန်မာဆိုတာ  ကမ္ဘာတည်သရွေ့ ရှိဖို့အတွက် အာမခံချက်ကို    ဆောင်ရွက်ခြင်းဖြစ်ပါတယ်။     ဒီလိုဆောင်ရွက်တဲ့ နေရာမှာ   အမျိုးမျိုးသော    သွေးထိုးလှုံ့ဆော်မှုတွေ၊  အမျိုးမျိုးသော သွေးခွဲမှုတွေ ၊ အမျိုးမျိုးသော လူငယ်တွေကို တောထဲရောက်အောင် ဆွဲသွင်းနေမှုတွေ ၊ လူငယ်တွေကို လူဆိုးတွေ၊ အကြမ်းဖက်သမားတွေ ဖြစ်အောင် ဆွဲဆောင်နေမှုတွေရှိမှာဖြစ်ပါတယ်။ ဒါတွေကို တာဝန်သိ တဲ့ ပြည်သူတစ်ရပ်လုံး၊  မိဘပြည်သူအားလုံး၊ တာဝန်ရှိတယ်လို့ ခံယူ ထားတဲ့ ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူတွေအားလုံး၊ လူငယ်၊ လူရွယ် တွေအားလုံးက  သတိရှိပြီး သတိနဲ့အသိနဲ့ယှဉ်ပြီး ဆောင်ရွက်သွား ရမှာဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော် တို့ မြန်မာနိုင်ငံတော်ကြီး၊ ကျွန်တော်တို့ မြန်မာပြည်ထောင်စုကြီး၊ ကျွန်တော်တို့ မြန်မာဆိုတဲ့ အခေါ်အဝေါ် ကမ္ဘာတည်သရွေ့ တည်ရှိနိုင် ဖို့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအသိပညာ၊ အတတ်ပညာတွေ ကို  အားလုံးတတ်မြောက်ပြည့်ဝအောင် ဆောင်ရွက်သွားကြပါစို့လို့ ပြောကြားရင်း  နိဂုံးချုပ်ပါတယ်။  
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။