
နေပြည်တော် ဖေဖော်ဝါရီ ၁၄
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံ ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာ ရှင် အလှူရှင်များက ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် စားသောက် ဖွယ်ရာများ လာရောက်ဂုဏ်ပြု ပေးအပ်လျက်ရှိသည်။
ထိုသို့ ပေးအပ်လျက်ရှိ ရာ ယနေ့နံနက်ပိုင်းတွင် စစ်တက္ကသိုလ် ဗိုလ်လောင်း သင်တန်း အမှတ်စဉ် (၁၉) ကျောင်းဆင်း အရာရှိများနှင့် မိသားစုဝင်များ၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနများမှ ဝန်ထမ်းမိသားစုများ က ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ခြင်းကို နေပြည်တော်တိုင်းစစ်ဌာန ချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင် နှင့် ဝန်ကြီးဌာနများမှ တာဝန် ရှိသူများ တက်ရောက်ကြ သည်။
ဦးစွာ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၉) ကျောင်းဆင်းအရာရှိများ နှင့် မိသားစုဝင်များက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၅၀၀ ကို လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၁၅၀ ကို လည်းကောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြု ချီးမြှင့်ငွေကျပ်သိန်း ၁၀၀ ကို လည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၅၀ နှင့် ကျပ်သိန်း ၁၅၀ တန်ဖိုး ရှိ စားသောက်ဖွယ်ရာများကို လည်းကောင်း၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဝန်ထမ်းမိသားစု များက ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကိုလည်းကောင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူ များက တိုင်းမှူးထံ အသီးသီး ဂုဏ်ပြုပေးအပ်ကြသည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ် ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါ ဂုဏ်ပြုချီးမြှင့်ငွေများ နှင့် စားသောက်ဖွယ်ရာများ အား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်