ပြန်ကြားရေးဝန်ကြီးဌာန၌ ဉာဏ်ရည်တု နည်းပညာအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ   ၁၄


Artificial Intelligence (AI)   ဉာဏ်ရည်တု       နည်းပညာ အကြောင်း      သိကောင်းစရာ  ဟောပြောပွဲအခမ်းအနားကို ယနေ့ နံနက်  ၁၀ နာရီတွင် နေပြည်တော် ရှိ ပြန်ကြားရေးဝန်ကြီးဌာန  စုဝေး ခန်းမ၌ ကျင်းပသည်။


အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာန ဆိုင်ရာ  အကြီးအကဲများ၊ AI နည်း ပညာအကြောင်း ဟောပြောမည့် ဒေါက်တာ   တင်ဘုန်းကျော်နှင့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာ ထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။


ဉာဏ်ရည်တုကိုအသုံးပြုလာ


ရှေးဦးစွာ    ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင်   (Artificial intelligence–AI) ခေါ်  ဉာဏ်ရည် တုကို  နယ်ပယ်အတော်များများ တွင် အသုံးပြုလာကြပြီး ဖွံ့ဖြိုးပြီး နိုင်ငံများတွင်     မောင်းသူမဲ့ကား၊ ဒရုန်းများ၊ အိမ်သုံးစက်ရုပ်များ၌  AI နည်းပညာကို အသုံးပြုနေကြ ပြီဖြစ်ပါကြောင်း၊    လူ့အသိုက် အဝန်းတွင်  AI  နည်းပညာသည် ဆန်းသစ်သည့် ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ပြီး သိမှုဉာဏ်အပြင် လူ့စိတ်ခံစားချက်ကို  နားလည် ခြင်း၊   ဆုံးဖြတ်ချက်ချမှတ်ခြင်း တို့ကို ထည့်သွင်းစဉ်းစားနိုင်စွမ်းရှိသည့်    ဉာဏ်ရည်ထည့်သွင်း ထားသော    ဉာဏ်ရည်တုဖြစ်ပါ ကြောင်း၊ ဉာဏ်ရည်တုနည်းပညာ (AI)၏ အသုံးဝင်မှုနှင့် အန္တရာယ် ရှိမှုတို့ကို    ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ယနေ့ AI နည်းပညာ အကြောင်း     သိကောင်းစရာ ဆွေးနွေးပွဲကိုကျင်းပခြင်း   ဖြစ်ပါ ကြောင်း။


AI သည် လူသားတို့၏ အလုပ် အကိုင်များစွာအပေါ်  အစားထိုး နေရာယူလာပြီး   AI   ကျွမ်းကျင် ပညာရှင်များလည်း    လိုအပ်မှု မြင့်မားလာကြောင်း၊ ယနေ့ Digi-talization ခေတ်  အွန်လိုင်းတွင် အချက်အလက်ရှာဖွေခြင်း၊ ဖျော်ဖြေ ရေးအစီအစဉ်များ  ကြည့်ရှုခြင်း၊ ကုန်ပစ္စည်းများ ဝယ်ယူရောင်းချ နိုင်ခြင်းတို့၏ နောက်ကွယ်တွင် လည်း  AI   နည်းပညာရှိနေပြီဖြစ် ကြောင်း၊ လူသားများတွင် ကာယ၊ ဉာဏ နှစ်မျိုးရှိသည့်အနက် ကာယ အလုပ်များကို      စက်များဖြင့် အစားထိုး    ဆောင်ရွက်နိုင်သလို ဉာဏအလုပ်များကို  AI   နည်း ပညာဖြင့်     အစားထိုးဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊  အိမ်နီးချင်း နိုင်ငံများတွင်လည်း AI နည်းပညာ အသုံးပြုပြီး      လမ်းပြအမှတ် အသား၊ မီးပွိုင့်၊ ဆိပ်ကမ်း၊ လေဆိပ် စသည့်  Public Area  များတွင် အသုံးပြုနေပြီဖြစ်သလို    ဥရောပ နိုင်ငံများ၌လည်း  AI နည်းပညာ အသုံးပြု၍ လူထုအကျိုးပြုသုတေ သနလုပ်ငန်းများကို  ကျယ်ပြန့်စွာ အသုံးပြုနေပြီဖြစ်ပါကြောင်း။


ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်နိုင်ရေး 


ထို့ကြောင့်    မီဒီယာဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ   အရာ ထမ်း၊ အမှုထမ်းများအား လူ့စွမ်း အားအရင်းအမြစ်     တိုးတက် ရေး၊   သတင်းတု၊        သတင်းမှား များ     စောင့်ကြည့်လေ့လာရေး နှင့်  သတင်းစီးဆင်းမှုများအပေါ်  Data Analysis ပြုလုပ်၍ ရလဒ် များ ခွဲခြမ်းစိတ်ဖြာ ဆောင်ရွက်နိုင် စေရေး ရည်ရွယ်၍ Foundation Course for Public Opinion Mining Analysis(AI) နည်းပညာ သင်တန်း  ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါ ကြောင်း၊   အဆိုပါ    သင်တန်း အတွက်  သင်တန်းသား   ၁၂   ဦး Placement   Test    ဝင်ရောက်  ဖြေဆိုခဲ့ပြီး အောင်မြင်သူ  ရှစ်ဦး ကို စိစစ်ရွေးချယ်၍  အွန်လိုင်းဖြင့် သုံးလတာ   သင်ကြားပေးလျက် ရှိကြောင်း။


ဝန်ထမ်းများသည် ပြောင်းလဲ လာသည့်     နည်းပညာအပေါ် လိုက်ပါဆောင်ရွက်ရန်     HR မြှင့်တင်ရန်   အဓိက   လိုအပ်ပါ ကြောင်း၊ ယခု   AI   နည်းပညာ အကြောင်း      သိကောင်းစရာ ဆွေးနွေးပွဲကို     စိတ်ဝင်တစား လေ့လာနားထောင်၍     သိလိုသည် များ   မေးမြန်းဆွေးနွေးခြင်းဖြင့် ရရှိသည့် ဗဟုသုတအတွေ့အကြုံ များကို ဌာနတွင် ပြန်လည်အသုံးချ နိုင် မည်ဟု        မျှော်လင့်ပါကြောင်း ပြောကြားသည်။


နည်းပညာကောင်းကျိုး၊  ဆိုးကျိုး


ထို့နောက်  ဒေါက်တာတင်ဘုန်း ကျော်က AI နည်းပညာအဆင့်ဆင့် ဖြစ်ပေါ်လာမှု၊    နည်းပညာ၏ ကောင်းကျိုး၊  ဆိုးကျိုး၊   တီထွင် ဖန်တီးနိုင်မှု၊    စိန်ခေါ်မှုများနှင့် စပ်လျဉ်းသည့်    သိကောင်းစရာ များကို   ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် အရာထမ်း၊ အမှုထမ်းများက သိရှိ လိုသည်များကို  မေးမြန်းဆွေးနွေး ကြသည်။


ယင်းနောက်     ပြည်ထောင်စု ဝန်ကြီးက   AI    နည်းပညာ အကြောင်း     ဟောပြောသည့် ဒေါက်တာ  တင်ဘုန်းကျော်အား အမှတ်တရလက်ဆောင် ပေးအပ် ပြီး နိဂုံးချုပ်အမှာစကား ပြောကြား ခဲ့သည်။                  

သတင်းစဉ်