CI စာအုပ်ကိုင်ဆောင်ထားသူများက မဟာချိုင် TDCC ရုံးခွဲ၌ လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားလျှင် နိုင်ငံကူးလက်မှတ် (PJ – Passport) စာအုပ်များကို ပြုလုပ်ပေးနေ

ရန်ကုန်   ဖေဖော်ဝါရီ   ၁၄
ထိုင်းနိုင်ငံ၌ CI  စာအုပ်ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်နေသူများ အား မဟာချိုင်တွင်ဖွင့်လှစ်ထားသော TDCC ရုံးခွဲ၌ လိုအပ်သော စာရွက် စာတမ်းများ ပြည့်စုံစွာဖြင့်  လာရောက်လျှောက်ထားပါက CI စာအုပ်မှ နိုင်ငံကူးလက်မှတ်  (PJ – Passport) စာအုပ်များကို ပြုလုပ်ပေးလျက်ရှိ ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထားသည်။
ယခုအခါ စက်ရုံအလုပ်ရုံများ၏ တင်ပြချက်အရ ထိုင်းနိုင်ငံအတွင်း CI စာအုပ်ကိုင်ဆောင်ပြီး စက်ရုံ/အလုပ်ရုံများ၌ အလုပ်လုပ်နေသော မြန်မာလုပ်သားများကို  စက်ရုံ/အလုပ်ရုံများသို့ Mobile Team ဖြင့် သွားရောက်၍     အချက်အလက်ကောက်ယူခြင်း၊    မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများသို့ ပို့ဆောင်ပြီး မှန်ကန်မှု ရှိ/မရှိ အတည်ပြုခြင်း နှင့်    နိုင်ငံကူးလက်မှတ်ထုတ်ပေးခွင့်ရယူခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။
စက်ရုံ/အလုပ်ရုံများသို့   Mobile Team  ဖြင့်  သွားရောက်၍ အချက်အလက်ကောက်ယူချိန်တွင်   နိုင်ငံကူးလက်မှတ်ပြုလုပ်လိုသူသည် သတ်မှတ်ကိုယ်ရေးမှတ်တမ်းပုံစံ ဖြည့်စွက်ထားခြင်း (ဓာတ်ပုံပါ)၊ ကိုင်ဆောင်ထားသည့်   CI   စာအုပ်မူရင်း၊   CI စာအုပ်၏ ဓာတ်ပုံပါ စာမျက်နှာမိတ္တူ တစ်စောင်၊  CI  စာအုပ်၏    ဗီဇာပါ စာမျက်နှာမိတ္တူ တစ်စောင်၊   အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) မိတ္တူ တစ်စောင်၊    နိုင်ငံသားစိစစ်ရေးကတ်မူရင်းနှင့်    မိတ္တူတစ်စောင်၊ အိမ်ထောင်စုစာရင်း မိတ္တူတစ်စောင်စာရွက်စာတမ်းများကို လက်ဝယ် ၌ ရှိနေရမည်ဖြစ်ကြောင်းလည်း  သံရုံး၏ထုတ်ပြန်ချက်တွင် ပါရှိ သည်။    နိုင်ငံကူးလက်မှတ်ထုတ်ယူခွင့်ရရှိသူများသည် လက်မှတ် ထုတ်ယူပြီးပါက    စက်ရုံ/အလုပ်ရုံ   အစီအစဉ်ဖြင့် အလုပ်သမား သံအရာရှိရုံးသို့ ဆက်သွယ်ကာ MOU လုပ်သားအဖြစ် စာရင်းဝင်ရေး ဆက်လက်ဆောင်ရွက်နိုင်ပါကြောင်းနှင့် ဤစာအုပ်သက်တမ်းကုန် ပါက   နိုင်ငံကူးလက်မှတ်စာအုပ်အသစ်   ဆက်လက်လျှောက်ထား လဲလှယ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
စက်ရုံ/အလုပ်ရုံများတွင် လုပ်ကိုင်နေသော မြန်မာလုပ်သားများ အနေဖြင့် ယခုဖော်ပြပါအချက်များအား စက်ရုံ/အလုပ်ရုံများ၏ H.R Manager များသို့ အသိပေးသွားရန်နှင့် ကြိုတင်စာရင်းပြုစုထား နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် အသိပေးထားသည်။
MT