ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ်ထုတ်လွှင့်မည်

နေပြည်တော်    ‌ဖေဖော်ဝါရီ   ၁၄
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်    အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍  ပရိသတ်များ၏  ရင်တွင်းခံစားချက်  စကားသံများအား  သဇင်  FM  ၏    “ပြည်သူ့ကြားက    ပြည်သူ့စကား”    အစီအစဉ်မှ  “ပြည်ထောင်စုနေ့နှင့်  အမျိုးသားရေးတာဝန်” ခေါင်းစဉ်ဖြင့် ဖေဖော် ဝါရီ  ၁၄   ရက်   မွန်းလွဲ  ၁  နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်သည်။ 
လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင်  “အပါယ်မကြောက်၊ ငရဲမကြောက်  သတ်ဖြတ်နေကြသူများ”   ခေါင်းစဉ်ဖြင့်   ဆွေးနွေးတင်ဆက်မည်ဖြစ်သောကြောင့်  ပါဝင်ဆွေးနွေးလိုသူ  ပရိသတ်များ အနေဖြင့်  အပတ်စဉ်  ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ  ၁၁  နာရီ အတွင်း    ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့်     ပြန်လည်ဆက်သွယ်ရမည့်    ဖုန်းနံပါတ်တို့ကို Message     ပေးပို့ပါဝင်နိုင်ပြီဖြစ်ကြောင်းနှင့်      ပါဝင်လာသည့်    ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။     
သတင်းစဉ်