
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး မစ္စတာ ဂျေအမ် ဂျန်နကာ ပရီယန်သာ ဘန်ဒါရာ နေရာတွင် မစ္စစ် ပွန်နမ်ပီ ရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမား အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီး ဖြစ်သည်။
မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားကို ၁၉၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်တွင် မွေးဖွားခဲ့ပြီး ၎င်းသည် ၁၉၉၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၊ ဒေလီတက္ကသိုလ်မှ သိပ္ပံဂုဏ်ထူးဘွဲ့ (သတ္တဗေဒ)ကိုလည်းကောင်း၊ ၂၀၀၂ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ဆရီဂျယာဝါ ဒီနာပူရာ တက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (ရေသတ္တဝါ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငါးလုပ်ငန်း) ကိုလည်း ကောင်း၊ ၂၀၁၃ ခုနှစ်တွင် ဩစတြေးလျနိုင်ငံ၊ မိုနာ့ရှ်တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့ (နိုင်ငံတကာဆက်ဆံရေး) ကိုလည်းကောင်း ရရှိ ခဲ့သည်။
၎င်းသည် ၂၀၀၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အမေရိကန် ပြည်ထောင်စုရှိ သီရိလင်္ကာသံရုံး၊ မလေးရှားနိုင်ငံရှိ သီရိလင်္ကာ မဟာမင်းကြီးရုံး၊ ဘယ်လ်ဂျီယံနိုင်ငံရှိ သီရိလင်္ကာသံရုံး/ဥရောပ သမဂ္ဂဆိုင်ရာ သီရိလင်္ကာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် အီတလီနိုင်ငံရှိ သီရိလင်္ကာကောင်စစ်ဝန်ချုပ်ရုံးတို့၌ သံတမန်ရာထူး အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။
မစ္စစ် ပွန်နမ်ပီရူမား အာရာချ်ချီဂီ ပရာဘာရှီနီ ပွန်နမ်ပီရူမားသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှ လက်ရှိအချိန်အထိ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ အာဖရိကဌာနတွင် ခေတ္တညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန် ထမ်းဆောင်လျက်ရှိသည်။
၎င်းသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး သားတစ်ဦးရှိသည်။
သတင်းစဉ်