ပရီမီယာလိဂ်ပွဲစဉ်(၂၄) မှဖေဖော်ဝါရီ ၁၃ ရက် နံနက် ၂ နာရီခွဲက ပဲလေ့စ်အသင်း အိမ်ကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပဲလေ့စ်နှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် ချယ်ဆီးအသင်းက တိုက်စစ်ခြေစွမ်း ပြကာ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိ ခဲ့သည်။
 
ပရိသတ် ၂၅၀၀၀ ကျော် လာရောက် ကြည့်ရှုသော အဆိုပါ ပွဲစဉ်တွင် ချယ်ဆီး အသင်းက သာလွန်သည့် ကစားဟန်ကို ပြသနိုင်ခဲ့ပြီး   အရေးပါသည့်   နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။ ချယ်ဆီး အသင်းက ယခုပွဲစဉ် အနိုင်ရရှိမှုကြောင့် ပရီမီယာလိဂ် ၂၄ ပွဲ ကစားပြီး  ၁၀ ပွဲနိုင်၊ ၁၀ ပွဲရှုံး၊ လေးပွဲ  သရေကျထားသည့် အသင်းဖြစ်သည်။ 
ပဲလေ့စ်အသင်းက ယခုပွဲစဉ် ရှုံးနိမ့်ခဲ့ သည့်အတွက် ၂၄ ပွဲတွင် ရှုံးပွဲ ၁၂ပွဲအထိရှိ လာပြီဖြစ်ပြီး   တန်းဆင်းဇုန်အသင်းနှင့် ရမှတ်ကွာဟမှု      ကျဉ်းမြောင်းလာပြီ ဖြစ်သည်။ 
ဦးဆောင်ဂိုးကို  ပဲလေ့စ်အသင်းက စတင်ရရှိခဲ့သော်လည်း နောက်ပိုင်းပွဲချိန် များတွင်    ချေပဂိုးနှင့်    အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုပေးခဲ့ရခြင်း   ဖြစ်သည်။ ချယ်ဆီးအသင်းသည် လာမည့်ပွဲစဉ် နှစ်ပွဲ တွင် မန်စီးတီး၊ လီဗာပူး  စသည့်အသင်း ကြီးများနှင့် ဆက်တိုက်ယှဉ်ပြိုင်ကစားရ မည် ဖြစ်သည်။            
                                        
   အောင်ဇော် 
 
      


