
ရန်ကုန် ဖေဖော်ဝါရီ ၁၃
၂၀၂၄ ခုနှစ် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT) အား ဇူလိုင်လ ၇ ရက် (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်သည်။
Online မှ လျှောက်လွှာလက်ခံမည့် လူဦးရေမှာ Level အားလုံး အတွက် လူဦးရေ ၄၀၀၀၀ ဖြစ်ပြီး Online လျှောက်လွှာ လျှောက် ထားရာတွင်System သို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခြင်း ထိန်းချုပ် နိုင်ရန် လျှောက်လွှာလက်ခံမည့်အချိန်ကို ကြိုတင်အသိပေးမည် မဟုတ်ပါ။ လျှောက်လွှာလက်ခံသည့်ကာလအတွင်း မိမိအဆင်ပြေသည့် ရက်တွင် Online System သို့ ဝင်ရောက်လျှောက်ထားနိုင်သည်။
ရန်ကုန်နှင့် မန္တလေးအတွက် Online System ဖြင့် လက်ခံခြင်း ကို Level N1 အတွက် မတ် ၆ ရက်၊ ၇ ရက်နှင့် ၁၅ ရက်တို့တွင်လည်း ကောင်း၊ Level N2 အတွက် မတ် ၆ ရက်၊ ၇ ရက်နှင့် ၁၅ ရက်တို့တွင် လည်းကောင်း၊ Level N3 အတွက် မတ် ၁၁ ရက်၊ ၁၂ ရက်နှင့် ၂၀ ရက် တို့တွင်လည်းကောင်း၊ Level N4 အတွက် မတ် ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၉ ရက်တို့တွင်လည်းကောင်း၊ Level N5 အတွက် မတ် ၇ ရက်၊ ၈ ရက်နှင့် ၁၈ ရက်တို့တွင်လည်းကောင်း လက်ခံမည်ဖြစ်သည်။
သင်တန်းကျောင်းများအတွက် ကြိုတင်စာရင်းပေးသွင်းခြင်းကို Google form မှတစ်ဆင့် ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၃ ရက်အတွင်း ကြိုတင်စာရင်းပေးသွင်းရမည်။ သင်တန်းကျောင်းတစ်ကျောင်းလျှင် လျှောက်လွှာအစောင်ရေ အများဆုံး ၇၀ နှုန်းဖြင့်သာ ရောင်းချသွား မည်ဖြစ်သည်။
လျှောက်လွှာရောင်းချခြင်းကို ရန်ကုန်စာဖြေဌာနအတွက် ဖေဖော် ဝါရီ ၂၉ ရက်နှင့် မတ် ၂ ရက်တွင်လည်းကောင်း၊ မန္တလေးစာဖြေဌာန အတွက် ဖေဖော်ဝါရီ ၂၉ ရက်နှင့် မတ် ၁ ရက်တွင်လည်းကောင်း ရောင်းချမည်ဖြစ်သည်။ လျှောက်လွှာလက်ခံခြင်းကို ရန်ကုန်စာဖြေ ဌာနအတွက် မတ် ၄ ရက်နှင့် မတ် ၁၁ ရက်တွင်လည်းကောင်း မန္တလေး စာဖြေဌာနအတွက် မတ် ၄ ရက်နှင့် မတ် ၅ ရက်တွင်လည်းကောင်း လက်ခံမည်ဖြစ်သည်။
ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်နှင့် ၁၀ နှစ်အောက် ဖြေဆို သူများအတွက် လျှောက်လွှာရောင်းချခြင်း၊ လက်ခံခြင်းတို့ကို Level အားလုံးအတွက် မတ် ၄ ရက်နှင့်မတ် ၆ ရက်တို့တွင် ဆောင်ရွက် ပေးမည်ဖြစ်သည်။ Online System ဖြင့် လက်ခံခြင်း၊ သင်တန်းကျောင်း များအတွက် ရောင်းချခြင်း၊ လက်ခံခြင်းနှင့် ရှင်သာမဏေ၊ ရဟန်းတော်၊ သီလရှင်၊ ၁၀ နှစ်အောက် ဖြေဆိုသူများအတွက် ရောင်းချခြင်း၊ လက်ခံ ခြင်း စသည့်တစ်မျိုးစီအတွက် သီးသန့်အသေးစိတ်ရှင်းလင်းချက် များကို ထပ်မံကြေညာသွားမည်ဖြစ်ကြောင်း JLPT စာမေးပွဲကျင်းပ ရေးကော်မတီ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) က ထုတ်ပြန်ကြေညာထားသည်။ မျိုးမင်းသူရ