
ဂျေရုဆလင် ဖေဖော်ဝါရီ ၁၃
အစ္စရေး ဓားစာခံနှစ်ဦးကို အောင်မြင်စွာ ကယ်တင်နိုင်ပြီး နောက် အစ္စရေးကာကွယ်ရေး ဝန်ကြီး ယိုအက်ဗ်ဂဲလန့်သည် ဂါဇာတောင်ပိုင်း ရာဖာ၌ ထိုးစစ် များကို အရှိန်မြှင့်သွားမည်ဖြစ် ကြောင်း အလေးအနက်ထား ပြောကြားခဲ့သည်။
ရာဖာ အလယ်ပိုင်းတွင် တနင်္လာနေ့က အစ္စရေးတပ်ဖွဲ့ များနှင့် အထူးရဲတပ်ဖွဲ့တစ်ဖွဲ့သည် အမျိုးသား ဓားစာခံနှစ်ဦးကို ကယ်တင်ခဲ့ကြောင်း အစ္စရေး စစ်ဘက်က ကြေညာခဲ့သည်။
ဂဲလန့်သည် ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏အားထုတ် ကြိုးပမ်းမှုအတွက် ကျေးဇူးတင် ကြောင်း ဖော်ပြခဲ့သည်။ ဟားမားစ် သည် ပျော့ကွက်ဖြစ်ကြောင်း၊ မိမိတို့သည် မည်သည့်နေရာမဆို သွားနိုင်ရမည် ဖြစ်ကြောင်းနှင့် မိမိတို့၏တာဝန်များကို အောင်မြင် အောင် စွမ်းဆောင်နိုင်ရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ဂဲလန့်သည် ဓားစာခံများ ပြန်လွှတ်ပေးရန် ကြိုးစားသွား မည့် ၎င်း၏ရည်မှန်းချက်နှင့် ဟားမားစ်တို့ကို ဖျက်ဆီးသွားမည် ဖြစ်ကြောင်း အလေးအနက်ထား ဖော်ပြခဲ့သည်။
အစ္စရေးလေကြောင်း တိုက် ခိုက်မှုများနှင့် ရာဖာရှိကယ်ဆယ် ရေး စစ်ဆင်ရေးကို လက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့် ၇၃ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာ ရေးအရာရှိများက ပြောသည်။
ခန်ယွန်နစ်ရှိ ဆေးရုံတစ်ရုံ၌ လည်း စက်သုံးဆီ ပြတ်တောက် သွားပြီဖြစ်ကြောင်းနှင့် အဆိုပါ ဆေးရုံ၌ ဆေးကုသမှုခံယူ နေသော အမျိုးသမီးတစ်ဦး တနင်္လာနေ့ က သေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြ ခဲ့သည်။
ဂါဇာရှိ ကျန်းမာရေးအရာရှိ များက ဂါဇာကမ်းမြောင်ဒေသတွင် တိုက်ပွဲစတင်ဖြစ်ပွားကတည်းက သေဆုံးသူဦးရေမှာ ၂၈၄၇၃ ဦး ရှိလာပြီဖြစ်ကြောင်း ပြောကြားခဲ့ သည်။ လူတစ်သန်းကျော်မှာ ရာဖာ၌ ခိုလှုံလျက်ရှိသည်။
အင်န်အိတ်ချ်ကေ