ပြည်သူ့ရင်ပြင်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် စက်မှုထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်တွင် လာရောက်ဝယ်ယူလည်ပတ်သူများနှင့် အထူးစည်ကား

 

ရန်ကုန်   ဖေဖော်ဝါရီ  ၁၃
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ရှိ         ပြည်သူ့ရင်ပြင်ပန်းခြံ၌  ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက် အထိ   ကျင်းပခဲ့ရာ    လာရောက် လေ့လာဝယ်ယူသူများဖြင့်  အထူး စည်ကားလျက်ရှိသည်။
အဆိုပါ       စက်မှုထုတ်ကုန် ပြပွဲနှင့်  ဈေးရောင်းပွဲတော်တွင်  ပြခန်းများနှင့်    ဆိုင်ခန်းပေါင်း    ၄၀၀ ခန့် မှ  စားသောက်ကုန်ပစ္စည်း များနှင့် လူသုံးကုန်ပစ္စည်းများကို     အထူး    ဈေးနှုန်းဖြင့်   ချိုသာစွာ   ရောင်းချပေးလျက်ရှိရာ  ဝယ်ယူ ကြသူများဖြင့်    အထူးစည်ကား ခဲ့သည်။
ထို့ပြင်     ပွဲတော်အတွင်း စတု ဒိသာကျွေးမွေးမှုများ၊    ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်မှ ကျော်ကြား သည့်အနုပညာရှင်များ၏ ဖျော်ဖြေ မှုများ၊        တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက၊  အလှများ၊  DJ များ၊ Dancer  အကဖျော်ဖြေမှုများ နှင့် မျိုးဆက်သစ်တေးသံရှင်များ  က     ဖျော်ဖြေတင်ဆက်ခဲ့ကြ ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)