ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

အားလုံးမင်္ဂလာပါဗျာ။ ဒီနေ့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ဆက်စပ်ပြီး ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားမိဘပြည်သူများအားလုံး ပိုမို သိရှိနားလည် သဘောပေါက်စေဖို့ ကျွန်တော်တို့ထပ်မံပြီး ပြောပြ သင့်တဲ့ အချက်များကို ကျွန်တော်တို့ ပြောပြပါမယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး   တချို့သော ပြည်ဖျက်မီဒီယာများရဲ့ သွေးထိုးလှုံ့ဆော်မှု၊ အချို့သောအကြမ်းဖက်အဖွဲ့များရဲ့ ဆောင်ရွက်မှုတွေပေါ့၊ သွေးထိုး လှုံ့ဆော်မှုတွေကြောင့် ဒါပြည်သူလူထုကြားထဲမှာ ဝေဖန်မှုတွေ၊  ပြည်သူလူထုကြားထဲမှာ တချို့သောစိုးရိမ်ပူပန်မှုတွေရှိနေတယ် ဆိုတာလည်း ကျွန်တော်တို့ သိရပါတယ်။ 
ပထမဦးဆုံး ကျွန်တော်ပြောလိုတာကတော့ ဒီနေ့ပြည်သူ့စစ်မှု ထမ်းဥပဒေ  ပြဋ္ဌာန်းရတာက  ပြည်တွင်း၊  ပြည်ပဘေးအန္တရာယ် ဆိုတာထက်  ကျွန်တော်တို့  ပထမအပိုဒ်မှာ ပါပြီးသားဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးကို  စောင့်ထိန်းရန်  တာဝန်ရှိတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံသားတိုင်း   စစ်ပညာသင်ကြားဖို့၊   နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်ဖို့အတွက် ရည်ရွယ်တာပဲဖြစ်ပါ တယ်။  ခုနပြောတဲ့ ပြည်တွင်းအန္တရာယ်၊ ပြည်ပအန္တရာယ်ဆိုတာထက်  ဒီဟာတွေအတွက် ရည်ရွယ်ပြီး လုပ်တာဖြစ်တယ်။ ဒီဥပဒေပြဋ္ဌာန်း လိုက်တာက ကျွန်တော်တို့အစိုးရ တစ်ဆက်တည်းအတွက်လည်း မဟုတ်ဘူး။ ပိုပြီးအရေးကြီးတာက နောင်ဒီမိုကရေစီစနစ်၊ ပါတီစုံ ဒီမိုကရေစီစနစ်ကို လက်တွေ့အကောင်အထည်ဖော်မယ့် အစိုးရတွေ လက်ထက်မှာအထိ  ဆောင်ရွက်သွားမှာ  ဖြစ်ပါတယ်။  ရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ပထဝီ နိုင်ငံရေး အနေအထား လက်ရှိကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ တွေအရ ဒီဥပဒေကို ပြဋ္ဌာန်းချက်ကို  မဖြစ်မနေဆောင်ရွက်ရမှာအတွက်  ဖြစ်တယ်။ ဒီနိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားအားလုံးမှာ ကာကွယ်ရေးနဲ့  ပတ်သက်တဲ့အသိပညာတွေ  တိုးပွားလာအောင် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ဒီပြည်သူ့စစ်မှု ထမ်းဥပဒေ၊  ဒါမှမဟုတ် အမျိုးသားစစ်မှုထမ်းစနစ် National Service ပတ်သက်ပြီး  အမျိုးမျိုးပြဋ္ဌာန်းပြီး  လုပ်ဆောင်နေတာရှိပါတယ်။  ကျွန်တော် ပြောသလို ကျွန်တော်တို့နိုင်ငံ အိမ်နီးနားချင်း ငါးနိုင်ငံ ရှိပါတယ်။  အိမ်နီးနားချင်း  ငါးနိုင်ငံမှာလည်း  ဒီဥပဒေမပြဋ္ဌာန်း ထားတဲ့နိုင်ငံ  နှစ်နိုင်ငံပဲရှိပါတယ်။  ကျန်တဲ့သုံးနိုင်ငံမှာ ဒီဥပဒေ ပြဋ္ဌာန်းပြီးဖြစ်တယ်။ အဲဒီသုံးနိုင်ငံမှာ ပြဋ္ဌာန်းပြီးတော့ လက်တွေ့ မလုပ်ဆောင်တဲ့နိုင်ငံ  တစ်နိုင်ငံရှိတယ်။  လက်တွေ့  အပြည့်အဝ လုပ်ဆောင်နေတဲ့နိုင်ငံ တစ်နိုင်ငံရှိတယ်။ လက်တွေ့ဆောင်ရွက်နေ တယ်၊  အပြည့်အဝ  လုပ်ဆောင်နေတာ  မဟုတ်ဘူး၊  Partianly ဆောင်ရွက်နေတဲ့နိုင်ငံ တစ်နိုင်ငံရှိတယ်။ ဒါတွေဟာ ကျွန်တော်တို့ အနီးစပ်ဆုံးအတွက် ပြောကြားခြင်းဖြစ်ပါတယ်။ 
ဒီနေရာမှာ ကျွန်တော်တို့မိဘပြည်သူများကို ထပ်မံပြီးအသိပေး လိုတာက ကျွန်တော်တို့နိုင်ငံရဲ့ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း အရ အခုပြဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်မယ့်၊  အကျုံးဝင်နိုင်တဲ့  လူဦးရေ၊  အကျုံးဝင်နိုင်တဲ့  လူဦးရေဆိုတာက အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါး ရှိပါတယ်။ အဲဒီတော့ အဲဒီ ၁၃ သန်းလုံးကို တစ်ပြိုင်နက် တည်း   စစ်မှုထမ်းဆောင်စေမှာလား၊   မဟုတ်ပါဘူး။   အကျုံးဝင်  တာပဲ ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီစစ်မှုထမ်းဆောင်စေတယ် ဆိုတဲ့အထဲမှာ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်တဲ့  သူရဲ့  ပြည်သူ့စစ်မှုထမ်းဥပဒေမှာ  ပါပြီးသားဖြစ်ပါတယ်။ သူ့ရဲ့ အဆင့်အလိုက် စစ်သည်တွေနဲ့ တူညီတဲ့ အခွင့်အရေး၊ စစ်သည်တွေနဲ့ တူညီတဲ့လေ့ကျင့်ရေး ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။ စစ်သည် တွေနဲ့ တူညီတဲ့လေ့ကျင့်ရေး၊ စစ်သည်တွေနဲ့ တူညီတဲ့အခွင့်အရေး ဆောင်ရွက်ပေးရတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့  လစာ၊  ရိက္ခာ၊ ခံစားခွင့်အကုန်လုံးကို ကျွန်တော်တို့က ပေးရတာဖြစ်ပါတယ်။ ဒါတွေကို နိုင်ငံတော်ဘတ်ဂျက်ကနေ ဆောင်ရွက်ရတာဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ ဒီလိုမျိုးဆောင်ရွက်ရတဲ့အခါမှာ အနည်း ဆုံး စရိတ် ပထမဦးဆုံး ဆောင်ရွက်ရတဲ့အခါမှာ စစ်သည်မဖြစ်သေးဘူး။  ဒီနိုင်ငံသူ၊ နိုင်ငံသားတွေကို ခေါ်ယူမယ်ဆိုရင် ပထမဦးဆုံးဆေးစစ် ရပါတယ်။ တစ်ဦးချင်း တစ်ဦးချင်းရဲ့ ဆေးစစ်တဲ့ကုန်ကျစရိတ်တင် မနည်းပါဘူး။ အနည်းဆုံးအဆင့်က မြန်မာငွေသောင်းဂဏန်းနဲ့ချီပြီး  ကုန်ကျပါတယ်။ ဒါတွေကို ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ 
ဒါ့အပြင် ကျွန်တော်တို့က လေ့ကျင့်ပေးနိုင်ဖို့၊ လေ့ကျင့်ပေးနိုင်ဖို့ ဆိုတာသည်  သူတို့ကို  လေ့ကျင့်ပေးတဲ့အခါမှာ  ကျွန်တော်တို့က စစ်သည်တွေရဲ့ အဆင့်အတန်းအတိုင်း  လေ့ကျင့်ပေးရတာဖြစ်တယ်။  အနည်းဆုံးအဆင့်  လနဲ့ချီပြီး  လေ့ကျင့်ရတာဖြစ်တယ်။ နှစ်တစ်နှစ်ရဲ့ လေးပုံတစ်ပုံ အနည်းဆုံး လေ့ကျင့်ရတာဖြစ်ပါတယ်။  ဒီလေ့ကျင့်ရေး အတွက် ကုန်ကျစရိတ်တွေ အဆင့်မှလေ့ကျင့်ရေးအတွက် ဆောင်ရွက် မှုတွေ  ဒါတွေလည်း  ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့  ကျွန်တော်တို့   လက်ရှိအနေအထားနဲ့   လက်ရှိအနေအထားမှာ တပ်သားသစ် စုဆောင်းမှုတွေ သာမန်ဘော်လန်ဒီယာ တပ်သားသစ် စုဆောင်းမှုသည်လည်း အရှိန်အဟုန်မကျပါဘူး။ သူ့လုပ်ငန်းနဲ့သူ ဆက်ပြီး လုပ်ဆောင်နေပါတယ်။ ဆက်ပြီးလုပ်ဆောင်နေတဲ့အထဲမှာ ကျွန်တော်တို့အနေနဲ့  ခုနပြောတဲ့  လူဦးရေ  ၁၃  သန်းပေါ့နော် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းထဲမှာ  အမျိုးသမီးတွေကို ထည့်မတွက်နဲ့ဦး၊ အမျိုးသားတွေပဲ ထည့်တွက်ဦး၊  အမျိုးသားတွေပဲထည့်တွက်ရင် ဒီ ၆ ဒသမ ၃ သန်းရဲ့ တစ်ရာခိုင်နှုန်း  တစ်ရာခိုင်နှုန်းဆိုရင်   ခြောက်သောင်းသုံးထောင်ရှိပြီဖြစ်ပါတယ်။ နှစ်ရာခိုင်နှုန်းဆိုရင်   တစ်သိန်းနှစ်သောင်းရှိပြီဖြစ်ပါတယ်။  ၁၀  ရာခိုင်နှုန်းဆိုရင် လူဦးရေ ၆ သိန်းရှိပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီလောက် လူဦးရေလိုသလား၊ ၁၀ ရာခိုင်နှုန်းလိုသလား မလိုနိုင် ပါဘူး။ မြန်မာနိုင်ငံမှာ ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိတယ်။ ရပ်ကွက်တွေပါထည့်တွက်ရင် ၆ သောင်းကျော်ရှိတယ်။ ရပ်ကွက်  တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့၊ ကာကွယ်ရေး တာဝန်ထမ်းဆောင်ဖို့  တစ်ဦးထက်  ဒါမှမဟုတ်  နှစ်ဦးထက်ပိုစရာအကြောင်းမရှိပါဘူး။  
သို့သော် ကျွန်တော်တို့ ဘာကြောင့်မို့လို့ ဒီဟာကို လုပ်ထားလဲ ဆိုတော့  ဒါတွေကို လုပ်ရခြင်းအကြောင်းရင်းသည် Long term Plan  မှာ  နိုင်ငံတော်ကို  ကာကွယ်နိုင်တဲ့စွမ်းရည်၊  နိုင်ငံတော်ကို ကာကွယ်နိုင်တဲ့  စွမ်းအား၊  နိုင်ငံတော်ကို  ကာကွယ်နိုင်တဲ့ပညာ  နိုင်ငံသားအားလုံး တတ်သွားဖို့  လိုအပ်ပါတယ်။  ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ ဆောင်ရွက် ရခြင်းဖြစ်ပါတယ်။ ခုနပြောခဲ့တဲ့အထဲအပြင် ကင်းလွတ်ခွင့်ရတဲ့လူတွေ  ပုဒ်မ ၂၂ မှာ ကင်းလွတ်ခွင့်ရတဲ့လူတွေ ပြဋ္ဌာန်းထားတာရှိတယ်။  ဥပမာ သာသနာ့ဝန်ထမ်းများသိပြီးပြီ၊ အိမ်ထောင်သည်အမျိုးသမီးများ ဒါတွေပါပါတယ်။ နောက်ပြီးတော့ သီးသန့်ဘုတ်အဖွဲ့ကနေ အမိန့်ထုတ်ပြီးတော့ ကင်းလွတ်ခွင့်ရတဲ့သူ များလည်း ပါသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ယာယီ ခုမိဘပြည်သူတွေ ခဏခဏမေးနေတဲ့ ကျောင်းသားတွေကလည်း အသက်အကျုံးဝင်ရင် စစ်ပညာတာဝန်ထမ်းဆောင်ရမှာလား၊    ဝန်ထမ်းတွေကလည်း တာဝန်ထမ်းဆောင်ရမှာလားဆိုတဲ့ ဟာမျိုးတွေ ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့် ရထားတဲ့သူတွေရှိပါတယ်။ ဒါတွေသည် နိုင်ငံ့ ဝန်ထမ်းတွေ၊   ပညာရေးမပြီးသေးတဲ့    ပညာသင်ကြားနေတဲ့ ကျောင်းသားတွေ  ဒါအခြားပြုစုစောင့်ရှောက်မယ့်  မိအိုဖအိုကို  ပြုစုလုပ်ကျွေးနေတဲ့သူတွေ ဒါတွေပါပြီးသား ဖြစ်ပါတယ်။ သို့သော် သူတို့အနေနဲ့ ခြွင်းချက်က တစ်နေ့နေ့ တစ်ချိန်ချိန်မှာတော့ နိုင်ငံ့ ဝန်ထမ်းတွေအနေနဲ့ သူတို့ရဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး ပညာသင်ကြားမှု ပြီးဆုံးသွားရင်  အချိုးကျ  ဒီနိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်သွားရမှာ   ဖြစ်ပါတယ်။  ဒီဟာနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနကနေပြီး လိုအပ်တဲ့နည်းဥပဒေ တွေ၊  အမိန့်တွေ၊  ကြေညာစာတွေ  ထွက်လာဦးမှာ ဖြစ်ပါတယ်။  ဒီနေရာမှာလည်း ကျွန်တော်တို့က ပြည်သူလူထုရဲ့အကျိုးကို ရှေးရှုပြီး  နံပါတ် ၁ ဆောင်ရွက်မှာဖြစ်သလို နံပါတ် ၂ အနေနဲ့ကတော့ နိုင်ငံတော် ကာကွယ်ရေးပညာရပ်ကို   နိုင်ငံသားအားလုံးက    သိရှိနိုင်အောင်၊ နိုင်ငံသားအားလုံး   တတ်မြောက်အောင်လည်း    ရည်ရွယ်ပြီး ကျွန်တော်တို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ထပ်ပြော ချင်တာက ဒီပြည်ဖျက်မီဒီယာတွေအနေနဲ့က အားလုံးကို သူတို့သိပါ တယ်။ အခုလောလောဆယ် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ တိုင်းရင်းသားနယ်မြေ တွေမှာ မဖြစ်မနေ အသက် ၁၅ နှစ်ကနေပြီး အသက် ၅၀ ကြား  တစ်အိမ်ကို တစ်ယောက်၊ တချို့နေရာတွေမှာ တစ်အိမ်ကိုနှစ်ယောက်  ယောက်ျားကော၊ မိန်းမကောမရွေး အတင်းအကျပ် သောင်းကျန်းသူ အဖွဲ့ထဲ သွင်းနေတာကို မည်သည့်အသံမှ မထွက်ဘဲနဲ့။ အခုဒါနဲ့ ပတ်သက်ပြီးတော့ ဝိုင်းဝန်းအသံထွက်တာကိုလည်း တွေ့ရမှာဖြစ်ပါ တယ်။  ဘာကြောင့်လဲဆိုတော့  ကျွန်တော်တို့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ်ရေးပညာ တတ်သွားမှာ သိပ်စိုးရိမ် တယ်။ ကျွန်တော်တို့နိုင်ငံသူ၊ နိုင်ငံသားတွေ နိုင်ငံတော်ကာကွယ် ထမ်းဆောင်ရင်းနဲ့ စည်းလုံးညီညွတ်မှု ရှိသွားမှာကို သူတို့သိပ်ပြီးစိုးရိမ် တယ်။ ကျွန်တော်တို့ နိုင်ငံသူ၊ နိုင်ငံသားတွေ အမျိုးသားရေးစိတ်ဓာတ်  ရှင်သန်လာမှာကို သူတို့သိပ်ပြီးစိုးရိမ်တယ်။ ဘာ့ကြောင့်စိုးရိမ်လဲဆိုတာ ရှင်းပါတယ်။ တချို့သော တချို့သော EAOs အဖွဲ့အစည်းထဲမှာရှိတဲ့  ကျွန်တော်တို့က တိုင်းရင်းသားလို့ ပြောနေကြတဲ့သူတွေဟာ တိုင်းရင်း သားစိတ်ဓာတ်   ပျောက်နေပါပြီ။   သူတို့ရဲ့ပြုမူပုံ၊   ပြောဆိုပုံ၊ လုပ်ဆောင်ပုံတွေကိုကြည့်ရင်   တိုင်းရင်းသားစိတ်ဓာတ်  ပျောက် နေကြောင်း တွေ့ရမှာဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့   ထောက်ပံ့ပေးထားတဲ့  အဖွဲ့အစည်းတွေ၊ သူတို့ရဲ့နောက်ကွယ်မှာရှိတဲ့ ထောက်ပံ့ပေးထားတဲ့ နိုင်ငံတွေရဲ့အပေါ် မှာ မူတည်ပြီး တိုင်းရင်းသားစိတ်ဓာတ် ပျောက်နေတာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံကို  ကိုယ်စားပြုစစ်ဆင်ရေး  Proxy  War  လုပ်နေတဲ့၊ သူတို့ခံပြီး   Proxy   War   လုပ်နေရင်းကနေပြီး   တိုင်းရင်းသား ပျောက်ကွယ်သွားတာဖြစ်ပါတယ်။   ဒါတွေသည်   တစ်ခါတစ်ရံမှာ နိုင်ငံတော်အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေတွေဖြစ်ပါတယ်။ ဒါတွေအတွက် ကျွန်တော်တို့သည် ရေရှည်မျှော်မှန်းပြီး ဒီအစိုးရ တစ်ဆက်တည်းမဟုတ်ဘူး။ နောင်ဒီမိုကရေစီအစိုးရ အဆက်ဆက် အတွက် ရေရှည်မျှော်မှန်းပြီး ကျွန်တော်တို့ ဆောင်ရွက်ရခြင်းဖြစ်ပါ တယ်။ ဒါတွေကို မြန်မာစိတ်ရှိတဲ့ မြန်မာတိုင်း မိမိကိုယ်ကိုမိမိ We  are Myanmar လို့ ယူဆထားတဲ့၊ မိမိကိုယ်ကိုမိမိ We are Myanmar ဆိုပြီး  မျိုးချစ်စိတ်ရှိတဲ့၊  နိုင်ငံချစ်စိတ်ရှိတဲ့  မိဘပြည်သူတိုင်းက နားလည်သဘောပေါက်ကြဖို့၊ ဝိုင်းဝန်းဆောင်ရွက်ကြဖို့၊ လူငယ်လူရွယ် များ အနေနဲ့လည်း နိုင်ငံတော်ကာကွယ်ရေးပညာဆိုတာသည် နိုင်ငံ သားအားလုံး    တတ်သိထားသင့်တဲ့ပညာဆိုတာကို    လက်ခံ သဘောပေါက်ပြီး နိုင်ငံချစ်စိတ်ရှိကြဖို့ တိုက်တွန်းလိုပါတယ်။ 
ဒါ့အပြင် ဒီနေ့မှာဆိုရင် ကျွန်တော်တို့က အရန်တပ်ဖွဲ့ဥပဒေကို အာဏာတည်စေမှာ ဖြစ်ပါတယ်။ ဒီအရန်တပ်ဖွဲ့ ဥပဒေဟာလည်း ကျွန်တော် ပထမဦးဆုံး ပြောတဲ့အထဲမှာ ပါပြီးဖြစ်ပါတယ်။ ဒီပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့အတူတူ တစ်နေ့တစ်ရက်တည်း  ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ  ဖြစ်ပါတယ်။  ဥပဒေအမှတ် ၂၈/၂၀၁၀ နဲ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေဖြစ်ပါတယ်။ အဲဒီဥပဒေမှာ အဓိကက စစ်မှုထမ်းတွေနဲ့ စစ်မှုထမ်းဟောင်းတွေနဲ့ပဲ သက်ဆိုင် ပါတယ်။    အဓိက    အနှစ်ချုပ်ကတော့    တပ်မတော်ကနေပြီးတော့   နုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့်ရထားတဲ့ နေ့ကနေစပြီး ငါးနှစ်အထိ ထဲမှာ  အကျုံးဝင်တဲ့သူတွေဟာ  အရန်အဖြစ်  အရန်တပ်ဖွဲ့၌ စစ်မှု ထမ်းဆောင်ရန်  တာဝန်ရှိပါတယ်။  ဒီနေရာမှာလည်း  အားလုံး  ကျွန်တော်တို့က  ငါးနှစ်အတွင်းမှာ  အကျုံးဝင်တဲ့သူတွေအားလုံးကို တာဝန်ထမ်းဆောင်ခွင့်ပေးမှာ  မဟုတ်ပါဘူး။  လိုအပ်တဲ့သူတွေ တကယ့်ကို နိုင်ငံတော်အတွက် လိုအပ်တဲ့သူတွေလောက်ပဲ တာဝန် ထမ်းဆောင်ခွင့်ပေးမှာ  ဖြစ်ပါတယ်။  ဒါ့အပြင်  ကျွန်တော်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးလည်း ထပ်ပြီးပြောလိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ဆောင်ရွက်တဲ့နေရာမှာ  အားလုံးခြိမ်းခြောက်ခံ နေရတာက  ဒီနေ့ပဲသေနတ်ကိုင်ပြီး  ဒီနေ့ပဲ   ရှေ့တန်းထွက်ရမလို  ပြောနေကြတယ်။  မဟုတ်ပါဘူး။  ကျွန်တော်တို့  Professional စစ်သားတစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေး  တာဝန် ထမ်းဆောင်တဲ့ သူတွေလို စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေးပညာကို အပြည့်အဝ  သင်ကြားပြီးမှ  တာဝန်ထမ်းဆောင်ရမှာ  ဖြစ်ပါတယ်။  ဒါ့အပြင် စစ်တိုက်ဖို့ တစ်ခုတည်းတင်မဟုတ်ပါဘူး။ ဒီနေ့ခေတ်သစ်  စစ်ပွဲတွေမှာ ယခင်တုန်းက စစ်ဆင်ရေး၊ စစ်ဆင်မှုဆိုတာနဲ့ပတ်သက်ပြီး  အဓိပ္ပာယ်ဖွင့်ရင် စစ်ဆင်ရေး၊ စစ်ဆင်မှုဆိုတာ နှစ်ဖက်လက်နက်   ကိုင် တပ်ဖွဲ့အချင်းချင်း ယှဉ်ပြိုင်တိုက်ခိုက်ခြင်းလို့ ပြောတယ်။ ဒီနေ့  ဒါ့ထက်ကျယ်ပြန့်လာပါတယ်။ 
နိုင်ငံတော်ကာကွယ်ရေးတာဝန်ဆိုတဲ့ နေရာမှာ   လက်နက်ကိုင်ပြီး၊   သေနတ်ကိုင်ပြီး  စစ်တိုက်နေမှ နိုင်ငံတော်ကာကွယ်ရေးတာဝန် မဟုတ်ပါဘူး။ ကွန်ပျူတာ၊ အိုင်တီ ကျွမ်းကျင်တဲ့သူတွေကလည်း မိမိနိုင်ငံကို Cyber တိုက်ခိုက်မှုအတွက်  ကာကွယ်ရမယ့်တာဝန်ရှိတယ်။ စီးပွားရေးအရ ကျွမ်းကျင်တဲ့သူတွေ ကလည်း မိမိနိုင်ငံကို စီးပွားရေး အရ ထိုးနှက်လာတာတွေကို မိမိနိုင်ငံဘက်က မိမိအကျိုးကိုကာကွယ် နိုင်ဖို့အတွက် ဆောင်ရွက်ရမယ့်လုပ်ငန်းတွေရှိတယ်။ ဒါ့ကြောင့်မို့ ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့ အခါမှာလည်း ကျွန်တော်တို့ အနေနဲ့ မိမိရဲ့သက်ဆိုင်တဲ့၊ ကျွမ်းကျင်တဲ့ ပညာရပ်တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့   အခြေခံစစ်ပညာ သင်ကြားပြီး   ဒီတာဝန်တွေကို  ဆက်လက် ထမ်းဆောင်နိုင်ဖို့အတွက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါတွေကို  ပြည်သူလူထုတစ်ရပ်လုံး၊ မိဘပြည်သူအားလုံးက  သိရှိပြီး  လူငယ်အားလုံးက  သိရှိပြီး၊ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးတာဝန်ကို  ကျေပွန်စွာ၊  ဂုဏ်ယူစွာ  ထမ်းဆောင်နိုင်ကြစေဖို့    ဆန္ဒပြုလိုက်ရပါတယ်။   အားလုံးကို ကျေးဇူးတင်ပါတယ်။      ။