၂၀၂၃ ခုနှစ်၊ အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေညာ

 

၁။    သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက  ၂၀၂၃ ခုနှစ်  ဒီဇင်ဘာလတွင် ကျင်းပခဲ့သည့် အဘိဓမ္မာ၊ ဂုဏ်ထူးဆောင်နှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲ အောင်စာရင်းကို ထုတ်ပြန်ကြေညာသည်။ 
    (က)    အဘိဓမ္မာစာမေးပွဲတွင် စာဖြေဌာနပေါင်း (၁၁၂) ဌာနတို့၌ ဖြေဆိုသူ ၁၃၄၀၁ ဦး၊ အောင်မြင်သူ ၁၁၂၉၈ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ ၁၂၉၅ ဦးရှိ၍ ပြည်တွင်း/ပြည်ပ စာဖြေဌာန များအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု) ရရှိသူများမှာ -
    (၁)    ပထမ
        ခုံအမှတ် ဒဂတ-၁၁၈၊ ဒေါ်ကြည်ကြည်မာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) စာဖြေဌာန၊ ရန်ကုန် တိုင်းဒေသကြီး၊
    (၂)    ဒုတိယ
        ခုံအမှတ် တတ-၁၅၊ ဒေါ်သက်ပိုင်စိုး၊ တွံတေးစာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊
    (၃)    တတိယ
        ခုံအမှတ် ထီလာ-၅၆၊ ဒေါ်သန္တာစိုး၊ မိတ္ထီလာစာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီး။
    (ခ)    အဘိဓမ္မာဂုဏ်ထူးဆောင်စာမေးပွဲတွင် စာဖြေဌာနပေါင်း  ၉၃ ဌာနတို့၌ ဖြေဆိုသူ  ၁၈၇၆ဦး၊ အောင်မြင်သူ ၁၅၁၁ ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ ၃၁၅ ဦး ရှိ၍ ပြည်တွင်း/ ပြည်ပ စာဖြေဌာနများအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု) ရရှိသူ များမှာ -
    (၁)    ပထမ
        ခုံအမှတ် လှိုင်-၃၇၊ ဒေါ်မဉ္ဇူစိမ်း၊ လှိုင်စာဖြေဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ 
    (၂)    ဒုတိယ
        ခုံအမှတ် ပူရ-၁၇၊ ဒေါ်မွန်မွန်ရည်၊ အမရပူရစာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီး၊ 
    (၃)    တတိယ
        ခုံအမှတ် ဟပ-၂၊ မသုမနထေရီ၊ ဟိုပင်စာဖြေဌာန၊ ကချင်ပြည်နယ်။
    (ဂ)    ဝိသုဒ္ဓိမဂ်စာမေးပွဲတွင် စာဖြေဌာနပေါင်း  ၈၂ ဌာနတို့၌ ဖြေဆိုသူ ၁၄၈၇ ဦး၊ အောင်မြင်သူ ၁၂၇၉ ဦး၊ နှစ်ချင်းပေါက် သုံးဆင့်လုံးအောင်မြင်သူ  ၁၇၇ ဦးရှိ၍ ပြည်တွင်း/ ပြည်ပ စာဖြေဌာန များအနက် အမှတ်အများဆုံး ပထမ၊ ဒုတိယ၊ တတိယ (ထူးချွန်ဆု) ရရှိသူများမှာ -
    (၁)    ပထမ
        ခုံအမှတ် ဒိုက်-၅၊ ဒေါ်ဟေမာန်ငြိမ်းချမ်း၊ ဒိုက်ဦးစာဖြေဌာန၊ ပဲခူးတိုင်းဒေသကြီး၊ 
    (၂)    ဒုတိယ
        ခုံအမှတ် ခသ-၁၈၊ ဒေါ်အေးအေးသန်း၊ ချမ်းမြသာစည်စာဖြေဌာန၊ မန္တလေးတိုင်း ဒေသကြီး၊ 
    (၃)    တတိယ
        ခုံအမှတ် အမဇ-၂၊ ဒေါ်မိမိရီ၊ အောင်မြေသာစံစာဖြေဌာန၊ မန္တလေးတိုင်းဒေသကြီး။
၂။    အောင်စာရင်းအပြည့်အစုံကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ Website www.mahana.org.mm ၊ သာသနာ‌ရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန Website www.mora.gov.mm နှင့် သာသနာရေးဦးစီးဌာန Website www.dra.gov.mm တို့မှ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။                                                                                               
သာသနာရေးဦးစီးဌာန