သီပေါမြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မပါလစာမေးပွဲ သံဃာတော်အပါး ၈၃၀ ဝင်ရောက်ဖြေဆို

 

သီပေါ   ဖေဖော်ဝါရီ   ၁၃
ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိသဒ္ဓမ္မ ပါလစာမေးပွဲကို ယနေ့နံနက်က ဆင်ကျော့ဘုန်းတော်ကြီးကျောင်း စာဖြေဌာန၌ကျင်းပရာ    မြို့နယ် သံဃနာယက  ဆရာတော် အမှူး ပြုသော သံဃာတော်များကြီးကြပ် မှုဖြင့်   သံဃာတော်  ၅၂၈  ပါး ဝင်‌ရောက်ဖြေဆိုတော်မူသည်။
ပရိယတ္တိသဒ္ဓမ္မပါလ စာမေးပွဲ သို့    မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ   ဘဒ္ဒန္တမိလိန္ဒ   အရှင်သူမြတ် အမှူးပြုသည့်      ကြီးကြပ်ဆရာ တော်များ၊ နာယက ဦးစိုင်းစံတင့်၊ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့     ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း၊   အတွင်းရေးမှူး ဦးစိုင်းစိန်လင်းနှင့်     တာဝန်ရှိသူ များ တက်ရောက်ကြည်ညိုကြပြီး စာဖြေသံဃာတော်များ၏ ဆွမ်း၊ ကွမ်းဝေယျာဝစ္စအတွက် မြို့နယ် ဥပတ္ထမ္ဘကအဖွဲ့က       အလှူငွေ တစ်သိန်းငါးသောင်း     ကျော်ကို ဥက္ကဋ္ဌ ဆရာတော်ထံ လှူဒါန်းကာ ဂုဏ်ပြုအနုမောဒနာ ဂုဏ်ပြုလွှာ ကို ပြန်လည်ပေးအပ်သည်။
အဆိုပါ ပရိယတ္တိသဒ္ဓမ္မပါလ  စာမေးပွဲကို သီပေါမြို့နယ် နမ့်လန် မြို့လယ်ကျောင်းတိုက် စာစစ်ဌာန ၌လည်း ရှင်သာမဏေနှင့် သံဃာ တော်များ ၃၀၂ ပါး ဝင်‌ရောက် ဖြေဆိုတော်မူကြောင်း သိရသည်။
စိုင်း(သီပေါ)