
နေပြည်တော် ဖေဖော်ဝါရီ ၁၀
၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များ ခင်းကျင်း ပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်း ရောင်းချပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တောင်ဘက် တပေါင်းကွင်း၌ ကျင်းပပြုလုပ်ရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေး ဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်သည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့် မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြခန်းတာဝန်ခံ များနှင့် တိုင်းရင်းသားရိုးရာအက အဖွဲ့များ တက်ရောက်ကြသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူး ကြီး စိုးဝင်း၊ ပြည်ထောင်စုဝန်ကြီး များ ဖြစ်ကြသည့် ဦးမောင်မောင် အုန်း၊ ဦးမင်းနောင်၊ ဦးလှမိုး၊ ဒေါက်တာညွန့်ဖေ၊ Jeng Phang နော်တောင်နှင့် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး တို့က အခမ်းအနားကို ဖဲကြိုး ဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနမှ အနုပညာရှင် များ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှ ဝန်ထမ်းများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယိမ်းအဖွဲ့များ၏ “ပြည်ထောင်စုရဲ့ ထာဝရအလှ” တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်အရောင်းပြခန်း များနှင့် ရိုးရာအစားအစာအရောင်း ပြခန်းများကို လိုက်လံကြည့်ရှု အားပေးကြသည်။
ကျင်းပပြုလုပ်
အဆိုပါ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်ပြခန်းများနှင့် ရိုးရာအစားအစာ ပြခန်းများကို နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ်သည့် MSME တန်ဖိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များ အပါအဝင် OROP ထုတ်ကုန်များနှင့် ဒေသ ထုတ်ကုန်များကို ပြည်ပသို့တင်ပို့ နိုင်ရေးနှင့် ဈေးကွက်ရရှိရေး အတွက် တိုင်းရင်းသားလုပ်ငန်းရှင် များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ရန်၊ အရည်အသွေးမြင့် ထုတ်ကုန် များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန် ရရှိရေးအတွက် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသား လုပ်ငန်းရှင်များတွေ့ဆုံ၍ သတင်း အချက်အလက်များ ဖလှယ်ရယူ နိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ်နိုင်ရေး ဆောင်ရွက်ရန်၊ အမျိုးဂုဏ် ဇာတိ ဂုဏ် တိုးတက်မြင့်မားစေရေး ကို အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာ ဒေသအလိုက် ယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ပြသနိုင်သည့် ဒေသ ထွက် ရိုးရာလက်မှုပညာပစ္စည်း များကိုလည်း ခင်းကျင်းပြသနိုင် ရေး ဆောင်ရွက်ရန်၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်များမှ ထုတ်လုပ် ဖြန့်ဖြူးရောင်းချသော ဒေသထွက် ရိုးရာအစားအစာများကို ပြည် ထောင်စု၏ အနှစ်သာရပြည့်စုံစွာ ဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ်ရောင်းချနိုင်ရေး ဆောင် ရွက်ရန် စသည့် ရည်ရွယ်ချက်များ ဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်သည်။
MSME ထုတ်ကုန်အရောင်း ပြခန်းများအနေဖြင့် သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ထုတ်ကုန်အရောင်းပြခန်း၊ စက်မှုဝန်ကြီးဌာန ထုတ်ကုန် အရောင်းပြခန်း၊ နေပြည်တော် ကောင်စီနယ်မြေ ထုတ်ကုန် အရောင်းပြခန်း၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ထုတ်ကုန်အရောင်း ပြခန်း ၁၄ ခန်း၊ မြန်မာစီးပွားရေးကော်ပိုရေးရှင်း(MEC) ထုတ်ကုန် အရောင်းပြခန်း၊ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် ထုတ်ကုန် အရောင်းပြခန်းများအပြင် တိုင်း ရင်းသားရိုးရာ အစားအသောက် အရောင်းဆိုင်ခန်းများ အနေဖြင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ရိုးရာအစားအသောက်ပြခန်း ၁၉ ခန်းတို့ကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ နေ့စဉ်နံနက် ၈ နာရီ မှ ည ၁၀ နာရီထိ ဖျော်ဖြေရေး အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ရောင်းချဖွင့်လှစ် ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်