ရန်ကုန် ဖေဖော်ဝါရီ ၉
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်        ရန်ကုန်တိုင်း ဒေသကြီး         ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ     အလွတ်တန်း အမျိုးသား၊  အမျိုးသမီးဘိလိယက် နှင့် စနူကာဗိုလ်လုပွဲပြိုင်ပွဲများကိုယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ အောင်ဆန်းအားကစား   ပြိုင်ဝင်း မြန်မာနိုင်ငံဘိလိယက်နှင့် စနူကာ အဖွဲ့ချုပ်၌ ကျင်းပသည်။ 
အဆိုပါ   ဗိုလ်လုပွဲပြိုင်ပွဲများ၌ အမျိုးသမီးတစ်ဦးချင်း    9     Ball ပြိုင်ပွဲတွင်  လှိုင်သာယာ(အနောက် ပိုင်း)  အေးမွန်ချစ်က  မင်္ဂလာဒုံမှ စမ်းစမ်းမော်ကို    သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ အမျိုးသားတစ်ဦး ချင်း   ဘိလိယက်ပြိုင်ပွဲတွင်   ဒဂုံ မြို့သစ်(မြောက်ပိုင်း)        မြို့နယ် မှ          မောင်ရှိုင်းလင်းအောင်က မြောက်ဥက္ကလာပ        မြို့နယ်မှ မောင်အောင်မြင့်ကို  သုံးပွဲ -  နှစ်ပွဲ ဖြင့် လည်းကောင်း၊  အမျိုးသား တစ်ဦးချင်း စနူကာပြိုင်ပွဲတွင် ဒဂုံ မြို့သစ်(မြောက်ပိုင်း)    မြို့နယ်မှ မောင်စိုးကိုကိုဝင်းက ဒေါပုံမြို့နယ် မှ    မောင်မောင်အေးကို   သုံးပွဲ- နှစ်ပွဲဖြင့်အနိုင်ရရှိသည်။ ပြိုင်ပွဲ များအပြီး   ဆုပေးပွဲကိုကျင်းပရာ ဘိလိယက်၊    စနူကာပြိုင်ပွဲတွင် ပထမ၊  ဒုတိယ၊  တတိယရရှိကြသောအားကစားသမားများအားရန်ကုန်တိုင်းဒေသကြီး   ဝန်ကြီး များ၊   တိုင်းဒေသကြီးအားကစား နှင့်  ကာယပညာကော်မတီဥက္ကဋ္ဌ၊ ဥပဒေချုပ်၊    အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး      ဘိလိယက်နှင့် စနူကာဆပ်ကော်မတီဥက္ကဋ္ဌတို့ကတစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသား ဆုများချီးမြှင့်ကြသည်။ 
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီး    ဝန်ကြီးချုပ်   ဦးစိုးသိန်းက   အမျိုးသမီးတစ်ဦးချင်း    9 Ball  ပြိုင်ပွဲတွင်      ပထမ၊    ဒုတိယ၊ တတိယ ရရှိကြသော     အားကစား သမားများအား    ဆုတံဆိပ်နှင့်     ငွေသားဆုများကို  လည်းကောင်း၊     ဘိလိယက်နှင့်  စနူကာပြိုင်ပွဲတွင်       တံခွန်စိုက် ဆုဖလားရရှိသွားသော ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အား     ဆုဖလား   ချီးမြှင့်သည်။  ပြိုင်ပွဲသို့      မြို့နယ်ပေါင်း   ၃၉ မြို့နယ်မှ   ဘိလိယက်နှင့်စနူကာ၊ 9 Ball Pool  ကစားသမား၂၀၀ ခန့်       ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။ 
ယင်းပြိုင်ပွဲမှ ဆုရအားကစားသမားများကိုစခန်းသွင်းရွေးချယ် သွားပြီး ဖေဖော်ဝါရီ ၂၄ ရက်မှ မတ် ၁ ရက်အထိ နေပြည်တော်၌ ကျင်းပမည့်    ပြည်နယ်နှင့်  တိုင်း ဒေသကြီးပြိုင်ပွဲအတွက် ရန်ကုန် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုး သား ၁၀ ဦး၊     အမျိုးသမီးနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည်          ဖြစ် ကြောင်း သိရသည်။   
 
အာကာစိုး
      


