
နေပြည်တော် ဖေဖော်ဝါရီ ၉
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ဧရာဝတီတိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်း ဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှင့်အတူ ယနေ့နံနက် ၉ နာရီခွဲတွင် ပုသိမ်မြို့ရှိ ဧရာ ရွှေဝါခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှု ကော်မတီဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီဝင်များနှင့် တွေ့ဆုံသည်။
အချိန်မီပြီးစီးအောင်မြင်ရေး
ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ ဌာနမှတာဝန်ယူ၍ နိုင်ငံအတွင်း နေထိုင်သူအားလုံး အား ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝ ဆိုင်ရာအချက်အလက်(Biometric)ကောက်ယူကာ e-ID Database အတွင်း သိမ်းဆည်းပြီး ဂဏန်း ၁၀ လုံး ပါဝင်သည့် Unique ID နံပါတ်သတ်မှတ်ထုတ်ပေး လျက်ရှိရာ နိုင်ငံသားကတ်ရှိပြီးသူများနှင့် နိုင်ငံသား ကတ်ပြားအသစ် လျှောက်ထားသူများပါ e-ID စနစ် ဖြင့် တစ်ပါတည်း Biographic/ Biometric ကောက်ယူ ခြင်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်လုံး ကျွတ်အဆင့် သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းကိုလည်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကော်မတီအဆင့်ဆင့်က အောင်မြင် စွာကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အားလုံးသည် မဲစာရင်း မှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ရရှိကိုင်ဆောင် မဲပေးနိုင်ရေးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အားလုံးက သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီး အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြ ရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသကြီးအတွင်း မြေပြင်ကွင်းဆင်း စာရင်းကောက်ယူဆောင်ရွက်မှုနှင့် ဗဟိုကော်မတီသို့ သတ်မှတ်စာရင်းဇယားများ ပေးပို့ပြီးစီးမှု၊ ပန်းခင်း စီမံချက်အဆင့်(၃)အတွက် လျာထားချက်များ ပြည့်မီ ပြီးစီးရေးနှင့် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုနှင့် ကော်မတီများအလိုက် လုပ်ငန်းများ အောင်မြင်ရေး အတွက် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများ နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူ
ယင်းနောက် တက်ရောက်လာကြသူများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူမှုနှင့် ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်းလိုက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပုသိမ် မြို့ရှိ မြို့တော်ခန်းမ၌ ပုသိမ်မြို့နယ် ဦးစီးမှူးရုံးဝန်ထမ်း များက မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်အဆင့်(၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ထုတ်ပေးခြင်း၊ e-ID စနစ် အတွက် Biographic/ Biometric ကောက်ယူခြင်း လုပ်ငန်းတို့ကို One Stop Service ဖြင့် ဆောင်ရွက် ပေးနေမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ဒေသခံပြည်သူ များကို လုပ်ငန်းဆိုင်ရာအခက်အခဲများကို မေးမြန်း ဆွေးနွေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးသည်။
နိုင်ငံသားကတ်ထုတ်ပေး
အဆိုပါအခမ်းအနားတွင် ပုသိမ်မြို့နယ်ရှိ ဒေသခံပြည်သူများအနက် နိုင်ငံသားကတ်ပြား မရှိ သေးသူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ထုတ်ပေး ပြီးနောက် e-ID စနစ်အတွက် ကိုယ်ရေးအချက် အလက် (Biographic)နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric)များ ကောက်ယူခြင်းလုပ်ငန်းကို တစ်ပါ တည်းဆောင်ရွက်ပေး၍ နိုင်ငံသားကတ်ရှိပြီးသူများ အား Biographic နှင့် Biometric များ ကောက်ယူကာ e-ID စနစ်အတွက် ဂဏန်း ၁၀ လုံးပါ Unique ID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းကို တစ်နေရာတည်း တွင် တစ်ပါတည်းဆောင်ရွက်ပေးခြင်းဖြစ်ရာ နိုင်ငံသား ကတ်မရှိသေးသူ ၁၅၀ ကို နိုင်ငံသားကတ်ထုတ်ပေးခဲ့ ပြီး နိုင်ငံသားကတ်ရှိပြီးသူ ၁၀၂ ဦးနှင့်အတူ စုစုပေါင်း ၂၅၂ ဦးကို e-ID စနစ်ဆောင်ရွက်ပေးပြီး Unique ID နံပါတ်များ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်