
ရန်ကုန် ဖေဖော်ဝါရီ ၉
မြန်မာ့အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူနှင့် ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများ၊ ကော်မတီဝင်များ၊ ဝန်ထမ်းများနှင့် ရန်ကုန်မြို့ ကမ်းနား လမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး က ကျောက်ဖြူအထူးစီးပွားရေးဇုန် ကို နိုင်ငံတော်အစိုးရအနေဖြင့် မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ အဆိုပါစီမံကိန်းသည် နိုင်ငံအတွက် အရေးပါသည့် စီးပွားရေးဇုန် တစ်ခုဖြစ်ကြောင်း၊ ထို့အတူ ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းသည်လည်း နိုင်ငံတော် အတွက် အရေးကြီးသည့် စီမံကိန်း ဖြစ်ပြီး အဆိုပါစီမံကိန်းအတွင်း ရေနက်ဆိပ်ကမ်းနှင့်အတူ စက်မှု ကုန်ထုတ်လုပ်ငန်းများနှင့် ရေနံ ဓာတုစက်ရုံများ တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အထူး စီးပွားရေးဇုန် စီမံကိန်းနှစ်ခုလုံး တွင် ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေမည့် စက်မှု လုပ်ငန်းများကို ဦးစားပေးအကောင် အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်တင်ပြ
ထို့နောက် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးကျော်ရွှေထွန်းနှင့် အတွင်းရေးမှူး ဒေါက်တာ ကျော်ဆန်းဦးတို့က သက်ဆိုင်ရာ ဇုန်အတွင်း လက်ရှိဆောင်ရွက်နေ မှုအခြေအနေများကို လည်း ကောင်း၊ ထားဝယ်အထူးစီးပွား ရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ၏ အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များနှင့် ဆက်လက်ဆောင်ရွက်မည့် ကိစ္စများကို လည်းကောင်း ရှင်းလင်တင်ပြကြသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက ကျောက်ဖြူနှင့်ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းများ ကို ဆက်လက်အကောင်အထည် ဖော်ရာတွင် သက်ဆိုင်ရာဇုန် အလိုက် တာဝန်ထမ်းဆောင်လျက် ရှိသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများ အောင်မြင်စေရေး အတွက် ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများ၊ စီမံကိန်း အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီး မှုများကို ပြန်လည်သုံးသပ်ရန်နှင့် သုံးသပ်ချက်များအပေါ် လိုအပ် သလို ပြင်ဆင်ဆောင်ရွက်ရန် ကိစ္စများကို ဆွေးနွေးမှာကြားကာ တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။
သတင်းစဉ်