
နေပြည်တော် ဖေဖော်ဝါရီ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာန နာယက၊ နိုင်ငံတော်သြဝါဒါစရိယ ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက) သက်တော် (၉၆) နှစ်၊ သိက္ခာ (၇၇)ဝါရှိ မဟာထေရ်မြတ်ကြီးသည် ၁၃၈၅ ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်၊ ၈-၂-၂၀၂၄ ရက် နံနက် ၀၀ : ၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။
သတင်းစဉ်