သတိပေးနှိုးဆော်ချက်

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် ညစာစားပွဲ အခမ်းအနားအား နေပြည်တော်၊ မြို့တော်ခန်းမရင်ပြင်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် (ဝတ်စုံပြည့်) အစမ်းလေ့ကျင့် မည့် ၁၀-၂-၂၀၂၄ ရက်နေ့နှင့် အခမ်းအနားကျင်းပပြုလုပ်မည့် ၁၂-၂-၂၀၂၄ ရက်နေ့တို့တွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ သပြေကုန်းဈေးထောင့် လမ်းဆုံမီးပွိုင့်အထိ ခေတ္တလမ်းပိတ်/ လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါ၍ ယာဉ်အသုံးပြုသွားလာသူ များအနေဖြင့် ၎င်းနေ့ရက်များတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား - တောင်ညိုလမ်းပေါ်ရှိ စည်ပင်ဧည့်ရိပ်သာမီးပွိုင့်မှ တော်ဝင်ရတနာလမ်းအတိုင်း ရွှေကြာပင်မီးပွိုင့်ဘက်သို့ လည်းကောင်း၊ သပြေကုန်းဈေးထောင့်လမ်းဆုံမီးပွိုင့်မှ ပိတောက်လမ်းအတိုင်း ဧရာဝတီလမ်းဘက်သို့လည်းကောင်း လမ်းလွှဲမောင်းနှင်ပေးကြပါရန် သတိပေးနှိုးဆော်အပ်ပါသည်။
                                     

နေပြည်တော်ယာဉ်စည်းကမ်းထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ