နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဖေဖော်ဝါရီ   ၈


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ နဂါး နှစ်ကောင်ကျောင်းတိုက်ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည်  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် (ကြာသပတေးနေ့)  ၀၀၀၂ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သည်။


ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလာပ်တော် အား နဂါးနှစ်ကောင်ကျောင်းတိုက်၌ ပူဇော်ထားရှိရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး     ဒေါ်ကြူကြူလှတို့သည်      ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ  ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်    ဇနီးများ၊    တြိဂံဒေသတိုင်း စစ်ဌာနချုပ်   တိုင်းမှူးနှင့်  တာဝန်ရှိသူများလိုက်ပါ ၍     ယနေ့မွန်းလွဲပိုင်းတွင်     သွားရောက်ဖူးမြော် ကြည်ညိုသည်။


ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင် များသည်    နဂါးနှစ်ကောင်ကျောင်းတိုက်     ပဓာန နာယကဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော် အား ဖူးမြော်ကြည်ညိုကြသည်။ ထို့နောက် ဆရာ တော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယက အဖွဲ့တွင်ပါဝင်သည့်     သီလဓမ္မကုန်းသာ     တောရ ကျောင်းတိုက်     ဦးစီးပဓာနနာယက      (ဝစီပိတ်) ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြုသည့် ဆရာ တော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး  ဆရာတော် ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်း အနားပြုလုပ်မည့်  အခြေအနေများကို လျှောက်ထား ဆွေးနွေး၍   ဆရာတော်ကြီးသည်   နိုင်ငံ့ဦးသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့်  အန္တိမ အဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားအား စည်ကား သိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပ နိုင်ရေး၊  ရပ်ဝေးမှ  လာရောက်သည့်  ဆရာတော်၊   သံဃာတော်များ၊  သာသနာ့နွယ်ဝင်သီလရှင်များနှင့် အများပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင် ရေးနှင့်  စားသောက်ရေးတို့  အဆင်ပြေချောမွေ့မှု ရှိစေရေး၊ သောက်သုံးရေများ  လုံလောက်စွာရရှိရေး နှင့် အခြားလိုအပ်သည်များအား တာဝန်ရှိသူများကို မှာကြားသည်။


ငါးပါးသီလခံယူဆောက်တည်


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်  ဇနီး  တို့သည်   ဝစီပိတ်ဆရာတော်ကြီးထံမှ  ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော်များ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြသည့် မေတ္တသုတ်ပရိတ်တရား တော်များ နာယူကြည်ညိုကြသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး တို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်    အခမ်းအနား     ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းသည်။ 


ရေစက်သွန်းချအမျှပေးဝေ


ဆက်လက်၍        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့် ဇနီး၊ အဖွဲ့ဝင်များသည် တာချီလိတ်မြို့ မဟာ ဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက်    မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တဉာဏသီရိထံမှ အနုမောဒနာ တရား    နာယူကြပြီး     လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန  နာယက   ဆရာတော်ကြီး၏     ဥတုဇရုပ်ကလာပ် တော်အား ဖူးမြော်ကြည်ညိုခဲ့ကြသည်။


စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့


အဆိုပါ    နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန  နာယကဆရာတော်ကြီး အလောင်းလျာကို  ကောဇာ သက္ကရာဇ် ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော်  ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင်းတို့က ရှမ်းပြည်နယ် (အရှေ့ ပိုင်း)  ကျိုင်းတုံမြို့ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး  ၁၂၉၉ ခုနှစ် တပေါင်းလပြည့်နေ့တွင် ကျိုင်းတုံမြို့  ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီ ကို   ဥပဇ္ဈာယ်ပြု၍   ရှင်သာမဏေအဖြစ်သို့လည်း ကောင်း၊ ၁၃၁၀ ပြည့်နှစ် ကဆုန်လဆန်း ၁၃ ရက်နေ့ တွင် မြင့်မြတ်သော   ရဟန်းအဖြစ်သို့   လည်းကောင်း အသီးသီးရောက်ရှိတော်မူခဲ့ကြောင်း၊      သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံ ပညာမူလတန်းပညာသင်ယူတော်မူခဲ့ပြီး ကျိုင်းယင်း ကျောင်းတိုက်   ဆရာတော်ထံတွင်   ပရိယတ္တိစာပေ များကို    ဂုံရှမ်းဘာသာဖြင့်      မူလဓမ္မာစရိယတန်း အောင်မြင်သည်အထိ ပညာသင်ယူဆည်းပူးတော်မူ ခဲ့ကာ ၁၃၂၀ ပြည့်နှစ်တွင်  မူလဓမ္မာစရိယကို  ဂုံရှမ်း ဘာသာဖြင့် အောင်မြင်တော်မူခဲ့ကြောင်း၊ ဆရာတော် ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိ စာသင်တိုက်ကို စတင်ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိ စာသင်တိုက်ခွဲ  လေးခုကို  ဖွင့်လှစ်ထူထောင်ထားရှိ ကြောင်း၊    စာသင်တိုက်များ၌    ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း   ဂုံရှမ်းဘာသာဖြင့်   အခြေပြ    မူလတန်း၊ အငယ်တန်း၊   အလတ်တန်း၊    အကြီးတန်းများကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ်  ၅၀ တိုင် ကျင်းပပေးခဲ့ကြောင်း၊ ၁၃၅၅ ခုနှစ်မှစတင်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ်  ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့ ရွှေတိဂုံစေတီတော် ရင်ပြင်တွင် စိုက်ထူတည်ထား ကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊   ထို့အပြင်    တာချီလိတ်မြို့  အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက်  မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ် ၍ လိုအပ်သောထောက်ပံ့မှုများ ဆောင်ရွက်ပေးခြင်း၊  ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့်  ကျန်းမာရေးအထောက်အကူပြု အဆောက်အဦများ ဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့်သာသနာပြု လုပ်ငန်းများနှင့်      လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့ကြောင်း၊ ဆရာ တော်ကြီး၏    သက်တမ်းတစ်လျှောက်     ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်း များ စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူခဲ့မှုများကြောင့် နိုင်ငံတော်မှ   ၁၉၉၂  ခုနှစ်တွင်  အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ   ဘွဲ့တံဆိပ်တော်၊  ၂၀၀၅  ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင်  အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ် တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း         ဆက်ကပ်ခံခဲ့ရ ကြောင်း၊   ဆရာတော်ကြီးသည်  သက်တော်   ၉၆၊  ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန် တော်မူခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်