AA အဖွဲ့ လုပ်ဆောင်နေသည့် တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်၍ ထွက်ဆိုချက်များ

 

နိုင်ငံတော်အစိုးရအနေဖြင့်  တရားဥပဒေစိုးမိုးရေး၊  တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ဘက်ပေါင်းစုံမှ  ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။  ထိုသို့ဆောင်ရွက်နေသော်လည်း AA အကြမ်းဖက်အဖွဲ့အနေဖြင့် မျိုးဆက်သစ်လူငယ်များအပါအဝင် လူသားမျိုးနွယ်စုတစ်စုလုံးကို အန္တရာယ်ဖြစ်စေသည့် မူးယစ်ဆေးဝါးကို ရခိုင်ပြည်နယ်နှင့် နိုင်ငံတကာသို့ ရောင်းဝယ်ဖြန့်ဖြူးနေမှုများကို မိဘပြည်သူများသိရှိစေရန် တင်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ AA အကြမ်းဖက်အဖွဲ့မှ ၎င်းတို့၏ လူ/လက်နက်၊ ရိက္ခာနှင့် စက်သုံးဆီများ ဝယ်ယူဖြည့်တင်းနိုင်ရေးနှင့် ၎င်းတို့၏ကိုယ်ကျိုးစီးပွားများအတွက် တရားမဝင်ဘင်္ဂါလီခိုးဝင်မှုများကို ဥပဒေနှင့်မညီဘဲ အခကြေးငွေရယူကာ ဆောင်ရွက်လာခဲ့ကြပါသည်။ ယခုလို ဘင်္ဂါလီခိုးဝင်မှုများကို AA အဖွဲ့မှ ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်၏စေခိုင်းမှုဖြင့် ဘင်္ဂါလီပွဲစားများနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့သူ၊ AA အဖွဲ့တွင် ရိက္ခာနှင့် စက်သုံးဆီများပို့ရန် သင်္ဘောဝယ်ယူခဲ့သူ၊ ကိုယ်တိုင်ရိက္ခာများ ဝယ်ပို့ခဲ့သူ ဇော်မင်းထွန်း (ခ) စိုးမိုးလင်း (ခ) ကိုညီ (ဘ) ဦးကျော်သန်းမြင့်နှင့် သာလီစွမုန့်တီဆိုင်ပိုင်ရှင် အနုပညာရှင် ရခိုင်အဆိုတော် လှမောင်သိန်း (ခ) ဘိုဝိုင်း (ဘ) ဦးကျော်လှတို့၏ ဝန်ခံထွက်ဆိုချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ရပါသည်-
 

ဇော်မင်းထွန်း(ခ) စိုးမိုးလင်း (ခ) ကိုညီ (ဘ) 
ဦးကျော်သန်းမြင့်၏ ဝန်ခံထွက်ဆိုချက်
ကျွန်တော့်ကို ရသေ့တောင်မြို့နယ်က မဆဲကန်းမြို့က  ကိုထွန်းက   မိတ်ဆက် ပေးပါတယ်။ စစ်တွေက ကိုကျော်နိုင်နဲ့ သိတယ်။ ကိုကျော်နိုင်က  တစ်ခါထပ်ပြီး  မိတ်ဆက်ပေးလို့ AA အကြမ်းဖက်အဖွဲ့က ကိုနေမိုးအောင်နဲ့သိပါတယ်။  ကိုရင်  (ခ) ကိုမျိုးကိုကို ကိုသိတာ စစ်တွေက ကိုနေမိုး အောင်   မိတ်ဆက်ပေးလို့    သိတာပါ။ သူက  စစ်တွေ၊   မြောက်ဦး၊   ပေါက်တော ဘက်မှာ နေပါတယ်။ ပုစွန်ကန်တွေ၊ ငါးဖမ်း သင်္ဘော သုံးစင်းရှိပါတယ်။  အဲဒီသင်္ဘော  သုံးစင်းက    ရွှေသဇင်၊    လမင်းမေတ္တာ၊ တတိုင်းရဖြစ်ပါတယ်။ အဲ့ဒါ ၂၀၂၃ ခုနှစ် ၁၁ လပိုင်းမှာ  AA အကြမ်းဖက်အတွက် စက်သုံးဆီတွေ   တင်လာရာမှာ   အဖမ်း ခံရပါတယ်။  အဲဒီသင်္ဘောတွေကို  ဦးစီး စောင့်ရှောက်ဖို့အတွက်၊  ကျွန်တော့်ကို လုပ်ကိုင်ဖို့အတွက်၊ ဦးစီးဦးဆောင်လုပ်ဖို့ အတွက်    ကျွန်တော့်ကို   ကိုမျိုးကိုကိုက    ခိုင်းထားပါတယ်။ ရွှေသဇင်သင်္ဘောကို     သိန်းနှစ်ထောင့်   သုံးရာနဲ့   ဝယ်ထားပါ တယ်။ တတိုင်းရက သိန်းငါးရာပါ၊ လမင်း မေတ္တာက သိန်းလေးရာပါ၊ အဲဒီသင်္ဘော တွေမှာ   စာချုပ်မှာ   လက်မှတ်ရေးထိုး ရာကတော့ သူတို့မလာတော့ ကျွန်တော် ကိုယ်တိုင်    လက်မှတ်ထိုးလိုက်ပါတယ်။ အရောင်းအဝယ်စာချုပ်မှာ။ ကိုရင် (ခ) ကိုမျိုးကိုကို   သူက AA က  ဗိုလ်မှူးကြီး   အဆင့်ရှိသူ  ကိုမင်းခန့်နဲ့ သိပြီးတော့  AA အဖွဲ့အတွက် စက်သုံးဆီတွေ၊ ရိက္ခာတွေ အကုန်လုံး      သူကထောက်ပံ့ပေးတယ်။    ကျွန်တော့်ကို   ကိုမျိုးကိုကို     မိတ်ဆက် ပေးတာက AA က ဗိုလ်မှူးကြီးအဆင့်ရှိ မင်းခန့်နဲ့   မိတ်ဆက်ပေးတယ်။    သူက တော့     ရသေ့တောင်၊     ကျောက်တော်၊ မြောက်ဦးဘက်မှာ      လှုပ်ရှားနေတယ်လို့ ပြောပါတယ်။     အဲဒီတော့    ကျွန်တော်နဲ့ မြောက်ဦးမှာ      တစ်ခါ      တွေ့ပါတယ်။ နောက်ပိုင်းက ကျွန်တော်နဲ့ တယ်လီဂရမ် မှာ   အဆက်အသွယ်ရှိပါတယ်။    ရသေ့ တောင်မြို့နယ်၊ အုတ်ဖိုရွာတစ်မိုင်ခန့် အကွာ အဲဒီမှာ AA စခန်း အဲဒီမှာကျွန်တော် က   ကိုရင် (ခ) ကိုမျိုးကိုကိုက   ပြောလို့ ကိုမင်းခန့်နဲ့   သွားတွေ့ပါတယ်။  ဘင်္ဂါလီ ကိစ္စကို အခွန်ကောက်ဖို့ ကိစ္စအကြောင်း  သွားတွေ့ပါတယ်။       ကျောက်တော်က ဇီးချောင်းဆည် AA က သိမ်းထားတယ်လို့  ပြောပါတယ်။     အဲဒီမှာ      ကိုမျိုးကိုကိုက ကျွန်တော့်ကို    ခေါ်တွေ့ပါတယ်။      လူ ၄၊ ၅  ယောက်လောက် ရှိပါတယ်။ ဘင်္ဂါလီ အကြောင်း အလုပ်ကိစ္စဆွေးနွေးပြီးတာနဲ့  အဲဒီမှာ ကိုမျိုးကိုကိုက အဲကနေ ပြန်လွှတ် လိုက်ပါတယ်။ AA က ဗိုလ်မှူးကြီးအဆင့်ရှိ  ကိုမင်းခန့်က ကျွန်တော့်ကို ဘာခိုင်းထား လဲဆိုတော့ ဒီအခွန်မဆောင်တဲ့ ဘင်္ဂါလီ တွေ၊ ခိုးဝင်တဲ့ ဘင်္ဂါလီတွေ၊ အခွန်မဆောင် တဲ့ ငါးဖမ်းလှေတွေ၊ AA ကထွက်ပြေးတဲ့  စစ်ပြေးတွေ အဲ့ဒါတွေကို ကျွန်တော့်ကို တယ်လီဂရမ်ကနေပြီးတော့   သတင်းပို့ ခိုင်းပါတယ်။  ကျွန်တော်  မောင်တောက Hamidula, Abdu Zawle Nawziamauk  တို့နဲ့ AA အကြမ်းဖက်အဖွဲ့နဲ့ ကိုနေမိုး အောင်တို့နဲ့ တရားမဝင်ဘင်္ဂါလီ ၄ ကြိမ် ခိုးသွင်းခဲ့ပါတယ်။      ဘင်္ဂါလီပွဲစားတွေ  ပြောကြားချက်အရ ခိုးဝင်ဘင်္ဂါလီတွေက  ဒီ   AA  အဖွဲ့တွေကို    တစ်ယောက်ကို နှစ်သိန်းဆီ     အခွန်ဆောင်ရပါတယ်။ တစ်လကို နှစ်ကြိမ်ဝင်ပါတယ်။ တစ်ကြိမ်  မှာတော့ ၇၀ ကနေ ၁၀၀ တန်းရှိပါတယ်။  ပြီးရင် ဘင်္ဂါလီပွဲစားတွေပို့တဲ့ စက်လှေက တစ်ယောက်ကို   ၇  သိန်း     ရပါတယ်။ ဘင်္ဂါလီပွဲစားတွေကတော့ တစ်ယောက် ကို သိန်းနှစ်ဆယ်ရပါတယ်။ အဲဒီကနေပြီး  ရေး၊ မော်လမြိုင်ဘက်သွား၊ ရေး၊မော်လမြိုင် ဘက်ကနေ ထိုင်း၊ မလေးရှားသွားပါတယ်။ AA   အဖွဲ့အနေနဲ့  တစ်ရာသီကို   ငါးဖမ်း သင်္ဘောတစ်စင်းကို ဆယ်သိန်းစီနဲ့အခွန်  ကောက်ပါတယ်။ ကိုရင်(ခ) ကိုမျိုးကိုကို  က   ဒီသင်္ဘောတွေပေါ်မှာ   ဂြိုဟ်တုဖုန်း သုံးလုံး    ဝယ်ထည့်ပေး   လိုက်ပါတယ်။ ဂြိုဟ်တုဖုန်းတစ်လုံးက သိန်းလေးဆယ် ကျပါတယ်။ ပြီးရင် Radar ဝယ်ဖို့ ပြောပါ တယ်၊ Radar က တစ်လုံးကို သိန်းသုံးရာ လောက်ကျတယ်ဆိုတော့  မဝယ်ဖြစ်ပါ ဘူး။ အက္ခရာဆိုတာကတော့ ၂၀၂၃ ခုနှစ် မှာ  ကိုမျိုးကိုကို   မိတ်ဆက်ပေးထားလို့ သူက စစ်တွေရောက်ဆိုတော့ အက္ခရာက စက်ပစ္စည်းတွေ၊ အင်ဂျင်ဝိုင်တွေ ဝယ်ပေး ပါတယ်။  ငွေကတော့ Kpay တို့ Wave money တို့ကနေပြီးတော့ သူ့ကို လွှဲပေး ရပါတယ်။ ကျွန်တော်ရန်ကုန်ရောက်တော့ အဲဒီမှာ ကိုမျိုးကိုကိုတို့၊ ကိုမင်းခန့်တို့က ရခိုင်ဆင်းလာဖို့ ခေါ်ပါတယ်။ အဲဒီအချိန် မှာ ကျွန်တော့်မိန်းမက မှတ်ပုံတင်မရှိလို့ မှတ်ပုံတင်အတု လုပ်ပါတယ်။ မှတ်ပုံတင် အတုလုပ်ပြီးတော့  အိမ့်သူလင်း နာမည် နဲ့   ၈၀၀၀၀ ကျပါတယ်။  ၈၀၀၀၀ ကျတာ ကို  တစ်သိန်းပေးလိုက်ပါတယ်။ နောက် တစ်ရက်ဆိုရင်        ကျွန်တော်ကနေပြီး    သွားယူပါတယ်။   ဘိုဘိုဝင်း   သာလီစွ မုန့်တီဆိုင်မှာ သွားယူပါတယ်။ သွားယူပြီး တော့  ကျွန်တော့်   မိန်းမကနေပြီးတော့     မန္တလေးဘက်  သွားတယ်။    ကျွန်တော် ကနေပြီး    ရခိုင်ကို    တောလမ်းကနေပြီး သွားပါတယ်။   ဒီဇင်ဘာလ   ၂၉   ရက်နေ့    ကျွန်တော့်ကို အဲဒီမှာ ကိုရင် (ခ) ကိုမျိုး ကိုကိုကနေပြီးတော့ ဒီဘိုဝင်းဆီမှာ ကား လက်မှတ်ယူပြီးတော့ ကျွန်တော့်ကို ရွှေပွင့် ဖြူကားနဲ့    လိုက်ခိုင်းပါတယ်။      လိုက် ခိုင်းပြီးတော့ မင်းဘူးမရောက်ခင် ၅ မိုင် ကနေပြီးဆင်းလို့  ပြောပါတယ်။  အဲဒီမှာ ကိုဇော်မိုးနဲ့ အဘစံနဲ့ ဆက်သွယ်ရမယ်လို့  ပြောပါတယ်။ အဲဒီမှာ ကျွန်တော် လမ်းမှာ အဖမ်းခံရပါတယ်။    ခိုးဝင်ဘင်္ဂါလီဆီက ကောက်တဲ့    ပိုက်ဆံနဲ့    စက်သုံးဆီတွေ၊ ရိက္ခာတွေကို AA အဖွဲ့အတွက် ဝယ်ပေး ရပါတယ်။ ကျွန်တော်တို့ကဝယ်ပြီး ကိုနေမိုး အောင်ကို  အပ်ပေးရပါတယ်။ ကိုနေမိုး အောင်နဲ့ ဗိုလ်မှူးကြီးမင်းခန့်တို့ကပဲ စီစဉ် ပါတယ်။ ကျွန်တော် အခုရခိုင်ကို ရန်ကုန် ကနေပြီး     ပြန်လာတာလည်း   မပြန်ရင် ကျွန်တော် အသတ်ခံရမှာစိုးလို့၊ ကျွန်တော့် အမေဟိုမှာရှိတယ်၊ အသက်၇၀ ကျော်ပြီ  အသတ်ခံရမှာစိုးလို့ အဲဒါကြောင့် ဒီကား လက်မှတ်နဲ့ပြန်ရင်   ကျွန်တော်  အဖမ်းခံ ရမယ်ဆိုတာ      ကျွန်တော်       သိတယ်။ ဒါပေမယ့်လည်း     အသတ်ခံရမှာစိုးလို့ ကျွန်တော်ပြန်တယ်။ ရန်ကုန်မှာကျွန်တော် ကောင်းကောင်းမွန်မွန် လုပ်ကိုင်စားသောက် ချင်တယ်။ အဲဒီမှာ ကျွန်တော့် မိန်းမက လည်း    ကျွန်တော်နဲ့   မပေါင်းဘူးဆိုပြီး တော့ သူမန္တလေးဘက် ထွက်သွားလိုက် တယ်။    နှစ်ရက်    သုံးရက်     ကျွန်တော် ဖျားတယ်။   ကျွန်တော်    မသွားဘူးလို့     ကျွန်တော် တွေးတယ်။ လွမ်းလို့   အိပ်မက် တွေ မက်တယ်။      
ကျွန်တော့်အမေနဲ့ တွေ့ရမယ်ဆိုပြီးတော့         ကျွန်တော့်ကြောင့်    မိသားစုတွေ     ဒုက္ခ ရောက်တော့မယ်ဆိုတာ သိတယ်။   မထူး ဘူးလို့၊     မိန်းမ   နင်နဲ့   မပေါင်းဘူးတဲ့၊ မိန်းမကတော့ ထားလိုက်တော့ အမေက  ကျွန်တော်    ဆေးဖိုးဝါးခ      ပေးနေရတာ တစ်လကို ၁၅ သိန်းလောက် ကုန်တယ်။  အဲ့ဒါနဲ့  ကျွန်တော်သွားတာ၊  ဒါပေမယ့်    ခိုင်းတာတော့ခိုင်းပြီးတော့ ကျွန်တော့်ကို တစ်ယောက်မှ တာဝန်ယူမယ့်သူ မရှိဘူး လေ။ တာဝန်မယူတဲ့အခါကျတော့  အဲဒီ ခုံနံပါတ်ကို  ဒီကားတစ်စီးလုံးမှာ ကျွန်တော် တစ်ယောက်တည်းပါတာ၊ တိတိကျကျ       အဖမ်းခံရတယ် ကျွန်တော့်ကို။ သူတို့ခိုင်း လို့ ကျွန်တော် ကြောက်လို့လုပ်ရတာပါ။    အခုကျတော့      ဒီဟာလုပ်တာတွေကို ကျွန်တော် နောင်တရပါပြီ။ ကျွန်တော့်     အမေနဲ့လည်း  ကျွန်တော် ပြန်တွေ့ချင်ပါ တယ်။ ကျွန်တော် နောက်မလုပ်တော့ပါဘူး။   
သာလီစွ မုန့်တီဆိုင်ပိုင်ရှင် 
အနုပညာရှင် ရခိုင်အဆိုတော် 
လှမောင်သိန်း(ခ)ဘိုဝိုင်း (ဘ)ဦးကျော်လှ
၂၀၁၅    ခုနှစ်မှာ ဒီ အနုပညာလုပ်ငန်းထဲ  စတင်ရောက်လာပြီးတော့  ၂၀၁၆  မှာပဲ  ကျွန်တော် တေးစီးရီး အယ်လ်ဘမ်တစ်ခွေ “ကြောက်စိတ်ဖယ်ထား ရခိုင်သား” ဆိုတဲ့ တေးစီးရီးတစ်ခွေ ထုတ်ခဲ့ပါတယ်ခင်ဗျ။ ၂၀၁၉  ခုနှစ်  မတ်လထဲမှာ  ဒီ  AA အဖွဲ့ က   ဗိုလ်ကြီးအဆင့်ရှိတဲ့ ကိုဇော်မင်းဦး ထူထောင်ထားတဲ့  စတိတ်ရှိုးမှာ သီချင်း လေးခါဆိုဖူးပါတယ်။ အဲဒီလေးခါဆိုဖူးတဲ့ အထဲမှာ ဒီနောက်ဆုံးသီချင်းဆိုတဲ့နေ့ မနက် မိုးလင်းတာနဲ့      ကျွန်တော်     စစ်တွေက ကိုယ့်အိမ်ကိုပြန်တဲ့အခါ     သူ့မှာအလုပ် သမားတစ်ယောက်နဲ့       ကျောပိုးအိတ် တစ်လုံးနဲ့ ကျွန်တော်နဲ့ ပုဏ္ဏားကျွန်းကို လမ်းကြုံထည့်ပေးလိုက်ပါတယ်။ ဈေးထဲ ကိုရောက်တော့     အဲဒီမှာလူတစ်ယောက် လမ်းကို   ထွက်ပြီး     စောင့်နေပါတယ်။ အဲဒီအထုပ်ကို      သူ့ကိုပေးထားခဲ့လိုက်ပါ တယ်။ လိုက်လာတဲ့ ညီလေးကိုကျတော့  အဲဒီနားမှာ ကျွန်တော်ထားခဲ့လိုက်ပါတယ်။  အဲဒီမှာ  နောက်တစ်ခါ  ကျွန်တော်ပြန်ပြီး တော့  အဲဒီဘက်သွားရင်းနဲ့   အဲဒီညီလေးနဲ့ ကျွန်တော်တို့    တွေ့ကြတယ်။        သူ့ကို မေးကြည့်တယ်   “ညီလေး     ဟိုတစ်ခါ တုန်းကပေးလိုက်တဲ့    အထုပ်ကဘာလဲ တိပ်အဝါလေးနဲ့ပတ်ထားတဲ့အရာ၊ အဲဒီ ထဲမှာ    မူးယစ်ဆေးဝါးလို့      သူပြောပါ တယ်။” အဲဒီအခါကျမှ ကျွန်တော်က သိခဲ့ ရတာပါ။ ၂၀၂၂ ခုနှစ် ၁၀ လပိုင်းထဲမှာ AA တပ်ဖွဲ့မှ တာဝန်ရပ်စဲခံထားရတဲ့ ဗိုလ်ကြီး အဆင့်ရှိ      ကိုဇော်မင်းဦးနဲ့    ကျွန်တော် အဆက်အသွယ်   ကြားထဲမှာ   ပြတ်ခဲ့ပါ တယ်။ လုံးဝအဆက်အသွယ်မရခဲ့ပါဘူး။  ပြီးတော့မှ   ၂၀၂၂  ခုနှစ်  ၁၁  လပိုင်းမှာ ကျွန်တော် အဆက်အသွယ် ပြန်လည်ရခဲ့ ပါတယ်။ ထီးချိုင့်ဘက် ရောက်နေတယ်။ မင်းငါ့ဆီကိုလာပြီး အသိတစ်ယောက်ဆီ  မင်းဝက်မွေးမြူရေးသင်တန်းတက်ပါလား ဆိုပြီး  ကျွန်တော့်ကို  ခေါ်ပါတယ်။ သူ့ဆီ ကို တက်သွားရပါတယ်။ အဲဒီမှာ အဲဒီဝက် ဆရာဆီမှာ ကျွန်တော် တစ်လကျော် နှစ်လ နီးနီးလောက် ဝက်ပညာတွေသင်ပြီးတော့  ကျွန်တော်ပြန်လာခဲ့ပါတယ်။ အဲဒီအချိန် မှာ ကျွန်တော်သိလိုက်ရတာက AA အဖွဲ့ က ဗိုလ်ကြီးအဆင့်ရှိ ကိုဇော်မင်းဦး AA အဖွဲ့မှာပြန်ပြီး အလုပ်ပြန်လုပ်နေတာကို ကျွန်တော်သိခဲ့ရပါတယ်။    ၂၀၂၃   ခုနှစ် ၂ လပိုင်းထဲမှာ AA အဖွဲ့က ကိုဇော်မင်းဦး က မန္တလေးမှာ တစ်လကို အိမ်တစ်အိမ်  ၂    သိန်းခွဲနှုန်းနဲ့   ငှားပြီး   ကျွန်တော့်ကို ထားခဲ့ပါတယ်။ လိုအပ်တဲ့ ကားပစ္စည်းတွေ ဝယ်ဖို့   ကျွန်တော့်ကို    အိမ်ငှားခိုင်းလို့ အိမ်ငှားပေးခဲ့ပါတယ်။ ကျွန်တော်မန္တလေး မှာနေတုန်းက  ဒီ  AA  အဖွဲ့က  ဗိုလ်ကြီး အဆင့်ရှိတဲ့ ကိုဇော်မင်းဦးကို ကျွန်တော်  ကားပစ္စည်းတွေ လေးခါလောက် ကျွန်တော် ပို့ပေးခဲ့ပါတယ်။    ပြီးတော့     စာအုပ်တွေ တစ်ကြိမ်    ကျွန်တော်   ပို့ပေးခဲ့ပါတယ်။ ပြီးတော့      ကျွန်တော့်ကို     ပြောတာက နောက်ဆိုရင် ဒီအရေးကြီးတဲ့ပစ္စည်းတွေ ကို    ပို့ရမယ်ဆိုပြီးတော့      ကျွန်တော့်ကို အမှားအယွင်းဖြစ်လို့မရဘူး ပို့ပေးရမယ်၊  အဲဒီလိုဟာတွေ ပြောလာတာတွေရှိပါတယ်။ ဒီ AA အဖွဲ့က ဗိုလ်ကြီးအဆင့်ရှိ ကိုဇော် မင်းဦးနဲ့  ကျွန်တော်က အပြောအဆိုတွေ အဆင်မပြေတော့လို့      ကျွန်တော်က ချက်ချင်းပဲ  ကျွန်တော်ရခိုင်ကို ပြန်သွား ပါတယ်။    ပြီးတော့    ရခိုင်အဆိုတော် မယုယုလှိုင်နဲ့   ပျဉ်းမနားမှာ   မုန့်တီဆိုင် ဖွင့်ဆိုပြီးတော့   မိသားစုနဲ့   ပျဉ်းမနားကို ပြောင်းခဲ့ကြပါတယ်။           ပျဉ်းမနားမှာ သာလီစွဆိုတဲ့ မုန့်တီဆိုင်ဆိုပြီး သုံးလ ဖွင့်ခဲ့ပါတယ်။ ပြီးမှ ၈ လပိုင်း ကျွန်တော်တို့  ရန်ကုန်ကိုရောက်ပါတယ်။ ရန်ကုန်မှာက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မြို့နယ် ၃၁ လမ်းထိပ် သာလီစွမုန့်တီ ဆိုင်ဆိုပြီးတော့  ဖွင့်ပါတယ်။  ဒီ  ၂၀၂၃  ခုနှစ် ၁၁ လပိုင်းမှာ ဒီရန်ကုန်ကနေပြီးတော့  ရခိုင်ကို       သီချင်းဆိုမယ်    ဆိုပြီးတော့ ကျွန်တော်တို့ဆရာ        ဆရာအောင်ဂျမ်း ကနေပြီးတော့ ပွဲခေါ်တာနဲ့ ၁၁ လပိုင်းမှာ ဆင်းသွားလိုက်ပါတယ်။ ရက် ၄၀ လောက် ကျွန်တော်နေခဲ့ပါတယ်။ ပြီးမှကျွန်တော့် သူငယ်ချင်း    အက္ခရာက    ကျွန်တော် ရောက်နေတာသိပါတယ်။      ကျွန်တော့် အိမ်နီးနီးဆိုတော့ ကျွန်တော့်ဆီကိုလာခဲ့ ပါတယ်။  ကျွန်တော်က သူ့ကိုပြောပြပါ တယ်။   ဒီမှာ   ငါလည်းအဆင်မပြေဘူး။ မင်းအလုပ်လုပ်မလား        သူငယ်ချင်း။ ရန်ကုန်မှာ ဘောစိတစ်ယောက်ရှိတယ်။ မင်း ရန်ကုန်သွားရင် အဲဒီဘောစိနဲ့ အလုပ် လုပ်လို့ရတယ်ဆိုပြီးတော့      သူငယ်ချင်း အက္ခရာက ကျွန်တော့်ကို ပြောပါတယ်။ ရန်ကုန်ကို      တက်လာခဲ့လိုက်ပါတယ်။ ကျွန်တော်   ရန်ကုန်ကို   ရောက်တဲ့အခါ ကျတော့ ဇော်မင်းထွန်း (ခေါ်)စိုးမိုးလင်း (ခေါ်) ကိုညီနဲ့ ကျွန်တော် ဖုန်းဆက်သွယ်  ခဲ့ပါတယ်။      ပြီးတော့      ကျွန်တော်တို့ ညီလေး တစ်ရက်ထပ်တွေ့ရအောင်ဆိုပြီး တော့ ကျွန်တော့်ကို ချိန်းပါတယ်။ နောက် တစ်နေ့မှာ တာမွေ၊ ကျောက်မြောင်း အရှေ့ ဘက်က RV ဆိုင်မှာ ကျွန်တော်တို့ တွေ့ခဲ့ ကြပါတယ်။ အဲဒီနေ့က တွေ့ပြီးတော့မှ  အလုပ်ကိစ္စလေးတွေ      ပြောပါတယ်။ သင်္ဘောကို       သွားကြည့်ပေးရပါမယ်။ သင်္ဘောပေါ်မှာ လူဘယ်နှယောက်ရှိလဲ၊ သင်္ဘောကဆီတွေကို  ခိုး၊  မခိုးဆိုတာကို စစ်ဆေးပေးရမယ်ဆိုပြီးတော့ ကျွန်တော့် ကို    ပြောပါတယ်။    နောက်တစ်နေ့မှာ ကျွန်တော့်ကို       ဖုန်းဆက်လာပါတယ်။ မိန်းမ မှတ်ပုံတင်က အပိတ်ခံထားရတယ်။ သူက   မှတ်ပုံတင်   အတုတစ်ခုလုပ်ချင် တယ်။ ဇော်မင်းထွန်း (ခေါ်)  စိုးမိုးလင်း (ခေါ်) ကိုညီရဲ့ မိန်းမရဲ့   မှတ်ပုံတင်အတုကို  ကျွန်တော်ပိုက်ဆံ ၈  သောင်းနဲ့ ကျွန်တော် လုပ်ပေးခဲ့ပါတယ်။ ကျွန်တော့်ကို ပိုက်ဆံ တစ်သိန်း ပေးလိုက်တယ်။ ပြီးတော့လုပ်ခ က ၈ သောင်း ပေးခဲ့ရပါတယ်။ ပန်းဆိုး တန်း   ကုလားဆိုင်မှာ    မှတ်ပုံတင်အတု အိမ့်သူလင်းနာမည်နဲ့ ကျွန်တော် လုပ်ပေး ခဲ့ပါတယ်။ ဇော်မင်းထွန်း (ခေါ်) စိုးမိုးလင်း  (ခေါ်) ကိုညီကနေပြီးတော့ ဖုန်းဆက်လာ ပါတယ်။     ကားလက်မှတ်   တစ်စောင် လောက် ချိတ်ပေးဖို့ပြောပါတယ်။ ရွှေပွင့် ဖြူကားနဲ့ မင်းဘူးဘက်ကို သွားမယ်ဆိုပြီး တော့ ကားလက်မှတ်တစ်စောင် ဖြတ်ပေး ခဲ့ပါတယ်။   ကျွန်တော်အပြင်မှာ  ၂  ခါ၊ ကျွန်တော်တို့  ဆိုင်မှာ  ၃  ခါဆိုရင်  ၅ ခါ လောက်တွေ့ဖူးပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင် ဘာလ ၃၀ ရက်နေ့မှာ ကျွန်တော်တို့တောင် ဥက္ကလာပ သာလီစွ မုန့်တီဆိုင်မှာ ဖမ်းဆီး ခံခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်အခုလို  အကုန်လုံး မိသားစု ရိုးရိုးသားသားလေး ဒီလိုလုပ်စားနေကြတာပေါ့လေ။ လုပ်စား နေကြတာမှာ     ဒီလိုဒုက္ခရောက်စေမယ့် ဟာမျိုး၊ အဲဒီလိုလုပ်စားနေတာကိုကျွန်တော် တို့လို ရိုးရိုးသားသား ဒီလိုလုပ်စားနေတာ မျိုးကို ဒီလိုဒုက္ခရောက်မယ့် ကိုယ့်စီးပွားနဲ့ လုပ်စားနေတဲ့ဘဝလေးကို    ဘာမဟုတ် တဲ့    အစွန်းအထင်းတွေနဲ့    ဘဝတွေကို မဖျက်ဆီးပါနဲ့လို့၊    AA   အဖွဲ့အနေနဲ့ ဒီလိုအသုံးမချပါနဲ့လို့      ဒီကနေပြီးတော့ တောင်းပန်ပါတယ်။ ဒီလိုရိုးသားတဲ့ ဘဝ တွေ ခဏလေးနဲ့ ဆုံးရှုံးသွားတာကို ရင်နာ မိပါတယ်လို့ ပြောချင်ပါတယ်။       ။