
နေပြည်တော် ဖေဖော်ဝါရီ ၇
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်၌ ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့များသည် ယနေ့ နံနက် ပိုင်းမှစ၍ နေပြည်တော်ရှိ အထင်ကရ နေရာများသို့ ဒုတိယနေ့အဖြစ် အဖွဲ့ နှစ်ဖွဲ့ ခွဲကာ ဆက်လက်လေ့လာကြသည်။
ကပြပျော်ဖျေမှုကိုကြည့်ရှု
ဦးစွာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့သည် တိရစ္ဆာန်ဖျော်ဖြေဥယျာဉ်၌ ဆင်လိမ္မာများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုကြပြီး ဆင်စာများကျွေးကြသည်။
ထို့နောက် ရှားပါးတိရစ္ဆာန်များ၊ အကောင်ရေ ၁၀၀၀၀ တွင် တစ်ကောင် သာ ပေါက်ပွားတတ်သည့် ရှားပါးကျားဖြူ များ၊ ချစ်စရာဝါလာဘီ သားပိုက်ကောင် များ၊ ပင်လယ်ဖျံ၊ ပင်ဂွင်ငှက်ကလေးများ နှင့် ငါးပြတိုက်တို့ကို စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။
သိပ္ပံဆိုင်ရာဗဟုသုတတိုးပွား
ယင်းနောက် နက္ခတ်တာရာပြခန်း အတွင်း ပြသထားထားသည့် ဂြိုဟ်၊ လ၊ ကမ္ဘာများအကြောင်း၊ စကြဝဠာကြီး အတွင်းရှိ ထူးခြားဆန်းပြားလှပသော အရာများ၊ ကြယ်တာရာများ၏ ဖွဲ့စည်း တည်ရှိပုံ၊ ကမ္ဘာကြီး၏ ဆွဲငင်အားစသည့် နက္ခတ်တာရာ သိပ္ပံဆိုင်ရာဗဟုသုတ တိုးပွားဖွယ်ရာအကြောင်းများကို ကြည့်ရှု လေ့လာကြပြီး စကြဝဠာဆိုင်ရာ ပညာ ပေးဗီဒီယိုကို ကြည့်ရှုကြသည်။
သွားရောက်လေ့လာ
ဆက်လက်၍ လေ့လာရေးအဖွဲ့ သည် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်(ယာပုံ)နှင့် အမျိုးသား ပြတိုက်၊ နေပြည်တော်မြို့မဈေးတို့ကို ဆက်လက်သွားရောက်လေ့လာကြသည်။
အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေး မှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၅ ဦး၊ ကယားပြည်နယ်မှ ၄၀၊ ကရင်ပြည်နယ်မှ ၄၀၊ ချင်းပြည်နယ်မှ ၄၀၊ မွန်ပြည်နယ်မှ ၃၇ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၃၅ ဦး၊ ရခိုင်ပြည်နယ်မှ ၃၁ ဦးနှင့် ရှမ်းပြည်နယ် မှ ၄၀ တို့ပါဝင်၍ ၂၀၂၄ ခုနှစ် (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနား တွင် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ကပြဖျော်ဖြေ တင်ဆက် သွားကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်