မော်ကင်း(ခေါ်)ဆလုံတိုင်းရင်းသားတို့၏ ရိုးရာနတ်ကပွဲ ဖေဖော်ဝါရီလ ဒုတိယပတ်နှင့်မတ်လတွင် ကျင်းပမည်

 

ရန်ကုန်    ဖေဖော်ဝါရီ    ၇


မြန်မာပြည်   တောင်ဘက်စွန်းရှိ ကော့သောင်းနှင့်  မြိတ်ကျွန်းစု၌ နေထိုင်ကျက်စားကြသောပင်လယ် ပျော်    မော်ကင်း(ခေါ်)   ဆလုံ တိုင်းရင်းသား  (Sea   Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ် သည့် ရိုးရာနတ်ကပွဲကို ဖေဖော် ဝါရီလ  ဒုတိယပတ်နှင့်  မတ်လ အတွင်း    ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။


ကော့သောင်းမြို့နယ် စူငယ် ဘာလိုင်းကျေးရွာအုပ်စု    မကြုံ ဂလက်ကျေးရွာ၌ ဆလုံနှင့်မြန်မာ၊ ညောင်ပင်အော်ကျေးရွာ၌ ကရင် လူမျိုးများနေထိုင်ကြပြီး အဆိုပါ ရိုးရာနတ်ကပွဲကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ်    ယနေ့တိုင် ကျင်းပလျက်ရှိကာ နတ်ဆရာများ စုပေါင်းပြီး     ကျေးရွာအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။ 


ဆလုံရိုးရာ     နတ်ကပွဲကို ပင်လယ်ပြင်၌    တစ်နှစ်ပတ်လုံး ငါး၊ ပုစွန်   ပေါများစွာ   ရရှိစေရန်၊ ကျန်းမာရေး    ကောင်းမွန်စေရန် နှင့် ရိုးရာအမွေထိန်းသိမ်းမှုအဖြစ် ကျင်းပလေ့ရှိပြီး   အဆိုပါနတ်ပွဲ များကို  ဖေဖော်ဝါရီ  ၁၁   ရက်၌ ညောင်ဝှီးကျွန်း၊ ဖေဖော်ဝါရီ  ၁၂ ရက်တွင် လငန်းကျေးရွာနှင့် မတ် ၁၀ ရက်တွင်  မကြုံဂလက်ကျေးရွာ တို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ကော့သောင်းမြို့နယ် အနီးရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု ၌   ဆလုံတိုင်းရင်းသားအများစု နေထိုင်လျက်ရှိပြီး    မကြုံဂလက် ကျေးရွာ၌ အိမ်ခြေ ၄၀၀ ခန့်ဖြင့် ဆလုံတိုင်းရင်းသား   အများဆုံး နေထိုင်လျက်ရှိရာ အစည်ကားဆုံး ရိုးရာနတ်ကပွဲအဖြစ် မကြုံဂလက် ကျေးရွာ၌ ‌ရှေးယခင်မှစ၍ ယနေ့ တိုင်  အစဉ်အလာမပျက်  ကျင်းပ လျက်ရှိသည်။     ဆလုံတို့သည်  ဗုဒ္ဓဘာသာနှင့်ခရစ် ယာန်ဘာသာ    ကိုးကွယ်ကြပြီး  အချို့မှာ   နတ် ကိုးကွယ်ကြကြောင်း သိရသည်။


“ဆလုံ   တိုင်းရင်းသားတွေရဲ့ နတ်ကပွဲဟာ  မဖြစ်မနေ   လုပ် ဆောင်ကြတဲ့ ရိုးရာပွဲတစ်ခုလည်း ဖြစ်ပါတယ်။ ကျေးရွာတွေမှာရှိတဲ့ နတ်ဆရာတွေစုပြီး နတ်ပွဲကျင်းပ မယ့်  ရွာကို သွားရောက်လေ့ ရှိပါ တယ်။  နတ်ကပွဲ   ကျင်းပချိန်မှာ ပင်လယ်ပြင်ထွက်ခွာလေ့ မရှိပါ ဘူး။ တစ်နှစ်ပတ်လုံး  အစစအရာရာ အဆင်ပြေအောင် နတ်ကပွဲ   လုပ် ဆောင်ကြတာပါ။  တိုင်းရင်းသားထဲ မှာ ဆလုံတိုင်းရင်းသားဟာ လူဦး ရေအနည်းဆုံး    ဖြစ်တဲ့အပြင် ပင်လယ်ပြင်ကိုအမှီပြုပြီး     ဘဝ ရှင်သန်နေထိုင်သူတွေလည်း ဖြစ်ပါ တယ်။ အရင်ကဆိုရင်    ဆလုံ နတ်ပွဲမှာ ပြည်တွင်း၊ ပြည်ပ    ခရီး သွားတွေ လာရောက်လည်ပတ် တာလည်း ရှိပါတယ်။ ဆလုံရိုးရာ နတ်ပွဲကျင်းပဖို့   တိုင်းဒေသကြီး အစိုးရက ကူညီထောက်ပံ့ပေးတာ လည်း  ရှိပါတယ်” ဟု   ကျွန်းစု မြို့နယ်    မော်ကင်းဆလုံစာပေ နှင့်      ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဦးငွေဝင်းက  ပြောသည်။


ဆလုံတိုင်းရင်းသားများ အနေ ဖြင့် ရိုးရာနတ်ကပွဲများကို နှစ်စဉ် ကျင်းပလျက်ရှိသော်လည်း နတ် ကိုးကွယ်မှု လျော့နည်းလာလျက် ရှိကာ  ယခင်က   နတ်ဆရာတို့ထံ ဆေးကုသကြရာမှ     ယခုအခါ ကျေးလက်ဆေးခန်း၌ ကုသကြပြီး ပညာရေးနှင့်   ကျန်းမာရေးအသိ ပွင့်လင်းလာလျက်ရှိကာ မော်ကင်း ဆလုံစာပေနှင့်     ယဉ်ကျေးမှု အသင်းမှ ဆလုံတိုင်းရင်းသားတို့ ၏  ယဉ်ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုးမှု အတွက်   တိုင်းဒေသကြီးအစိုးရ အဖွဲ့၏     ညွှန်ကြားမှုနှင့်အညီ ဆောင်ရွက်လျက်     ရှိကြောင်း တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ အစီ အမံဖြင့် ဆလုံတိုင်းရင်းသားတို့၏ လူမျိုးစုမှတ်တမ်းရိုက်ကူး၍ နိုင်ငံ တကာခရီးသွားများ    ပိုမိုသိရှိ လည်ပတ်နိုင်ရေး  စီမံဆောင်ရွက် နေကြောင်း သိရသည်။


သစ္စာ(mna)
ဓာတ်ပုံ-ဇွဲမာန်