
တောင်ကြီး ဖေဖော်ဝါရီ ၇
(၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက တောင်ကြီး မြို့ အဝေရာမီးပုံးပျံကွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာဘရွှေနှင့် ခွန်စံလွင်၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးမင်းသိန်းဇံ၊ ဒေါက်တာ စိုးဝင်း၊ Jeng Phang နော်တောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ ဖိတ်ကြားထားသူများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံတိုင်းရင်းသား ညီအစ်ကိုမောင်နှမ များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်က ဖတ်ကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က (၇၇) နှစ်မြောက် ရှမ်းပြည်နယ်နေ့ မိန့်ခွန်းပြောကြားသည်။
ထို့နောက် (၇၇)နှစ်မြောက် ရှမ်း ပြည်နယ်နေ့ အထိမ်းအမှတ်ပြခန်းများ ဖွင့်ပွဲကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး (အောက်ပုံ) ဧည့်သည်တော် များက တိုင်းရင်းသားရိုးရာအစားအစာ ပြခန်းများ၊ ဌာနဆိုင်ရာပြခန်းများ၊ MSME ပြခန်းများကို လှည့်လှည် ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူများအား ဂုဏ်ထူးဆောင်ဆုချီးမြှင့် ပွဲကို မြို့တော်ခန်းမ၌ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်က အဖွင့် အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် လက်မှတ် ဂုဏ်ထူးဆောင်ဆုများကိုချီးမြှင့် ရာ စီမံခန့်ခွဲရေးဆိုင်ရာထူးချွန်ဆု (ဒုတိယ အဆင့်၊ တတိယအဆင့်) ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါက်တာဘရွှေက လည်းကောင်း၊ လုံခြုံ ရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်) ရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒေါက်တာစိုးဝင်း၊ Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင် နှင့် တာဝန်ရှိသူတို့က လည်းကောင်း၊ စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆု (တတိယ အဆင့်) မွေးမြူရေးဆိုင်ရာ ထူးချွန်ဆု (ဒုတိယအဆင့်) လူမှုရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယ အဆင့်) ရရှိသူများနှင့် အားကစားထူးချွန် ဆု (ပထမအဆင့်၊ တတိယအဆင့်) ရရှိသူ များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့ ကလည်းကောင်း ဆုများပေးအပ်ချီးမြှင့် သည်။
ဆက်လက်၍ ၂၀၂၃ ခုနှစ် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်တွင် မီးပုံးပျံဓာတ်ပုံ ပြိုင်ပွဲ ဆုရရှိသူများကို ဆုများချီးမြှင့်ရာ ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူ များကို ပြည်နယ်ဝန်ကြီးချုပ် ဦးအောင် အောင်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန် ရှိသူတို့က ဆုများချီးမြှင့်ပေးခဲ့ပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ရှမ်းပြည်နယ်အတွက် အားကစားပစ္စည်း များ ထောက်ပံ့ပေးအပ်ရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင် က လက်ခံ ရယူကြောင်း သိရသည်။
သတင်းစဉ်