ပြည်ထောင်စုနေ့သို့ အတွေးတစ်စ

 

á    ပြည်လှမြန်မာ  တိုင်းစည်သာကား
    စာပေယဉ်ကျေး  ငြိမ်းချမ်းအေးလျက်
    ပေးယူမျှတ  ညီညွတ်ကြ၍
    ရခဲ့စည်းလုံး  မပျက်ထုံးဖြင့်
    ဆုံးတိုင်မခွဲ  တူလက်တွဲကာ
    နွှဲကြည်တိုင်းရင်း  တစ်အူထုံ့ဆင်း။
á    ထောင်သောင်းသိန်း သန်း  နှစ်ချီမှန်း၍
    လှမ်းမျှော်ရည်တက်  ခရီးဆက်ကာ
    “လက်ဖျားဆိတ်သော်  လက်ထိပ်နာ” ဟု
    တိတ်ပုံရိပ်ပြင်  မြတ်နိုးကြင်လျက်
    ရင်မှချစ်ခြင်း  ကူးလူးဆက်နှင်း
    ရင်းနှီးသွေးသား  ညီအစ်ကိုများ။
á    “စုပေါင်းညီညာ  အောင်ကြောင်းဖြာ” ဟု
    စာသိတရား  လက်တွေ့ထားကာ
    သွေးသားအားလုံး  အသိသုံးသော်
    ရှုံးခြင်းလည်းဝေး  မုန်းခြင်းပြေး၍
    လေးမြတ်ခန့်ခိုင် တိုင်းနိုင်ငံကို
    ပိုင်တည်ဆောက်မြဲ  စိတ်မှာစွဲလော့။
á     နေ့ညမှောင်လင်း  ပမာခင်းသို့
    ဆင်းတက်ဖောက်ပြန်  လောကဓံကို
    ဉာဏ်ဖြင့်သိမှတ်  သတိချပ်၍
    မြတ်သောတိုင်းကျိုး  ကိုယ်စီပျိုးလျက်
    နိုးထလုံ့လ  ဝီရိယဖြင့်
    ပြကြမသွေ  သွေးချင်းဆွေ။    ။

ညိုဝင်း(ချစ်မြေ)
“၁၂-၂-၂၀၂၄ တွင်  ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုလျက်”