အစ္စတန်ဘူလ် ဘာသာရေးအဆောက်အအုံတိုက်ခိုက်ခံရမှုနှင့် ပတ်သက်ပြီး သံသယရှိသူ ၁၇ ဦးကို တူကီယဲရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်း

 

အစ္စတန်ဘူလ် ဖေဖော်ဝါရီ  ၃


တူကီယဲနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ် သည့်   အစ္စတန်ဘူလ်၌  မကြာ သေးမီက    ဘာသာရေးကျောင်း တိုက်ခိုက်ခံရမှုနှင့်  ဆက်စပ်ပြီး    အိုင်အက်စ်အဖွဲ့ဝင်များဟု သံသယ ရှိသူ ၁၇ ဦးကို တူကီယဲရဲတပ်ဖွဲ့က ဖေဖော်ဝါရီ ၃ ရက်တွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း အစိုးရပိုင် အသံလွှင့်ဌာန        တီအာတီက ထုတ်ပြန်ထားသည်။ 


ရဲတပ်ဖွဲ့က          အမျိုးသား ထောက်လှမ်းရေးအဖွဲ့နှင့် ပူးပေါင်း ၍ မြို့တော်အတွင်း သံသယရှိသူ များကို    ဖမ်းဆီးမှုစစ်ဆင်ရေး လုပ်ဆောင်ခဲ့ရာ  စာရွက်စာတမ်း အများအပြား   သိမ်းဆည်းရမိခဲ့ ကြောင်း အသံလွှင့်ဌာနက  ဖော်ပြ ထားသည်။  အဖွဲ့အစည်းတစ်ခု အတွင်း အဖွဲ့ဝင်ခြင်းနှင့်   ရည်ရွယ် ချက်ရှိရှိ        လူသတ်ခြင်းဖြင့်    ဘာသာရေး   အဆောက်အအုံ  တိုက်ခိုက်မှုနှင့်  ဆက်စပ်၍    လူ   ၂၅    ဦးကို ဖမ်းဆီးထားကြောင်း   တရားရေးဝန်ကြီး  ယယ်မက်တန့် က  ဖေဖော်ဝါရီ   ၂   ရက်တွင် ကြေညာခဲ့သည်။ 


ဇန်နဝါရီ ၂၈ ရက်က အစ္စတန် ဘူလ်မြို့၏           ဆာရီယာခရိုင်ရှိ ဆန်တာ    မာရီယာဘာသာရေး အဆောက်အအုံ၌ အိုင်အက်စ်အဖွဲ့ နှင့် ဆက်စပ်သည်ဟု ယုံကြည်ရ သည့်       တိုက်ခိုက်ရေးသမား နှစ်ဦးက    တူကီယဲနိုင်ငံသား တစ်ဦးကို    ပစ်သတ်ခဲ့ကြောင်း သိရသည်။                    

ဆင်ဟွာ