
နေပြည်တော် ဖေဖော်ဝါရီ ၃
ကျန်းမာရေးဝန်ကြီးဌာနမှ အမှာစာဖြင့် ဝယ်ယူထားသည့် ဆေးဝါးများ၊ ဆေးရုံသုံး ပရိဘောဂပစ္စည်းများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ အစည်း အဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ကြိုးစားဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာန အနေဖြင့် ဝန်ကြီးဌာနများ၏ အမှာစာများကို အပြည့် အဝထုတ်ပေးနိုင်ရေးအတွက် လိုအပ်သော ဘဏ္ဍာ ရန်ပုံငွေများကို ကြိုတင်လျာထားတင်ပြတောင်းခံရ ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းအတွက် လိုအပ် သော ကုန်ကြမ်းများကိုလည်း ထုတ်ပြန်ပြဋ္ဌာန်းထား သည့် တင်ဒါစည်းမျဉ်းစည်းကမ်းများနှင့်အညီ တိတိ ကျကျ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ဆေးဝါးနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများကို ဘဏ္ဍာနှစ်၏ ပထမ သုံးလအတွင်း အမှာစာများကို ပေးပို့စေလိုကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ထုတ်လုပ်ရောင်းချ ပေးနိုင်မည့် ဆေးဝါးများစာရင်းကိုလည်း ယခုလ အတွင်းပေးပို့သွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာနမှ လိုအပ်ချက်အရ ထုတ်လုပ်ပေးစေလို သည့် ဆေးဝါးများရှိပါကလည်း ထုတ်လုပ်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
စီမံဆောင်ရွက်နေမှုတင်ပြ
ထို့နောက် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်တို့က ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာ ရေးနှစ်တွင် အမှာစာဖြင့် မှာယူထားသည့် ဆေးဝါး များနှင့် ဆေရုံသုံးပရိဘောဂများနှင့် ပတ်သက်၍ လက်ခံရရှိမှုအခြေအနေ၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာ တို့က ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးဝါးများနှင့် ပတ်သက်၍ ပေးပို့ပြီးနှင့် ပေးပို့ရန် ကျန်ရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများ၊ အမှတ်(၁) အကြီးစားစက်မှုလုပ်ငန်းမှ အထွေထွေ မန်နေဂျာက ဆေးရုံသုံးပရိဘောဂများနှင့်ပတ်သက် ၍ ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားမှု၊ ပေးသွင်း ပြီးနှင့် ပေးသွင်းရန်ကျန်ရှိမှု၊ ဆက်လက်ပေးသွင်းနိုင် ရေးအတွက် စီမံဆောင်ရွက်နေမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်