
မြိတ် ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန မြိတ်တက္ကသိုလ်၏ (၁၄)ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့က ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်း သန်း၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်၊ သင်တန်း ရေးရာဌာနမှူး၊ စီမံ/ဘဏ္ဍာဌာန မှူးနှင့် ဘာသာရပ်ဌာနများမှ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရကျောင်းသား ကျောင်းသူများနှင့် ၎င်းတို့၏ မိဘဆွေမျိုးများ တက်ရောက် သည်။
အခမ်းအနားတွင် ဦးစွာ မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း ဦးဆောင် သော သဟာယအဖွဲ့ဝင်များ နေရာယူကြပြီး အစီအစဉ်အတိုင်း ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာပြီးဖြစ် သော ကျောင်းသား ကျောင်းသူ များအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ ချီးမြှင့်သည်။
မြိတ်တက္ကသိုလ်၏ (၁၄)ကြိမ် မြောက် ဘွဲ့နှင်းသဘင်တွင် နေ့သင်တန်းဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့၊ သိပ္ပံ (ဂုဏ်ထူး)ဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ မဟာသိပ္ပံဘွဲ့ နှင့် အဝေးသင် သင်တန်းဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့အစရှိသည့် ဘွဲ့အသီးသီး အတွက် ဘွဲ့ရကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၁၂၂ ဦးကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များ အပ်နှင်းချီးမြှင့်သည်။
မြိတ်တက္ကသိုလ်၏ ဘွဲ့နှင်း အခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက်မှ ၅ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ကောင်းကောင်း(မြိတ်)