၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (ပထမ) ၁၀ ရက်ပတ်အတွက် စိုက်ပျိုးရေးမိုးလေဝသ ခန့်မှန်းချက်

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး  ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။
မိုးရွာသွန်းနိုင်မှုအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်     ကချင်ပြည်နယ်တို့တွင် ရွာသွန်းမြဲထက်ပိုနိုင်ပြီး     နေပြည်တော်၊    မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊  ရခိုင်ပြည်နယ်နှင့်     ကယားပြည်နယ်တို့တွင်    ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ   စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊  မန္တလေး တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊  ချင်းပြည်နယ်၊  ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။
အမြင့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်နှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင်  ၆၃  ဒီဂရီ ဖာရင်ဟိုက်မှ  ၇၃ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်   (အရှေ့ပိုင်းနှင့်မြောက်ပိုင်း)၊   ရခိုင် ပြည်နယ်နှင့်  ကယားပြည်နယ်တို့တွင် ၇၄ ဒီဂရီဖာရင်ဟိုက်မှ   ၈၄ ဒီဂရီဖာရင်ဟိုက်အတွင်းနှင့်  မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊  ဧရာဝတီ တိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊   ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့တွင်  ၈၅ ဒီဂရီဖာရင်ဟိုက်မှ  ၉၅  ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
အနိမ့်ဆုံးအပူချိန်အခြေအနေ
ချင်းပြည်နယ်တွင်  ၃၃  ဒီဂရီဖာရင်ဟိုက်ခန့်၊  ကချင်ပြည်နယ်၊  ရှမ်းပြည်နယ်နှင့်  ကယားပြည်နယ်တို့တွင်  ၄၁ ဒီဂရီဖာရင်ဟိုက်မှ ၅၀ ဒီဂရီဖာရင်ဟိုက်အတွင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင်  ၅၁ ဒီဂရီဖာရင်ဟိုက်မှ ၆၀  ဒီဂရီဖာရင်ဟိုက် အတွင်းနှင့်     ပဲခူးတိုင်းဒေသကြီး    (အနောက်ပိုင်းနှင့်တောင်ပိုင်း)၊ ရန်ကုန်တိုင်းဒေသကြီး၊       ဧရာဝတီတိုင်းဒေသကြီး၊    တနင်္သာရီ တိုင်းဒေသကြီး၊   ကရင်ပြည်နယ်နှင့်   မွန်ပြည်နယ်တို့တွင်  ၆၁ ဒီဂရီ ဖာရင်ဟိုက်မှ  ၇၀ ဒီဂရီဖာရင်ဟိုက်အတွင်း ရှိနိုင်ပါသည်။
လေထုစိုထိုင်းဆအခြေအနေ
မကွေးတိုင်းဒေသကြီးနှင့်  ရှမ်းပြည်နယ်(တောင်ပိုင်း) တို့တွင် ၆၁ ရာခိုင်နှုန်းမှ   ၇၀  ရာခိုင်နှုန်းအတွင်း၊     စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊      ဧရာဝတီတိုင်းဒေသကြီး၊    တနင်္သာရီ တိုင်းဒေသကြီး၊    ကချင်ပြည်နယ်၊    ချင်းပြည်နယ်၊     ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊  ကရင်ပြည်နယ်နှင့်  မွန်ပြည်နယ်တို့တွင်      ၇၁  ရာခိုင်နှုန်းမှ   ၈၀  ရာခိုင်နှုန်းအတွင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊         ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်းနှင့်တောင်ပိုင်း) နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် ၈၁ ရာခိုင်နှုန်းမှ  ၉၀ ရာခိုင်နှုန်းအတွင်း အသီးသီးရှိနိုင်ပါသည်။ 
ပင်ငွေ့ရေငွေ့ပျံနှုန်းအခြေအနေ 
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊  ရခိုင်ပြည်နယ်နှင့်   ကယားပြည်နယ် တို့တွင်(၂၀ မီလီမီတာ) မှ (၃၁ မီလီမီတာ)  အတွင်းနှင့်  မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် ၃၂ မီလီမီတာမှ  ၄၂   မီလီမီတာအတွင်း   အသီးသီးရှိနိုင် ပါသည်။ 
မြေဆီလွှာအောင်းရေအခြေအနေ
စစ်ကိုင်းတိုင်းဒေသကြီး၊   မန္တလေးတိုင်းဒေသကြီး၊   မကွေးတိုင်း ဒေသကြီး၊  ပဲခူးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီး၊  ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊  ကယားပြည်နယ်၊  ကရင် ပြည်နယ်နှင့်     မွန်ပြည်နယ်တို့တွင်    (ခြောက်သွေ့)   အခြေအနေ အသီးသီးရှိနိုင်ပါသည်။                    

မိုး/ဇလ