
နေပြည်တော် ဖေဖော်ဝါရီ ၃
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် တွင် ဖေဖော်ဝါရီ ၁ ရက်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင်ကျောင်းဝင်း အတွင်း ပေါင် ၅၀၀ ဗုံး သုံးလုံးဖြင့် လာရောက်ဗုံးကြဲပစ်ခတ်ခဲ့ရာ ကျေးရွာ စာသင်ကျောင်းနှင့် နေအိမ်တချို့ ထိမှန် ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်သတင်း မှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိ ရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မြေပြင်စုံစမ်းသိရှိရသော သတင်းများ အရ ဖေဖော်ဝါရီ ၁ ရက်တွင် ကော့ကရိတ် မြို့နယ်အတွင်း လေယာဉ်ပျံသန်းမှု မရှိကြောင်းနှင့် တပ်မတော်မှ အဆိုပါ မိတန်ရွာအား ဗုံးကြဲတိုက်ခိုက်သည် ဆိုသည်မှာ သတင်းမှားသာဖြစ်ပြီး အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ များက ပြည်သူများ အထင်အမြင်လွဲမှား စေနိုင်သော အခြေအမြစ်မရှိသည့် ကောလာဟလသတင်းများကို လူမှု ကွန်ရက်စာမျက်နှာများတွင် ထုတ်လွှင့် ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်