သင်္ဃန်းညီနောင်တွင် တပ်မတော်ကပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ ကလေးငယ် တစ်ဦး သေဆုံးပြီး ပြည်သူ ငါးဦးထက်မနည်း ဒဏ်ရာရဟု မဟုတ်မမှန်သတင်းများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၃ 
ကရင်ပြည်နယ်   မြဝတီမြို့နယ်တွင် ဖေဖော်ဝါရီ ၂ ရက်က သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့်   ရွာသစ်ကုန်းကျေးရွာ အာရှလမ်းပိုင်း၌       တပ်မတော်က ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန် ၍   ကလေးငယ် တစ်ဦး သေဆုံးပြီး ပြည်သူ   ငါးဦးထက်မနည်း  ဒဏ်ရာ ရရှိခဲ့သည်ဟု    မဟုတ်မမှန်သတင်း များကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို        တွေ့ရှိရ သည်။
အဆိုပါသတင်းနှင့်  ပတ်သက်၍ သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတာဝန် ရှိသူတစ်ဦး၏   ပြောကြားချက်အရ ဖေဖော်ဝါရီ ၂ ရက်တွင် သင်္ဃန်းညီနောင် စစ်ဗျူဟာနှင့်   ရွာသစ်ကုန်းကျေးရွာ တို့တွင်     တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ KNLA   သောင်းကျန်းသူအဖွဲ့နှင့်     PDF အကြမ်းဖက်အဖွဲ့များက တပ်၊ စခန်း များကို အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်မှု ကြောင့် အနီးဝန်းကျင်ရှိကျေးရွာအတွင်း သို့     လက်နက်ကြီးများ    ကျရောက် ပေါက်ကွဲခဲ့၍ ဒေသခံပြည်သူများ ထိမှန်  သေဆုံးရခြင်းဖြစ်ပြီး     အကြမ်းဖက် အားပေး      ပြည်ဖျက်မီဒီယာများက တပ်မတော်ကပစ်ခတ်သည်ဟု သတင်း မှားများ လုပ်ကြံရေးသားကာ ဝါဒဖြန့်ချိ နေခြင်းသာဖြစ်ကြောင်း   သတင်းရရှိ သည်။                             
သတင်းစဉ်