အာရှဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်မှ ဩစတြေးလျနှင့် တောင်ကိုရီးယား အသင်း ပွဲစဉ်တွင် တောင်ကိုရီးယားအသင်းက အကြိတ်အနယ်ကစားပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိကာ အာရှဖလားဆီမီးဖိုင်နယ်သို့ တက်လှမ်း နိုင်ခဲ့ပြီဖြစ်သည်။ အဆိုပါပွဲစဉ်ကို ဖေဖော်ဝါရီ ၂ ရက် ညပိုင်းက ယှဉ်ပြိုင် ကစားခဲ့ခြင်းဖြစ်သည်။
ဩစတြေးလျအသင်းသည် ဂွတ်ဝင်းဒ်၏ သွင်းဂိုးဖြင့်    တောင်ကိုရီးယားအသင်းကို အနိုင်ရရှိရန် နီးစပ်ခဲ့သော်လည်း အချိန်ပိုတွင် သွင်းဂိုးများ   ပြန်လည်ခွင့်ပြုပေးခဲ့ရသည့် အတွက်    ရှုံးပွဲကြုံတွေ့ကာ   ဆီမီးဖိုင်နယ် တက်လှမ်းခွင့် ဝေးခဲ့ခြင်းဖြစ်သည်။
တောင် ကိုရီးယားအသင်းသည် ဆော်ဒီအာရေဗျ အသင်းနှင့် ၁၆ သင်းအဆင့်တွင်လည်း အချိန်ပိုသွင်းဂိုးကြောင့် ပယ်နယ်တီအဆုံး အဖြတ်တွင် လေးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိ ကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာနိုင် ခဲ့သည်။
ဩစတြေးလျအသင်းသည်    အစပိုင်း ပွဲချိန်များတွင်  တောင်ကိုရီးယားအသင်းကို    တစ်ဖက်သတ်ဖိအားပေး ကစားနိုင်ခဲ့သော် လည်း နောက်ပိုင်းပွဲချိန်များတွင် အိုနေးလ် အနီကတ်ပြ     ထုတ်ပယ်ခံခဲ့ရမှုနှင့်အတူ ပြိုင်ဘက်အသင်း၏ ဖိအားပေး တိုက်စစ်ဆင် မှုများကိုသာ ခုခံကာကွယ်ရှင်းထုတ်ခဲ့ရသည်။ 
တောင်ကိုရီးယား    အသင်းအတွက်   သွင်းဂိုးများကို ဟွမ်ဟီချန်းနှင့် ဆွန်ဟောင်မင် တို့က သွင်းယူပေးနိုင်ခဲ့သည်။ တောင်ကိုရီး ယားအသင်းသည် ဆီမီးဖိုင်နယ်တွင် ဂျော်ဒန် အသင်းနှင့် ဖေဖော်ဝါရီ ၆ ရက်၌ ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။          
အောင်ဇော် 
 
      


