မတ္တရာတွင် တပ်မတော်က တစ်ရက်တည်း ရွာလေးရွာကို မီးရှို့ပြီး လက်နက်ကြီးနှင့် ပစ်သဖြင့် ထိခိုက်သူများရှိဟု မဟုတ်မမှန်သတင်းမှားများ ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်   ဖေဖော်ဝါရီ  ၂
မန္တလေးတိုင်းဒေသကြီး  မတ္တရာ မြို့နယ်အရှေ့ခြမ်းမှ    ကျေးရွာ လေးရွာကို   တပ်မတော်က  မီးရှို့ ဖျက်ဆီးခဲ့သည့်အပြင်   လက်နက် ကြီးနှင့်ပစ်ခတ်သဖြင့်     ပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်သတင်းများ ရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေ လုံခြုံရေး     တာဝန်ရှိသူများနှင့် ဒေသခံရွာသားများထံမှ ကြားသိ ရသော  သတင်းများအရ    အဆိုပါ ကျေးရွာများတွင် PDF အကြမ်းဖက် အဖွဲ့များက    ကျေးရွာအတွင်း ဝင်ရောက်စုဖွဲ့မှုများ   ပြုလုပ်ကာ တပ်မတော်      စစ်ကြောင်းများ နယ်မြေလုံခြုံရေးတာဝန်  ထမ်း ဆောင်လျက်ရှိသည်ကို        ချောင်း မြောင်း    ပစ်ခတ်တိုက်ခိုက်ခြင်း၊  အခွင့်မသာပါက  ကျေးရွာအား    မီးရှို့ထွက်ပြေးခြင်းများ    လုပ် ဆောင်လျက်ရှိပြီး   ယင်းလုပ်ရပ် များကို ဖုံးကွယ်ရန်အတွက်   လုံခြုံ ရေးတပ်ဖွဲ့ဝင်များက        လုပ်ဆောင် ခဲ့သည်ဟု      သတင်းမှားများကို  တစ်ဖက်သတ်    လုပ်ကြံရေးသား ကာ လူမှုကွန်ရက်ပေါ်တွင်    ဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။                  သတင်းစဉ်