အစ္စရေး၏ ဒုံးကျည်တိုက်ခိုက်မှုကို ဆီးရီးယားကြားဖြတ်တားဆီး

 

ဒမတ်စကတ်   ဖေဖော်ဝါရီ   ၂


အစ္စရေးစစ်လေယာဉ်က ဆီးရီးယားနိုင်ငံတောင်ပိုင်း နေရာအများအပြားသို့ ဖေဖော်ဝါရီ ၂ ရက်အစောပိုင်းက လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သောကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဆီးရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။


ဆီးရီးယားလေကြောင်းရန် ကာကွယ်ရေးစနစ် များက   ဒုံးကျည်အချို့ကို   ကြားဖြတ်တိုက်ခိုက်ပြီး နောက်ထပ်ပျက်စီးမှုများကို  တားဆီးနိုင်ခဲ့ကြောင်း၊ အဆိုပါ     တိုက်ခိုက်မှုကို     သိမ်းပိုက်ခံထားရသည့် ဆီးရီးယားဂိုလန်ကုန်းမြင့်မှ     တိုက်ခိုက်ခြင်းဖြစ် ကြောင်း ထုတ်ပြန်ထားသည်။ 


ဒမတ်စကတ်တောင်ပိုင်း   အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီး အဆိုပါတိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း မျက်မြင်သက်သေများက ပြောကြားသည်။ 


အစ္စရေးက ဆီးရီးယား၌ အီရန်ပိုင်ဆိုင်မှုများနှင့် စစ်စခန်းများကို  ပစ်မှတ်ထားပြီး အရှိန်မြှင့်တိုက်ခိုက် ခြင်းကြောင့်  အစ္စရေးနှင့် အီရန်အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း ယင်းတိုက်ခိုက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။              

ဆင်ဟွာ