နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဒေသထွက်ထုတ်ကုန်နှင့် ရိုးရာအစားအစာဆိုင်ခန်းများ တည်ဆောက်နေမှုကြည့်ရှု

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂


နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ  ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် နေပြည်တော်   ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအနီးရှိ တပေါင်းကွင်းအတွင်း၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက်  MSME   ကုန်ထုတ်လုပ်ငန်းများနှင့် ပတ်သက်၍ One Region One Product ထုတ်ကုန်များ အပါအဝင် ပြည်ပကိုတင်ပို့ရောင်းချနေသည့် MSME ထုတ်ကုန်နှင့် ရိုးရာအစားအစာ  ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက် ဆိုင်ခန်းများ တည်ဆောက်နေ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်နှင့် တာဝန် ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် နေပြည်တော်နှင့်  တိုင်းဒေသကြီး/ပြည်နယ်များမှ ဒေသထွက် MSMEထုတ်ကုန် နှင့် ရိုးရာအစားအစာ ခင်းကျင်းပြသ ရောင်းချနိုင်ရေးအတွက်  ဆိုင်ခန်းများ တည်ဆောက်နေမှုကို   လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
အဆိုပါ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်း အမှတ် နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ထွက်ရှိသည့် MSME ထုတ်ကုန်များခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချ ပွဲကို နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ MSME တန်ဖိုးမြင့်ထုတ်ကုန်များ၊ ပြည်ပပို့ကုန်များ အပါအဝင် OROP ထုတ်ကုန်များနှင့် ဒေသထုတ်ကုန် များကို ပြည်ပသို့ တင်ပို့နိုင်ရေးနှင့် ဈေးကွက်ရရှိရေး အတွက် တိုင်းရင်းသားလုပ်ငန်းရှင်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရန်၊   အရည်အသွေးမြင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်ပပို့ကုန်ရရှိရေးအတွက် နေပြည်တော်၊ ပြည်နယ်နှင့်  တိုင်းဒေသကြီးများမှ တိုင်းရင်းသားလုပ်ငန်းရှင်များ တွေ့ဆုံ၍ သတင်းအချက် အလက်များ ဖလှယ်ရယူနိုင်ရေးနှင့် ညှိနှိုင်းပေါင်းစပ် နိုင်ရေး ဆောင်ရွက်ရန်၊    အမျိုးဂုဏ်   ဇာတိဂုဏ် တိုးတက်မြင့်မားစေရေးကို    အထောက်အကူဖြစ်စေပြီး သက်ဆိုင်ရာဒေသအလိုက် ယဉ်ကျေးမှုအမွေအနှစ် များကို ဖော်ထုတ်ပြသနိုင်သည့်   ဒေသထွက်ရိုးရာ လက်မှုပညာပစ္စည်းများကိုလည်း ခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်ရန်၊  တိုင်းဒေသကြီးနှင့်   ပြည်နယ်များမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသော  ဒေသထွက် ရိုးရာ အစားအစာများကို  ပြည်ထောင်စု၏   အနှစ်သာရ ပြည့်စုံစွာဖြင့် တိုင်းရင်းသားပြည်သူလူထုသို့ ထုတ်လုပ် ရောင်းချနိုင်ရေး ဆောင်ရွက်ရန်အတွက်   ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄  ရက်အထိ ခင်းကျင်းပြသ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။


ထွန်းထွန်းဝင်း (ပြန်/ဆက်)