လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ရောက်ရှိ

 

နေပြည်တော်  ဖေဖော်ဝါရီ   ၂


အမျိုးသားအဆင့်   လျှပ်စစ်သုံး ယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး   ဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့်   The   Golden Octopus Co., Ltd. က တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Honda ENS1 အမျိုးအစားလျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Amazing Auto Co., Ltd. က တင်သွင်းလာသော     တရုတ်နိုင်ငံ ထုတ် Dayun Yuehu S1 (VIP Edition) အမျိုးအစားလျှပ်စစ်သုံး မော်တော်ယာဉ်များ၊     Earth Renewable Energy Co., Ltd. က  တင်သွင်းလာသော   တရုတ် နိုင်ငံထုတ် BYD D1 အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ၊ Yaung Ni Oo Automobile Co., Ltd. က တင်သွင်းလာသော တရုတ် နိုင်ငံထုတ် DFSK Seres-5 အမျိုး အစား   လျှပ်စစ်သုံး   မော်တော် ယာဉ် များနှင့် Dongfeng Motor Corporation Ltd. က တင်သွင်း လာသော တရုတ်နိုင်ငံထုတ် Faw Toyota   bZ4X    အမျိုးအစား လျှပ်စစ်သုံး   မော်တော်ယာဉ်များ သည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက် ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံး လုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြု ခဲ့ကြောင်း သိရသည်။

သတင်းစဉ်