နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေ

 

နေပြည်တော်  ဖေဖော်ဝါရီ    ၂


နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး  ဆုများ ပေးအပ်ချီးမြှင့်သည်။

ကြည့်ရှုအားပေး


အဆိုပါဗိုလ်လုပွဲသို့  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   တွဲဖက်အတွင်း ရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီး   ရဲဝင်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များ၊   ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊  တပ်မတော် အဆင့်မြင့်အရာရှိကြီးများ၊ ဒုတိယဝန်ကြီး များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များ၊     ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြိုင်ပွဲ ကျင်းပရေး ကော်မတီဝင်များနှင့် တာဝန် ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ် သူနှင့်နည်းပြများ၊ အားကစားသမားများ၊ နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ဆရာ   ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်  ဝန်ကြီး ဌာနများမှ       ဝန်ထမ်းမိသားစုများ၊ အားကစားဝါသနာရှင်ပြည်သူများ တက် ရောက်ကြည့်ရှုအားပေးကြသည်။


ဦးစွာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက  နည်းပညာ တက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ် များ၏ တက္ကသိုလ်ပေါင်းစုံ  အားကစား ပြိုင်ပွဲဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နောက်ဆုံး ဗိုလ်လုပွဲအဖြစ်    နေပြည်တော်ဇုန်နှင့် မိတ္ထီလာဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားမှု ကို ကြည့်ရှုအားပေးသည်။ 


အနိုင်ရဗိုလ်စွဲ


အဆိုပါပွဲစဉ်တွင် နှစ်ဖက်အသင်းများ သည် ဗိုလ်လုပွဲသို့ တက်ရောက်လာကြ သည့်    အသင်းများဖြစ်သည်နှင့်အညီ တစ်ဖက်နှင့်တစ်ဖက်    အပြန်အလှန် အကြိတ်အနယ် ဖိအားပေးယှဉ်ပြိုင်ကြပြီး ပထမပိုင်းပွဲကစားချိန် ၄၄ မိနစ်တွင် ရရှိ သည့် ပယ်နယ်တီသွင်းဂိုးဖြင့် နေပြည်တော် ဇုန်အသင်းက ပွဲကစားချိန် ပထမပိုင်းကို ဦးဆောင်နိုင်ခဲ့သည်။ ထို့နောက် ဒုတိယ ပိုင်းပွဲကစားချိန် ၆၂ မိနစ်တွင် မိတ္ထီလာဇုန် အသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ သော်လည်း ပွဲကစားချိန်  ၆၅  မိနစ်တွင် နေပြည်တော်ဇုန်အသင်းက   အနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့သောကြောင့်  ပွဲကစားချိန် ပြီးဆုံးချိန်တွင် နေပြည်တော်ဇုန်အသင်း က မိတ္ထီလာဇုန်အသင်းကို နှစ်ဂိုး - တစ်ဂိုး ဖြင့် အနိုင်ရဗိုလ်စွဲသွားပြီး တံခွန်စိုက်ဆု ဖလားကြီးကို ဆွတ်ခူးရရှိသွားသည်။


ပြိုင်ပွဲအပြီးတွင်      ဆုချီးမြှင့်ခြင်း အခမ်းအနားကို   ဆက်လက်ကျင်းပရာ  ပြိုင်ပွဲတွင် အကောင်းဆုံး(ဂိုးသမား)ဆု၊ အကောင်းဆုံး(နောက်တန်း)ဆု၊ အကောင်း ဆုံး(အလယ်တန်း) ဆု၊   အကောင်းဆုံး (ရှေ့တန်း)  ဆု၊     ဂိုးသွင်းအများဆုံး အားကစားသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆုရရှိသူ များကို      နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ       ဖြစ်ကြသည့် မန်းငြိမ်းမောင်၊   ပိုးရယ်အောင်သိန်း၊ ဒေါ်ဒွဲဘူ၊  ဦးဝဏ္ဏမောင်လွင်၊   ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့် ဒုတိယဗိုလ်ချုပ် ကြီး ရာပြည့်တို့က  တစ်ဦးချင်း  အကောင်း ဆုံးဆုတံဆိပ်များနှင့်  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။


ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်


ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်       ဗိုလ်ချုပ်ကြီး တင်အောင်စန်းက    တတိယဆုရရှိသည့် မကွေးဇုန်အသင်းကို      လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး     ကောင်စီ အဖွဲ့ဝင်   ဗိုလ်ချုပ်ကြီး    မြထွန်းဦးက ဒုတိယဆုရရှိသည့် မိတ္ထီလာဇုန်အသင်း ကိုလည်းကောင်း  တစ်ဦးချင်းဆုတံဆိပ် များနှင့်   ဂုဏ်ပြုဆုငွေများကို   ပေးအပ် ချီးမြှင့်ကြသည်။ 
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  တွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးက ပထမဆုရရှိသည့် နေပြည်တော်ဇုန်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို      ပေးအပ်ချီးမြှင့် သည်။


တံခွန်စိုက်ဆုဖလားချီးမြှင့်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပထမ ဆုရရှိသည့် နေပြည်တော်ဇုန်အသင်းကိုဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလား ကို ပေးအပ်ချီးမြှင့်သည်။
ဆုပေးပွဲအပြီးတွင်    နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်နှင့် အဖွဲ့ဝင်များသည်    ပြိုင်ပွဲဝင် အားကစားသမားများကို   ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်