
ပူတာအို ဖေဖော်ဝါရီ ၁
ကချင်ပြည်နယ် ပူတာအိုခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်ဝါးများ တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ထုတ်လုပ်တတ်လာနိုင်စေရန်၊ လူငယ် လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်နှင့် လက်မှုအနုပညာပစ္စည်း များကို စိတ်ကူးဉာဏ်ရှိသလို ထုတ်လုပ်တတ်စေ ရန်နှင့် ဆင်းရဲမှုလျှော့ချရေးကို တစ်ဖက်တစ်လမ်း မှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ဖွင့်လှစ် ခဲ့သော ဝါးအခြေခံလက်မှုထည်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၃၁ ရက်က ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက် ရှိ ရဝမ်အမျိုးသားဥယျာဉ် ခရန်ခူးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သမဝါယမဦးစီး ဌာန ဦးစီးမှူး ဦးခမ်းကိုင်က ဝါးအသင်းအဖွဲ့ကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းသားငါးဦးအား လက်သုံးကိရိယာ ပစ္စည်းများကို လည်းကောင်း၊ ခရိုင်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇော်မိုးက သင်တန်းသားများအား သင်တန်း ထွက်ကုန်ချောပစ္စည်းများကို လည်းကောင်း၊ ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီး ဌာန ဦးစီးမှူးက သင်တန်းဆင်းလက်မှတ် များကို လည်းကောင်း ထောက်ပံ့ပေးအပ်ကြ သည်။
အဆိုပါသင်တန်းသို့ ပူတာအိုမြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ သင်တန်း သား သင်တန်းသူစုစုပေါင်း ၂၀ တက်ရောက် ခဲ့ပြီး သင်တန်းတွင် ဝါးကုန်ကြမ်းရွေးချယ်ခြင်း၊ ဝါးတာရှည်ခံ၍ ပိုးမစားစေရန်ကာကွယ်ခြင်း၊ နှီးဖြာခြင်းနှင့် နှီးအချောသတ်ခြင်း၊ အရောင် ဆိုးခြင်းနှင့် အရောင်တင်ခြင်း၊ ဒီဇိုင်းပုံဖော် ရက်လုပ်ခြင်း၊ လူသုံးကုန်များ ပြုလုပ်ခြင်းနှင့် ရက်ထည်ကော်လိပ် အနုထည်ပြုလုပ်နည်း များကို သင်ကြားပြသပေးခဲ့သည့်အပြင် ဝါးမှ ထွက်ရှိသော ကုန်ချောပစ္စည်းခုနစ်မျိုးတို့ကို ဇန်နဝါရီ ၁၇ ရက် မှ ၃၁ ရက်အထိ စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရ သည်။
ဖုန်ကန်(ပူတာအို)