
ဆင်ပေါင်ဝဲ ဖေဖော်ဝါရီ ၁
မကွေးတိုင်းဒေသကြီး အောင်လံခရိုင် ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံ့ ဝန်ထမ်း ပင်စင်စားများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်ခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်(၂) ဦးစိုးသိန်းက အမှာ စကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်က နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ထောက်ပံ့ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြာပြီး နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား တာဝန်ရှိသူ များက ထောက်ပံ့ငွေများ၊ အာဟာရဖြည့်အစားအစာများ၊ ကျန်မာရေး ဦးစီးဌာနမှ ထောက်ပံ့သော ဆေးဝါးများအား ထောက်ပံ့ပေးအပ်သည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်စား ၃၀ အား တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် နှစ်သောင်း၊ ဆေးဝါး များနှင့် အာဟာရဖြည့် အစားအစာများအား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)