ကယားပြည်နယ် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   ဖေဖော်ဝါရီ   ၁


ကယားပြည်နယ်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့   စုစုပေါင်း ၄၀  တို့သည်   ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်  တည်ထားပူဇော် သည့်  ကမ္ဘာပေါ်ရှိထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်   ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။


ဦးစွာ       ရှင်းလင်းဆောင်၌ မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး ဂေါပကအဖွဲ့နှင့်    ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တည်ဆောက်ပူဇော် ခြင်းနှင့်  ထိန်းသိမ်းခြင်း လုပ်ငန်း များတွင်    ပါဝင်ဆောင်ရွက်ခဲ့ကြ သည့်   ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီး    တည်ထား ကိုးကွယ်ပူဇော်ရခြင်း     ရည်ရွယ် ချက်၊     ရုပ်ပွားတော်မြတ်ကြီး အား    လုပ်ငန်းစဉ်အဆင့်ဆင့်ဖြင့် အောင်မြင်စွာ တည်ထားပူဇော်နိုင် ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက် နေမှု၊   ခေတ်မီစက်ကိရိယာများ အသုံးပြု၍     ကျောက်စာရုံစေတီ တော်များ တည်ထားဆောင်ရွက် ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်း အနားကြီးများ စည်ကားသိုက်မြိုက် စွာ    ကျင်းပနိုင်ခဲ့မှုအခြေအနေ တို့ကို  ရှင်းလင်းပြောကြားကြပြီး မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး   အောင်မြင်စွာတည်ထားပူဇော် နိုင်ရန်   အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။ 


ထို့နောက်   ကယားပြည်နယ် တိုင်းရင်းသား     ရိုးရာယဉ်ကျေးမှု အဖွဲ့က   ယခုကဲ့သို့    ရုပ်ပွားတော် မြတ်ကြီးအား  အဆင်ပြေချောမွေ့ စွာ    လာရောက်ဖူးမြော်နိုင်ရေး အတွက်    စီစဉ်ဆောင်ရွက်ပေးမှု များနှင့်     ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခဲ့မှု   လုပ်ငန်း စဉ်အဆင့်ဆင့်ကို     အသေးစိတ် ရှင်းလင်း     ပြောကြားပေးမှုများ အပေါ်    ကျေးဇူးတင်စကားများ ပြောကြားကြပြီး       ရုပ်ပွားတော် မြတ်ကြီး အောင်မြင်စွာ တည်ထား ပူဇော်နိုင်ခဲ့မှု     အခြေအနေနှင့် စပ်လျဉ်း၍   သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ်   ပြန်လည်ရှင်းလင်း ဖြေကြားသည်။   


ဆက်လက်၍      ဘုရားဖူး ကယားပြည်နယ်  တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့သည်   မာရ ဝိဇယ    ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား  သွားရောက်ဖူးမြော်ကြည်ညို ကြပြီး ဘုရားရင်ပြင်တော်ပတ်လည် ၌ စကျင်ကျောက်များ  အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်      ဗုဒ္ဓ ဥယျာဉ်တော်  ပုံစံငယ်ပြသထားမှု၊   မှတ်တမ်းဓာတ်ပုံများ၊  အဂ္ဂါဓိပတိ သာသနာ့       ဗိမာန်တော်ကြီး၊ ကျောက်စာရုံ  စေတီတော်များနှင့် အခြားသာသနိက အဆောက်အအုံ များကို ဖူးမြော်လေ့လာကြည်ညို ခဲ့ကြပြီး အလှူငွေများ   ပေးအပ် လှူဒါန်းကြသည်။ 


ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား   အနယ်နယ် အရပ်ရပ်မှ  ရဟန်းရှင်လူ  ဘုရား ဖူးပြည်သူများ  လာရောက်ဖူးမြော် ကြည်ညိုလျက်ရှိသည်။


ယနေ့တွင်     မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား    လာ ရောက် ဖူးမြော်ခဲ့ကြသည့် ကယား ပြည်နယ်     တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့၏     ရင်တွင်း စကားသံများအား   ယခုလို   ကြား သိခဲ့ရပါတယ် -


ကျွန်တော်တို့မြန်မာနိုင်ငံမှာ တန်ခိုးကြီးဘုရားတွေများစွာရှိတဲ့အထဲမှ ကမ္ဘာမှာ  ဉာဏ်တော်မြင့် ဆုံး      မာရဝိဇယဘုရားကြီးကို လာရောက်   ဖူးမြော်ရတဲ့အတွက် နိုင်ငံသားတစ်ယောက်   အနေနဲ့ အင်မတန်မှ   ဝမ်းသာဂုဏ်ယူပါ တယ်။ ပထမဆုံး ကျွန်တော်တို့ကို ဂေါပကရုံးမှာ    မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အသေးစိတ် တည်ဆောက်ပုံကို   သိရှိလေ့လာ ခွင့်ရခဲ့ပါတယ်။   အခု   ဒီမှာ   လူ တစ်ထောင်ကျော်ဆံ့တဲ့    ဗိမာန် တော်ကြီးကို    လေ့လာခွင့်ရတဲ့ အတွက်ကြောင့်     အင်မတန်မှ ဝမ်းသာပီတိ      ဖြစ်ရပါတယ်။ တော်တော်လေးလည်း   ထူးထူး ခြားခြား တည်ဆောက်ထားတာကို တွေ့ရတဲ့အတွက်ကြောင့်    နိုင်ငံ သားတစ်ယောက်အနေနဲ့  အင်မတန် မှ ဝမ်းသာဂုဏ်ယူပါတယ်။


ကျွန်မကတော့     ကယား ပြည်နယ်ကိုယ်စားပြု     ရိုးရာ ယဉ်ကျေးမှုအဖွဲ့အနေနဲ့      မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ပထမဦးဆုံးအကြိမ်   လာရောက် ဖူးမြော်ခြင်းဖြစ်ပါတယ်။   ရုပ်မြင် သံကြားနဲ့ အွန်လိုင်းပေါ်မှာတော့တွေ့မြင်နေရတာ     ကြာပါပြီ။ လက်တွေ့       ဖူးမြော်ချင်နေတာ လည်း ကြာပါပြီ။ အခုလိုအပြင်မှာ ကိုယ်တိုင်းကိုယ်ကျ  ဖူးမြော်ရတဲ့ အတွက်    အတိုင်းမသိ    ဝမ်းသာ ကြည်နူးဖြစ်ရပါတယ်။   မော်ကွန်း တိုက်မှာဆိုရင်လည်း    ပုံစံငယ် တွေကို         ခင်းကျင်းပြသထား တာကိုလည်း        တွေ့ရပါတယ်။       ဘုရားကြီး     တည်ဆောက်ပုံ     အဆင့်ဆင့်ကို   ဂေါပကအဖွဲ့က အသေးစိတ်    ရှင်းပြတဲ့အတွက် လည်း အထူးပဲကျေးဇူးတင်ရှိပါ တယ်။         အခုလို    လာရောက်      လေ့လာနိုင်အောင်   စီစဉ်ပေးတဲ့    ကယားပြည်နယ်   အစိုးရအဖွဲ့ကို လည်း    အထူးပဲ    ကျေးဇူးတင်ပါ တယ်။        ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာသာနိုင်ငံအနေနဲ့     မာရ ဝိဇယ   ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို  တည်ထားကိုးကွယ်နိုင်ခဲ့တဲ့ အတွက်        မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့   အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်။


ကျွန်မကတော့     ကယား ပြည်နယ်    တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှု     အကအဖွဲ့ကနေ လေ့လာရေးခရီးစဉ်ကို  ပါလာတာ ဖြစ်ပါတယ်။    ပထမဦးစွာ    ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော် ပြီးပါပြီ။   နောက်ပြီး   မော်ကွန်း တိုက်ကို လေ့လာခဲ့ပါတယ်။ အဲဒီ နောက်မှာ   ကျောက်စာရုံစေတီ တွေကိုဖူးမြော်ရင်း    ကျောက်စာ တွေကို      လေ့လာဖြစ်ခဲ့ပါတယ်။ ဉာဏ်တော်အမြင့်ဆုံးဖြစ်တဲ့ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်      ဝမ်းသာ ဂုဏ်ယူမိပါတယ်။     မြန်မာပြည် အနယ်နယ်      အရပ်ရပ်မှာရှိတဲ့ ဘုရားဖူး    ပြည်သူများကိုလည်း ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကို   လာရောက်ဖူးမြော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်။       ။


သတင်းစဉ်