စက်ရုံလုပ်ငန်းခွင်သုံး လက်တွေ့အသုံးချ အလုပ်သမားဥပဒေသင်တန်းမှ ၂၀၂၂ ခုနှစ် သြဂုတ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း သင်တန်းသား စုစုပေါင်း ၈၂၉ ဦးကို သင်တန်းပို့ချပေးနိုင်ခဲ့

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁


မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း (MGMA) က ပို့ချ သော    စက်ရုံလုပ်ငန်းခွင်သုံး လက်တွေ့အသုံးချ အလုပ်သမား ဥပဒေသင်တန်းကို  ၂၀၂၂  ခုနှစ် သြဂုတ်လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လအထိ ၂၈ ကြိမ်ပေးခဲ့ရာ စက်ရုံ ပေါင်း ၄၆၄ ရုံမှ စီမံခန့်ခွဲမှုရေးရာ တာဝန်ရှိသူနှင့် ကုန်ထုတ်လုပ်မှု ဌာန ကြီးကြပ်သူဦးရေ စုစုပေါင်း ၈၂၉   ဦးကို    သင်တန်းပေးနိုင်ခဲ့ ကြောင်း  အဆိုပါအသင်းမှ   သိရ သည်။
အထည်ချုပ်လုပ်ငန်း  ကဏ္ဍ အတွင်း   အလုပ်သမားဥပဒေ အသိမြှင့်တင်ရန်နှင့် လုပ်ငန်းခွင် ဆက်ဆံရေး တိုးတက်ကောင်းမွန် စေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံ အထည်ချုပ်     လုပ်ငန်းရှင်များ အသင်း (MGMA) က  စက်ရုံ လုပ်ငန်းခွင်သုံး လက်တွေ့အသုံးချ အလုပ်သမား  ဥပဒေသင်တန်း” များကို   ပို့ချပေးနေခြင်း      ဖြစ် ကြောင်း သိရသည်။
“အလုပ်သမား    ဥပဒေနှင့် လုပ်ငန်းခွင်ဆက်ဆံရေး   အသိ ပညာပေး   သင်တန်းများတွေကို MGMA အသင်းကြီးက အထည် ချုပ်လုပ်ငန်းကဏ္ဍအတွင်း ကျယ် ကျယ်ပြန့်ပြန့်   ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်”    ဟု အဆိုပါအသင်းမှ    တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါသင်တန်းကို သင်တန်း တစ်ကြိမ်လျှင်  အသင်းဝင်စက်ရုံ တစ်ရုံစီမှ HR Manager နှင့်  All Supervisor နှစ်ဦးစီပါဝင်သော စက်ရုံပေါင်း ၁၅ ရုံမှ သင်တန်းသား သင်တန်းသူ  ၃၀  ကို  ခေါ်ယူပြီး ပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း  သိရ သည်။
သင်တန်းကို   တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ၂၀၂၂ ခုနှစ် သြဂုတ် လမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ၂၈     ကြိမ်ပေးနိုင်ခဲ့ခြင်းဖြစ်ကာ သင်တန်းတွင် စက်ရုံလုပ်ငန်းခွင် သုံး   လက်တွေ့အသုံးချ   အလုပ် သမားဥပဒေ၊ လုပ်ငန်းခွင်ဆက်ဆံ ရေးနှင့်   ကုန်ထုတ်လုပ်မှုဌာန ကြီးကြပ်သူများ၏  အရေးပါမှု တို့ကို    သင်ကြားဆွေးနွေးခဲ့ ကြောင်း သိရသည်။                               

MT