
နေပြည်တော် ဖေဖော်ဝါရီ ၁
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက် ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး) (5 on 5) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(C)၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ် ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်း၊ ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီး ဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
ယနေ့ ဘတ်စကက်ဘော(အမျိုးသမီး၊ အမျိုးသား) (5 on 5)ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်များအဖြစ်(အမျိုးသမီး)ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ယှဉ်ပြိုင်အနိုင်ရရှိပြီး (အမျိုးသား)ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းက ရှမ်းပြည်နယ် အသင်းကို ယှဉ်ပြိုင်အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အသင်းလိုက် (5 on 5)ပြိုင်ပွဲတွင် (အမျိုးသား)အကောင်းဆုံးအားကစား သမားဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးမှ ယောလှနှင့် (အမျိုးသမီး)အကောင်းဆုံးအားကစားသမားဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးမှ မြနှင်းမှုံတို့ကို ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုချီးမြှင့်ငွေ တစ်သိန်းကျပ်စီကိုလည်းကောင်း၊ (အမျိုးသမီး)အသင်း လိုက် (3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်း၊ ဒုတိယဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် တတိယ ဆုရရှိသည့် မွန်ပြည်နယ်အသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်ကောင်း၊ (အမျိုးသား)အသင်းလိုက်(3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန် တိုင်းဒေသကြီးအသင်း၊ ဒုတိယဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် တတိယဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက် (5 on 5)ပြိုင်ပွဲတွင် ပူးတွဲတတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်း နောင်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကို လည်းကောင်း၊ (အမျိုးသား)အသင်းလိုက် (5 on 5) ပြိုင်ပွဲတွင် ပူးတွဲ တတိယဆုရရှိသည့် ပဲခူးတိုင်းဒေသကြီးအသင်းနှင့် တတိယဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင် ဦးနှင့် ဦးကိုကိုလှိုင်တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် (အမျိုးသမီး) အသင်းလိုက်(5 on 5) ပြိုင်ပွဲတွင် ဒုတိယ ဆုရရှိသည့် မကွေးတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား)အသင်းလိုက် (5 on 5) ပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်နှင့် ဦးရွှေကြိမ်း တို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၅ သိန်းကို လည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်(5 on 5) ပြိုင်ပွဲတွင် ပထမဆု ရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား) အသင်းလိုက် (5 on 5) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီး အသင်း တို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်နှင့် ဒေါက်တာဘရွှေတို့က တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်(3 on 3) ပြိုင်ပွဲ တွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား) အသင်းလိုက်(3 on 3) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသ ကြီးအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်နှင့် မန်းငြိမ်းမောင်တို့က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ (အမျိုးသမီး) အသင်းလိုက်(5 on 5) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် (အမျိုးသား)အသင်းလိုက် (5 on5) ပြိုင်ပွဲတွင် ပထမဆုရရှိသည့် မန္တလေးတိုင်းဒေသကြီးအသင်းတို့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းနှင့် ဒေါ်ဒွဲဘူတို့က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း ပေးအပ်ချီးမြှင့်ကြ သည်။
ဘတ်စကက်ဘောအားကစားသမားများအချင်းချင်း ချစ်ကြည် ရင်းနှီးမှုခိုင်မာလာစေရေး၊ ဘတ်စကက်ဘောမျိုးဆက်သစ်အားကစားသမားများပေါ်ထွက်လာစေရေးနှင့် ဘတ်စကက်ဘော အားကစားအဆင့် အတန်း တိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘောပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ ဖေဖော်ဝါရီ ၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၂ သင်းနှင့် အမျိုးသမီးအသင်း ၁၁ သင်းတို့မှ အားကစားသမားစုစုပေါင်း ၃၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။
သတင်းစဉ်