ပြည်သူများအနေဖြင့် လျှပ်စစ်သုံးယာဉ်များကို ပိုမိုအသုံးပြုလာနိုင်မည်ဖြစ်၍ Charging Station များ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစားဆောင်ရွက်

 

နေပြည်တော်  ဇန်နဝါရီ  ၃၁


အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ် နှင့်    ဆက်စပ်လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်ရေး  ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ  စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး    ဒေါက်တာ ချာလီသန်းသည် တာဝန်ရှိသူများ နှင့်အတူ       ယနေ့မွန်းလွဲပိုင်း တွင်     ပြည်ထောင်စုနယ်မြေ (နေပြည်တော်)    ဇမ္ဗူသီရိမြို့နယ် သပြေကုန်းဈေးနှင့်     စည်ပင် ဧည့်ရိပ်သာရှေ့ရှိ   EV Charging Station များကို   ကြည့်ရှုစစ်ဆေး သည်။  


ကြည့်ရှုစစ်ဆေးစဉ်     ပြည် ထောင်စုဝန်ကြီးက     ဦးဆောင် ကော်မတီမှ      တင်သွင်းခွင့်ပြုခဲ့ သည့်  လျှပ်စစ်သုံးယာဉ်အမျိုးမျိုး အတွက်     လျှပ်စစ်ဓာတ်အား ဖြည့်သွင်းနိုင်သည့်စနစ်များ ပြည့်စုံ အောင်          တပ်ဆင်ထားရှိရန်၊ Charging Station ရှိ တာဝန်ရှိသူ များအနေဖြင့် သုံးစွဲသူပြည်သူများ ၏    အကြံပြုချက်များအတိုင်း ပြုပြင်ပြောင်းလဲ တပ်ဆင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထား ရှိရန်၊    လျှပ်စစ်သုံးယာဉ်များသို့ လျှပ်စစ်ဓာတ်အားများ ဖြည့်သွင်း နေစဉ်  မမျှော်မှန်းနိုင်သည့်ကိစ္စရပ် များ ဖြစ်ပွားလာပါက လျင်မြန်စွာ တုံ့ပြန်ဖြေရှင်းဆောင်ရွက်နိုင်ရေး အစီအမံများ     ရေးဆွဲထားရန်၊ ပြည်သူများအနေဖြင့် လျှပ်စစ်သုံး ယာဉ်များကို   ပိုမိုအသုံးပြုလာနိုင် မည်ဖြစ်၍    Charging  Station များ        တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုတင်စဉ်းစား   ဆောင်ရွက်ထား ရန်၊    Charging Station   များ တည်ထောင်      ဖွင့်လှစ်ထားသည့် ကုမ္ပဏီများအနေဖြင့်    ကိုယ်ပိုင် လျှပ်စစ်ဓာတ်အားများ   ထုတ်လုပ် နိုင်ရေး    ကြိုးပမ်းဆောင်ရွက်ကြ ရန်၊ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ် လုပ်ငန်းများ    ဆောင်ရွက်နေစဉ် အတွင်း  တွေ့ကြုံနေသည့် အခက် အခဲများရှိပါက အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်    ဆက်စပ်  လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီနှင့်  လုပ်ငန်း ကော်မတီ ငါးခုတို့သို့    အချိန်နှင့် တစ်ပြေးညီ  တင်ပြဆောင်ရွက်ကြ ရန်၊  Charging Station များတွင် မီးငြှိမ်းသတ်ရေး  အထောက်အကူ ပြုပစ္စည်းများ  ပြည့်စုံစွာထားရှိရန် နှင့်       မီးဘေးအန္တရာယ်ကာကွယ် ရေး         စီမံချက်များရေးဆွဲပြီး ဇာတ်တိုက်   လေ့ကျင့်ထားကြရန် မှာကြားပြီး EV Charging Station များ တည်ဆောက်ထားရှိမှု၊ လျှပ်စစ် သုံးယာဉ်များကို လျှပ်စစ်ဓာတ်အား  ဖြည့်သွင်းနေမှု    အခြေအနေတို့ကို    လှည့်လည်ကြည့်ရှု      စစ်ဆေးခဲ့ ကြောင်း သိရသည်။    

သတင်းစဉ်