နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

 

နေပြည်တော်   ဇန်နဝါရီ   ၃၁


နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက်    ဥပဒေအသိပညာပြန့်ပွားရေး   သင်တန်း အမှတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့မွန်းလွဲပိုင်းတွင် ဥပဒေရေးရာ ဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။


သင်တန်းဖွင့်ပွဲတွင်    ပြည်ထောင်စု ဝန်ကြီးနှင့်    ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး က ယခုသင်တန်းကို ပြည်ထောင်စုဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အသီးသီးတွင်  တာဝန်ထမ်းဆောင်လျက် ရှိသည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များအနေဖြင့် ဥပဒေ ပညာလေ့လာပြီး     ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ်      ဥပဒေရေးရာကျွမ်းကျင် ကြောင်း       အသိအမှတ်ပြုလက်မှတ် တစ်ခုခုရရှိရေးအတွက်  ဆောင်ရွက်သင့် ကြောင်း     နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက စီးပွားရေးရာကော်မတီ အစည်းအဝေး (၃/၂၀၂၂) ၌ လမ်းညွှန်မှုအရ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း။


သင်ကြားပို့ချ


ယခုသင်တန်းတွင်    နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအနေဖြင့် သိသင့်သိထိုက် သည့်  ဥပဒေရေးရာကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေးစာချုပ်စာတမ်းများ  စိစစ်ခြင်း၊ အပြည်ပြည်ဆိုင်ရာဥပဒေနှင့်   အာဆီယံ ဥပဒေများလက်တွေ့အသုံးချမှု၊    ပြစ်မှု ဆိုင်ရာနှင့်  အထူးဥပဒေများ   လက်တွေ့ အသုံးချမှု၊    တရားမဆိုင်ရာကိစ္စများ၊  အထွေထွေ   ဥပဒေအကြံပေးရေးဆိုင်ရာ ကိစ္စများကို  ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံများစွာ    ရှိသူများဖြစ်သည့် ပြည်ထောင်စုဝန်ကြီးနှင့်  ပြည်ထောင်စု ရှေ့နေချုပ်၊    ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ်၊   ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် မှဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊   ပြည်ထောင်စု တရားလွှတ်တော်ချုပ်        တရားသူကြီးနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ  အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့  အဖွဲ့ဝင်၊    ငွေကြေးဆိုင်ရာစုံစမ်း ထောက်လှမ်းရေးအဖွဲ့မှ        ဘာသာရပ် ဆိုင်ရာ      ကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊  တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေ ရေးရာဝန်ကြီးဌာနမှ    အငြိမ်းစားယူပြီး သည့်     ဘာသာရပ်ဆိုင်ရာ    ကျွမ်းကျင် ပညာရှင်ကြီးများ၊   ဥပဒေရေးရာဝန်ကြီး ဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာ ရှင်များက သင်ကြားပို့ချမည်ဖြစ်ပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက် သည့် သင်တန်းသားများကိုလည်း ဥပဒေ အသိပညာ    ပြန့်ပွားရေးသင်တန်းဆင်း လက်မှတ်     (Certificate   of   Legal Advocacy-CLA)   များ   ပေးအပ်ချီးမြှင့် မည်ဖြစ်ပါကြောင်း။


 နိုင်ငံတော်အကျိုးဆောင်ရွက်


သင်တန်းသားများအနေဖြင့်      ဤ သင်တန်းမှ      သင်ကြားပို့ချပေးသည့်  ဥပဒေဘာသာရပ်များကို        မိမိတို့၏ လုပ်ငန်းခွင်တွင်          လက်တွေ့ကျင့်သုံး     ဆောင်ရွက်နိုင်စေရန်အတွက်         လေ့လာ မှတ်သားသင်ယူပြီး   မိမိတို့၏  ဝန်ကြီး ဌာနအကျိုး၊       နိုင်ငံတော်အကျိုးအတွက်    ကောင်းစွာ ဆောင်ရွက်နိုင်ကြပါစေကြောင်း  ပြောကြားသည်။


တက်ရောက်


သင်တန်းဖွင့်ပွဲသို့    ဆောက်လုပ်ရေး ဝန်ကြီးဌာန        ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊    တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီး နှင့်         ဒုတိယရှေ့နေချုပ်      ဒေါက်တာ ထိန်လင်းဦး၊     စိုက်ပျိုးရေး၊     မွေးမြူရေး နှင့်     ဆည်မြောင်းဝန်ကြီးဌာန     ဒုတိယ ဝန်ကြီး ဦးဘိုဘိုကျော်၊     အဂတိလိုက်စားမှု တိုက်ဖျက်ရေး             ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်လွင်၊        သင်တန်းသား သင်တန်းသူများ၊     ဥပဒေရေးရာဝန်ကြီး ဌာနမှ  ဌာနအကြီးအကဲများနှင့် ညွှန်ကြား ရေးမှူးများ   တက်ရောက်ခဲ့ကြကြောင်း သိရသည်။                            

သတင်းစဉ်