ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ

 

မန္တလေး  ဇန်နဝါရီ   ၃၁


ရုရှားဖက်ဒရေးရှင်းနိုင်ငံ   စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၏  ဖိတ်ကြားချက်အရ   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ဇန်နဝါရီ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သည့်        စတုတ္ထအကြိမ် ရုရှား-မြန်မာ  အစိုးရအချင်းချင်း ကုန်သွယ်ရေးနှင့်     စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် အစည်းအဝေး၊ ဆက်စပ်အစည်း အဝေးများနှင့် ရုရှားနိုင်ငံတကာ ဖိုရမ်နှင့်    ကုန်စည်ပြပွဲများသို့ တက်ရောက်ခဲ့သည့် ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ သည် ယနေ့နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  နိုဗိုဆီရက်စ်ခ် မြို့မှတစ်ဆင့် မြန်မာ့လေကြောင်း ခရီးစဉ် (MAI) ဖြင့် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိသည်။


ပြည်ထောင်စုဝန်ကြီး ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကို  ရင်းနှီးမြှုပ်နှံမှုနှင့်   နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန မှ  တာဝန်ရှိသူများက  မန္တလေး အပြည်ပြည်ဆိုင်ရာ    လေဆိပ်၌ ကြိုဆိုခဲ့ကြသည်။


ရင်းနှီးမြှုပ်နှံမှုနှင့်     နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့်အတူ    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန   ဒုတိယဝန်ကြီး   ဦးမင်းမင်း နှင့်   စီးပွားရေးအသင်းအဖွဲ့များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှု လုပ်ငန်းရှင်များ     အသင်းချုပ်မှ ကိုယ်စားလှယ်များ      ပြန်လည် လိုက်ပါခဲ့သည်။


မြန်မာကိုယ်စားလှယ်   အဖွဲ့ သည်     ခရီးစဉ်အတွင်း   စတုတ္ထ အကြိမ်   ရုရှား-မြန်မာ   အစိုးရ အချင်းချင်း    ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၊ ဆက်စပ် အစည်းအဝေးများနှင့် ရော့စ်ကွန် ဂရက်ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ ပုဂ္ဂိုလ်များဆွေးနွေးပွဲ၊      ရုရှား နိုင်ငံတကာဖိုရမ်နှင့် ကုန်စည်ပြပွဲ များသို့   တက်ရောက်ခဲ့ပြီး   ရုရှား သတင်းအချက်အလက်       နည်း ပညာကုမ္ပဏီ၊   စွမ်းအင်ကုမ္ပဏီ၊ ဆောက်လုပ်ရေး         ကုမ္ပဏီနှင့် တိရစ္ဆာန်ဥယျာဉ်    ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့်    တွေ့ဆုံ၍ မြန်မာနိုင်ငံရှိ     ရင်းနှီးမြှုပ်နှံမှု အလားအလာများ၊ အခွင့်အလမ်း များနှင့်  ပူးပေါင်းဆောင်ရွက်နိုင် မည့်ကိစ္စရပ်များကို       ရင်းနှီး ပွင့်လင်းစွာ     အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း      သိရ သည်။


သတင်းစဉ်