ရာသီမရွေးသွားလာနိုင်သည့်လမ်းများကြောင့် မြို့ပြနှင့် ကျေးလက် တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေမည်

Type
1

 

ချမ်းမြေ့မောင်
 

ရှမ်းပြည်နယ်သည် ရေတံခွန်စိမ့်စမ်းတောစခန်းတောင်စခန်းတို့ဖြင့်  သာယာလှပသည့်   ပြည်နယ်တစ်ခုဖြစ်သလို တောင်စဉ် တောင်တန်းများကို တောင်ခိုးတဝေဝေဖြင့် မြင်တွေ့ရသူအပေါင်း၏ စိတ်နှလုံးဘဝင်တွင် ငြိမ်းချမ်းမှုကို ခံစားကြရမည်ဖြစ်သည်။ ရှမ်းရိုးမတောင်တန်းဟု ခေါ်ဆိုကြသည့်အတိုင်း ပြည်နယ်တစ်ခုလုံးသည် ရှမ်းကုန်းပြင်မြင့်ပေါ်၌ တည်ရှိသည်။ 
ရှမ်းပြည်နယ်(အရှေ့ပိုင်း)    ဒေသ အတွင်း၌ ကျိုင်းတုံ၊  တာချီလိတ်၊  မိုင်း ဆတ်နှင့် မက်မန်းခရိုင်ဟူ၍ ခရိုင်လေးခု ပါဝင်ပြီး မြို့နယ် ၁၁ မြို့နယ်၊ ကျေးရွာ ပေါင်း ၉၃၆ ရွာ တည်ရှိသည်။ အဆိုပါ ကျေးရွာ ၉၃၆ ရွာအနက် ကျေးရွာ ၃၉၂ ရွာသည် ရာသီမရွေးသွားလာနိုင်ပြီး ၅၄၄ ရွာသည် ပွင့်လင်းရာသီမှ သွားလာနိုင် သည့် လမ်းများဖြစ်သည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နေထိုင်ကြသော ကျေးလက်နေပြည်သူ ၂၂၀၀၀၀ ကျော်အတွက် မြေသားလမ်း၊ ဆိုင်ကယ်လမ်းတို့ကို ရာသီမရွေးသွား လာနိုင်သော ကတ္တရာလမ်း၊ ကွန်ကရစ် လမ်း၊ ကျောက်ချောလမ်း၊ အမာခံလမ်း များအဖြစ်လည်းကောင်း၊ ကျေးလက် နေပြည်သူများ၏   ကိုယ့်အားကိုယ်ကိုး တည်ဆောက်ထားသော  ဝါးတံတား၊ သစ်သားတံတားများကို သဘာဝဘေး ဒဏ်ခံနိုင်သော     သံကူကွန်ကရစ် တံတားများအဖြစ် လည်းကောင်း ကျေး လက်လမ်းဖွံ့ဖြိုးရေး    ဦးစီးဌာနက အဆင့်မြှင့်တင် တည်ဆောက်ပေးလျက် ရှိသည်။
မူဝါဒနှင့် ရည်မှန်းချက်
ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုး တိုးတက်ပြီး   ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေ ပြည်သူများ၏   လူမှုစီးပွားဘဝ   ဖွံ့ဖြိုး တိုးတက်စေရန် ရည်မှန်းချက်ဖြင့် ကျေး လက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် စတင်ဖွဲ့စည်း ခဲ့သည်။ ကျေးလက်လမ်း၊ တံတားများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေး၊ ကျေးလက် ထုတ်ကုန်များ ကုန်ကျစရိတ်သက်သာ စွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက် ရှိရေး၊  ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ် များအတွက်  ကျေးလက်လမ်း ကွန်ရက် များ အသုံးပြု၍ အမြန်ဆုံး ဆက်သွယ် သွားလာနိုင်ရေး၊    အမျိုးသား ပို့ဆောင် ရေး ပင်မစီမံကိန်းကို အထောက်အကူ ဖြစ်စေရေး စသည့်အချက်များကို  ချမှတ် ဆောင်ရွက်လျက်ရှိသည်။
မဟာဗျူဟာရည်မှန်းချက် 
ကျေးလက်လမ်းဖွံ့ဖြိုးရေး   ဦးစီး ဌာန၏ မဟာဗျူဟာရည်မှန်းချက်မှာ ၂၀၃၀   ပြည့်နှစ်တွင်   မြန်မာနိုင်ငံရှိ ကျေးရွာများအားလုံး၏ ၈၀ ရာခိုင်နှုန်း နှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀  ရာခိုင်နှုန်းသည်  ရာသီမရွေးသွား လာနိုင်သည့် ကျေးလက်လမ်းများကို အသုံးပြုနိုင်ရန်ဖြစ်ပြီး စာရင်းကောက် ယူထားသည့် ကျေးရွာများအနက် လူဦး ရေ ၁၀၀၀ နှင့်အထက်ရှိ ကျေးရွာများကို ၂၀၂၀ပြည့်နှစ်တွင်လည်းကောင်း၊ လူဦး ရေ ၅၀၀ နှင့်အထက်ရှိ ကျေးရွာများ၏ ၉၅ ရာခိုင်နှုန်းကို  ၂၀၂၅  ခုနှစ်တွင်လည်း ကောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များ ရှိ လူဦးရေ ၂၅၀ နှင့်အထက်ရှိ ကျေးရွာ များ၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာ ၅၀ ရာခိုင်နှုန်းတို့ကို ၂၀၃၀ ပြည့်နှစ်တွင်လည်းကောင်း ရာသီ မရွေးသွားလာနိုင်သော လမ်းများအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။
အဆင့်မြှင့်တင်ဆောင်ရွက်နေ
ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည် နယ် (အရှေ့ပိုင်း) ကျေးလက်လမ်းဖွံ့ဖြိုး ရေး ဦးစီးဌာနအနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း ၅၅/၁ ဒသမ ၅၄ မိုင်၊ ကွန်ကရစ်လမ်း ၀/၂ မိုင်၊ ကျောက်လမ်း ၁၁၈/၁ ဒသမ ၀၇ မိုင်၊ ဂဝံလမ်း ၅/၇ ဒသမ ၃ မိုင်၊ မြေသားလမ်း ၅၇၄/၆ ဒသမ ၀၇ မိုင်၊ ဆိုင်ကယ်လမ်း ၁၁၃၈/၀ မိုင် စုစုပေါင်း ၁၈၉၂/၁ ဒသမ ၉၈ မိုင်ရှိခဲ့ရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ကုန်ဆုံးချိန်တွင် ကတ္တရာလမ်း ၇၃/၀ ဒသမ ၂၁ မိုင်၊ ကွန်ကရစ်လမ်း ၅/၄ ဒသမ နှစ်မိုင်၊ ကျောက်လမ်း ၁၆၄/၅ ဒသမ ၅၆ မိုင်၊  မြေသားလမ်း ၆၀၆/၁ ဒသမ ၅၃ မိုင်၊ ဆိုင်ကယ်လမ်း ၁၀၃၆/၇ ဒသမ ၁၈ မိုင် စုစုပေါင်း ၁၈၉၂/၁ ဒသမ ၉၈ မိုင် အထိ တိုးတက်အောင် ဆောင်ရွက်ပေး နိုင်ခဲ့သည်။
ထို့အတူ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် လေးနှစ်တာကာလအတွင်း    ကတ္တရာ လမ်း ၁၇/၆ ဒသမ ၆၇ မိုင်၊ ကွန်ကရစ် လမ်း ၅/၂ ဒသမ ၂ မိုင်၊ ကျောက်လမ်း ၄၆/၄ ဒသမ ၄၉ မိုင်၊ မြေသားလမ်း ၃၁/၂ ဒသမ ၄၆ မိုင် စုစုပေါင်း ၁၀၀/၇ ဒသမ ၈၂ မိုင်နှင့် ကွန်ကရစ်တံတား ၂၃ စင်း၊ ဘေလီတံတား နှစ်စင်း၊ Box Culvert ၁၄၁ စင်း စုစုပေါင်း ၁၆၆ စင်းကို ကျေး လက်နေပြည်သူများအတွက် အဆင့်မြှင့် တင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။ 
ဆောက်ရွက်လျက်ရှိသော
 လမ်း၊ တံတားလုပ်ငန်းများ
၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ်တွင် ကျိုင်းတုံခရိုင်အတွင်း  ကျိုင်းတုံ၊  မိုင်း ယန်း၊ မိုင်းခတ်နှင့် မိုင်းပျဉ်းမြို့နယ်တို့တွင် ကွန်ကရစ်လမ်း  ၃/၁  ဒသမ  ၂ မိုင်၊ ကျောက်ချောလမ်း ၁၅/၃ မိုင်၊ မြေသား လမ်း ၁၃/၂ မိုင် စုစုပေါင်း ၃၁/၆ ဒသမ ၂  မိုင်နှင့် ကွန်ကရစ်တံတား လေးစင်း၊ Box Culvert နှစ်စင်းတို့ကို အဆင့်မြှင့် တင် ဆောင်ရွက်လျက်ရှိရာ ရွာပေါင်း ၁၉၂ ရွာ၊ လူဦးရေ ၉၃၉၆၈ ဦးကို အကျိုး ပြုနိုင်မည်ဖြစ်သည်။
အထူးသဖြင့်    ကျိုင်းတုံမြို့နယ် အတွင်း ဆောင်ရွက်ပေးလျက်ရှိသည့် နောင်ငင်း-ဝမ်ဆိုင်း(လွယ်) လမ်းသည်  ကျိုင်းတုံ- မိုင်းမ-မိုင်းလား လမ်းမကြီးမှ လွယ်လူမျိုးများ အခြေချနေထိုင်ရာ ဝမ် ဆိုင်း(လွယ်)ရွာသို့ ချိတ်ဆက်ထားပြီး ကျေးရွာ ၁၇ ရွာရှိ လူဦးရေ ၅၀၇၅ ဦးကို အကျိုးပြုလျက်ရှိသည်။ 
ထို့အပြင် ဝမ်ဆိုင်းတောင်ပေါ်ကျေးရွာ တွင် စိုက်ပျိုးထားသည့် နှစ်ချို့လက်ဖက် ပင်များသည် နှစ်ပေါင်း ၇၀၀ ကျော် သက် တမ်းရှိပြီဖြစ်၍ ကမ္ဘာ့ကုလသမဂ္ဂ ပညာ ရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက် စကို)၏   အခြေပြု   ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ်  တင်သွင်းရန်  ကြိုး ပမ်းလျက်ရှိသည့်အတွက်   ပြည်တွင်း/ပြည်ပခရီးသွားများ   စိတ်ဝင်စားသော ဒေသတွင်းခရီးသွားလုပ်ငန်း   (Comm- unity Base Tourism-CBT) အတွက် များစွာ   အကျိုးဖြစ်ထွန်းနိုင်မည်ဖြစ် သည်။ 
အဆိုပါလမ်းသည်  ၇/၆ မိုင်  ရှည် လျားသော Class(A) အမျိုးအစားလမ်း ဖြစ်ပြီး ယခင် မြေသားလမ်းအဖြစ်မှ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကွန် ကရစ်လမ်း  ၂/၀  မိုင်၊  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကွန်ကရစ်လမ်း ၂/၀ မိုင်ကို ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိ နေသော ၃/၆ မိုင်ကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာ ရေးနှစ်တွင်     ကွန်ကရစ်လမ်းခင်းရန်    လျာထားစီစဉ်ထားပြီးဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်း   တာချီ လိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် မိုင်း ယောင်းမြို့နယ်တို့တွင် ကတ္တရာလမ်း ၃/၇မိုင်၊ ကျောက်ချောလမ်း ၁၀/၄ ဒသမ ၃မိုင်၊ မြေသားလမ်း ၂/၇ မိုင် စုစုပေါင်း ၁၇/၂ ဒသမ ၃ မိုင်နှင့် ကွန်ကရစ်တံတား တစ်စင်း၊ Box Culvert ရှစ်စင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ရွာပေါင်း ၉၃ ရွာ၊ လူဦးရေ ၃၄၈၈၄ ဦးကို အကျိုးပြုနိုင်မည်ဖြစ်သည်။ 
တာချီလိတ်မြို့နယ်အတွင်း အကောင် အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့သည့်  ယန်းကျောက်-ကော်မယ်လိတ်- မလိပါ ကော်-ဖတ်ဟိ(အခါ)-ဝှေလု-ဝှေလေ လန်လမ်းသည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ်လမ်းမကြီးနှင့် မယ်ယန်း - ပါဆာ -စံဖူး လမ်းမကြီးနှစ်ခု ကို ချိတ်ဆက်ထားသည့် ဖြတ်လမ်းဖြစ် သည့်အပြင် တာချီလိတ်မြို့နယ်အတွင်း လူဦးရေအများဆုံး နေထိုင်လျက်ရှိသော မိုင်းကိုးကျေးရွာအုပ်စုနှင့်   မိုင်းဖုန်း(ခ)ကျေးရွာအုပ်စုနှစ်ခုရှိ    ကျေးရွာကိုးရွာ ကို ဆက်စပ်ဖြတ်သန်းသွားလျက်ရှိပြီး လမ်းဘေးဝဲယာတွင်  ရော်ဘာစိုက်ခင်း များ၊   လယ်/ယာစိုက်ခင်းများ   စိုက်ပျိုး ထားသည့် လမ်းတစ်လမ်းလည်း  ဖြစ် သည်။
အဆိုပါလမ်းသည် ၇/၇ မိုင် အရှည်ရှိ Class(A) အမျိုးအစားလမ်းဖြစ်ပြီး ယခင် မြေသားလမ်းအဆင့်မှ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဌာနအနေဖြင့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ၅/၀ မိုင်၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၂/၇ မိုင် ကတ္တရာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့သဖြင့် အချက်အချာကျသည့် ကျေးလက်ဒေသ တစ်ခုကို အဘက်ဘက်မှ အထောက် အကူဖြစ်စေသည့်အတွက် ကျေးလက် နေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်စေရန်    ချမှတ်ထားသည့် မဟာဗျူဟာ    ရည်မှန်းချက်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ သည်။
မိုင်းဆတ်ခရိုင်အတွင်းရှိ မိုင်းဆတ် နှင့် မိုင်းတုံမြို့နယ်တို့တွင် ကတ္တရာလမ်း ၂/၄ မိုင်၊ ကျောက်ချောလမ်း ၆/၂ ဒသမ ၃ မိုင်၊ မြေသားလမ်း ၁၈/၁ မိုင် စုစုပေါင်း ၂၆/၇ ဒသမ ၃မိုင်နှင့် Box Culvert ၁၀ စင်းတို့ကို   အဆင့်မြှင့်တင်ဆောင်ရွက် လျက်ရှိပြီး ကျေးရွာပေါင်း ၃၆ ရွာနှင့် လူဦးရေ ၈၇၂၀ ကို  အကျိုးပြုနိုင်မည် ဖြစ်သည်။  
ထို့အတူ  မက်မန်းခရိုင်  မက်မန်း မြို့နယ်တွင် ကျောက်ချောလမ်း ၂/၆ ဒသမ ၅ မိုင်၊ မြေသားလမ်း ၆/၀ မိုင် စုစု ပေါင်း ၈/၆ ဒသမ ၅ မိုင် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကျေးရွာပေါင်း ၅၄ ရွာနှင့် လူဦးရေ ၉၅၈၂ ဦးကို အကျိုး ပြုနိုင်မည်ဖြစ်သည်။
မဟာဗျူဟာ    ရည်မှန်းချက်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှု အနေဖြင့်    ဌာနကွပ်ကဲမှုအောက်ရှိ ကျေးရွာပေါင်း  ၉၃၆ ရွာတွင်  ၂၀၁၇-၂၀၁၈   ဘဏ္ဍာရေးနှစ်က   ရာသီမရွေး သွားလာနိုင်သော ကျေးရွာပေါင်း ၂၅၁ ရွာ (၂၆ ရာခိုင်နှုန်း)သာ ရှိခဲ့သည့်အခြေ  အနေမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ကုန်ဆုံးချိန် တွင် ရာသီမရွေးသွားလာနိုင်သော ကျေးရွာ ပေါင်း  ၃၉၂  ရွာ (၄၂ ရာခိုင်နှုန်း) ရှိလာမည် ဖြစ်သဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  တာဝန် ယူ ဆောင်ရွက်ခဲ့သည့်  လေးနှစ်တာ ကာလအတွင်း  ကျေးရွာပေါင်း  ၁၄၁ ရွာ (၁၆ ရာခိုင်နှုန်း)သို့  တိုးတက်အောင်  ဆောင်ရွက် ပေးနိုင်ခဲ့သည်။   
ထိုသို့    ရာသီမရွေး   သွားလာနိုင်သည့် ကျေးလက်လမ်းများအဖြစ် ဖော်ဆောင်ခြင်းဖြင့် လူဦးရေ ၇၉ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည့်  ကျေးလက်ဒေသသည်   မြို့ပြနှင့်  ကွာဟမှု နည်းပြီး   တစ်ပြေးညီ   လူမှုစီးပွားဘဝ  ဖွံ့ဖြိုး တိုးတက်စေရန်    ရှမ်းပြည်နယ်(အရှေ့ပိုင်း)    ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက  ကြိုးပမ်း ဆောင်ရွက်နိုင်ခဲ့သည်။
ဆက်လက် အဆင့်မြှင့်တင်မည်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေ ဖြင့် ချမှတ်ထားသည့် မဟာဗျူဟာ ရည်မှန်းချက် နှင့်အညီ    ပြည်နယ်အတွင်းရှိ   ကျေးရွာများကို ရာသီမရွေး သွားလာနိုင်သော လမ်းကွန်ရက်စနစ် ဖွံ့ဖြိုးတိုးတက်စေရန် ဆက်လက်၍  အဆင့်မြှင့် တင်  ဆောင်ရွက်သွားမည်ဖြစ်ရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၏လုပ်ငန်းများ  ပိုမိုတိုးတက် အောင်မြင်အောင်  ဆောင်ရွက်နိုင်သည်နှင့်အမျှ     ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း နေထိုင်လျက် ရှိသော ပြည်သူများ၏ လူမှုစီးပွားဘဝတို့သည်  အရှိန်အဟုန်ဖြင့်  ဖွံ့ဖြိုးတိုးတက်လာမည်မှာ မလွဲဧကန်ပင်ဖြစ်ပါကြောင်း        ရေးသားတင်ပြ လိုက်ရပေသည်။     ။