ကျိုတိုနာမည်ကျော် ကာတွန်းရုပ်ရှင် စတူဒီယိုတစ်ခုတွင် ဝန်ထမ်းများသေဆုံးစေခဲ့သည့် မီးရှို့တိုက်ခိုက်မှုကျူးလွန်ခဲ့သူကို ဂျပန်တရားရုံးက သေဒဏ်ချမှတ်

 

ကျိုတို   ဇန်နဝါရီ    ၂၅ 


ကျိုတို၏နာမည်ကျော် ကာတွန်းရုပ်ရှင်   စတူဒီယို တစ်ခုတွင် ဝန်ထမ်း ၃၆ ဦးကို သေဆုံးစေခဲ့သည့် မီးရှို့တိုက်ခိုက်မှုဖြင့်   အမျိုးသားတစ်ဦးကို    ဂျပန် တရားရုံးက သေဒဏ်စီရင်ချက်ချခဲ့သည်။ အဆိုပါအမှု သည်   ပြစ်မှုဆိုင်ရာတရားစီရင်မှုတွင်   ဆယ်စုနှစ် သုံးစုကျော်ကာလအတွင်း လူသေဆုံးမှုအများဆုံးဖြင့် စံချိန်တင်ခဲ့သည်။ 


ဥပဒေစုံစမ်းစစ်ဆေးရေးအရာရှိများက ၂၀၁၉ ခုနှစ် ဇူလိုင်လက  ကျိုတိုကာတွန်းရုပ်ရှင်စတူဒီယိုကို ဓာတ်ဆီလောင်းမီးရှို့ခဲ့သည့်    အာအိုဘာရှင်ဂျီကို နောက်ပိုင်းတွင် လူသတ်မှု၊ မီးရှို့မှုများဖြင့်  တရားစွဲခဲ့ သည်။ 


အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၃၂ ဦး  ထိခိုက် ဒဏ်ရာရရှိခဲ့သည်။  ကျိုတိုခရိုင်တရားရုံးက   အာအို ဘာရှင်ဂျီတွင် အပြစ်ရှိကြောင်း တွေ့ရှိခဲ့သည့်အတွက် ယခုလို ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားသူကြီး က အာအိုဘာရှင်ဂျီတွင် စိတ်ဖောက်ပြန်ရူးသွပ်မှုမရှိ သလို အမှားအမှန်ဆုံးဖြတ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။ အာအိုဘာသည် ကျိုတိုကာတွန်းရုပ်ရှင် စတူဒီယိုကို ပုဂ္ဂိုလ်ရေးခံစားချက်ဖြင့် ပြစ်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ 


တရားခံရှေ့နေများက အာဘိုဘာသည် စိတ်ပိုင်း ဆိုင်ရာ မူမမှန်မှုကို ခံစားနေခဲ့ရသည်ဟုဆိုကာပြစ်မှု ဆိုင်ရာ  တာဝန်ခံနိုင်စွမ်းမရှိကြောင်း   ပြောခဲ့သည်။ 


အင်န်အိတ်ချ်ကေ