ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် နည်းပညာတက္ကသိုလ်များနှင့် ကွန်ပျူတာတက္ကသိုလ်များ၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံအားကစားပြိုင်ပွဲ ကြက်တောင်ပြိုင်ပွဲတက်ရောက် ဆုချီးမြှင့်

 

နေပြည်တော်    ဇန်နဝါရီ    ၂၄


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ    နည်းပညာတက္ကသိုလ်များ နှင့် ကွန်ပျူတာတက္ကသိုလ်များ၏ တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲများကို    နေပြည်တော်    ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့်  သက်ဆိုင်ရာ  အားကစား နည်းအလိုက် သတ်မှတ်ထားသည့်ကွင်းရုံများတွင် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။ 


ကြည့်ရှုအားပေး


ယနေ့ Indoor Stadium (C) ရုံတွင် ကြက်တောင် ပြိုင်ပွဲ   တတိယနေရာနှင့်    ဗိုလ်လုပွဲ ပွဲစဉ်များကို ကျင်းပရာ   ပြိုင်ပွဲယှဉ်ပြိုင်ကစားနေမှုများကို   သိပ္ပံ နှင့်   နည်းပညာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန် ရှိသူများ၊  ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမား များ ကြည့်ရှုအားပေးသည်။ 


 ရင်းရင်းနှီးနှီး နှုတ်ဆက်


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အမျိုးသမီးတစ်ဦးချင်း တတိယ ဆုကို တောင်ကြီးဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်း ဇုန်နှင့်    ပထမဆုကို   ကျိုင်းတုံဇုန်တို့က   ရရှိကြရာ ဆုများကို နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း၊ အမျိုးသမီးအသင်းလိုက် တတိယဆုကို တောင်ကြီး ဇုန်၊ ဒုတိယဆုကို ရန်ကုန်အရှေ့ပိုင်းဇုန်နှင့် ပထမဆု ကို ကျိုင်းတုံဇုန်တို့ကရရှိကြရာ ဆုများကို အဆင့်မြင့် သိပ္ပံနှင့်နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ကလည်းကောင်း၊ အမျိုးသားတစ်ဦးချင်း တတိယဆု ကို ရန်ကုန်အနောက်ပိုင်းဇုန်၊ ဒုတိယဆုကို ရန်ကုန် အရှေ့ပိုင်းဇုန်နှင့် ပထမဆုကို တောင်ကြီးဇုန်တို့က ရရှိကြရာ ဆုများကို ဒုတိယဝန်ကြီးက လည်းကောင်း၊ အမျိုးသားအသင်းလိုက် တတိယဆုကို ကျိုင်းတုံဇုန်၊ ဒုတိယဆုကို   မကွေးဇုန်နှင့်   ပထမဆုကို   ရန်ကုန် အနောက်ပိုင်းဇုန်တို့က     ရရှိကြရာ     ဆုများကို ပြည်ထောင်စုဝန်ကြီးက   လည်းကောင်း   ချီးမြှင့် ပေးအပ်ခဲ့ပြီး(ဝဲပုံ) ကြက်တောင်ပြိုင်ပွဲဝင်  အားကစား မောင်မယ်များနှင့်     နည်းပြများကို     ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရ သည်။                       

သတင်းစဉ်