“(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” (ဒုတိယနေ့)ဆက်လက်ကျင်းပ

 

နေပြည်တော်  ဇန်နဝါရီ  ၂၃


ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူး ကျင်းပသော  “(၅၂)ကြိမ်မြောက် မြန်မာနိုင်ငံ    ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ”    ဒုတိယနေ့ ကို   ယနေ့တွင်   ရန်ကုန်မြို့     ဒဂုံ မြို့နယ်  အမှတ် - ၅  ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) ၌ကျင်းပရာ     နံနက်ပိုင်းတွင် သုတေသန      စာတမ်းရှင်များက အခြေခံ    သုတေသနစာတမ်း၊ အသုံးချ      သုတေသနစာတမ်း၊ ကျန်းမာရေးစနစ်          သုတေသန စာတမ်းစုစုပေါင်း   ၁၀   စောင်ကို ဖတ်ကြားတင်ပြကြသည်။  


ဖတ်ကြားတင်သွင်း


တင်သွင်းခဲ့သော   သုတေသန စာတမ်းများမှာ- ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၌ ပလပ်စ်မိုဒီယမ် ဗိုင်းဗက်စ်  သာမန်ငှက်ဖျားရောဂါ အပေါ်      ကလိုရိုကွင်းဆေး၏ အာနိသင်နှင့်         လုံခြုံစိတ်ချမှုကို စမ်းသပ်ခြင်း  သုတေသနစာတမ်း ကို      ဒေါက်တာ   မိုးကျော်မြင့်က လည်းကောင်း၊     မြန်မာနိုင်ငံ ဝိုင်းမော်မြို့နယ်ရှိ      ဗိုင်းဗက် ငှက်ဖျားပိုးများ၏    ဆေးယဉ်ပါး မှုကို  မော်လီကျူးနည်းပညာဖြင့် လေ့လာခြင်း  (၂၀၂၂) သုတေသန စာတမ်းကို  ဒေါက်တာမြတ်ထွဋ် ညွန့်ကလည်းကောင်း၊      မြန်မာ ဆေးယဉ်ပါး   တီဘီလူနာများတွင် လင်နီဇိုးလစ်ဆေးပမာဏ  နှစ်မျိုး ၏ ထိရောက်မှု၊ ဘေးကင်းမှုတို့ကို ခန္ဓာကိုယ်တွင်း         ဆေးဝါးကြမ္မာ (Pharmacokinetics)နှင့် ဆေးဝါး ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု (Pharmacodynamics) နည်းလမ်း ဖြင့်လေ့လာခြင်း     သုတေသန စာတမ်းကို ဒေါက်တာခင်နှင်းပွင့် ကလည်းကောင်း၊ အသက်(၄၀)နှစ်နှင့်အထက်   သွေးတိုးဝေဒနာ ခံစားနေရသော  လူနာများအကြား ကျန်းမာရေးဌာန၏            သွေးတိုး ရောဂါနှင့်ပတ်သက်သည့် ကျန်းမာ ရေးဝန်ဆောင်မှုများ   သုံးစွဲခြင်း နှင့်  ပတ်သက်ပြီး  လေ့လာသော သုတေသနစာတမ်းကို   ဒေါက်တာ မေစံပါယ်စိုး   ကလည်းကောင်း၊ ရန်ကုန်မြို့ရှိ  ဆေးရုံကြီးများတွင် မြွေကိုက်ခံရသော     ကလေးနှင့် ဆယ်ကျော်သက်    လူငယ်များ တွင်    ဖြစ်ပွားလေ့ရှိသော    ရောဂါ လက္ခဏာများ၊ နောက်ဆက်တွဲ ပြဿနာများ၊          ရောဂါကုသမှု အခြေအနေများကို    လေ့လာခြင်း သုတေသနစာတမ်းကို   ဒေါက်တာ ခင်သန်းရီ         ကလည်းကောင်း၊ အသည်းခြောက်ရောဂါ        ဖြစ်ပွား သော ကလေးများတွင်   အသည်း ၏        လုပ်ငန်းဆောင်တာများ နှင့် အသည်းမကောင်းခြင်းကြောင့် နောက်ဆက်တွဲဦးနှောက်ထိခိုက် မှုအပေါ် ပရိုဘိုင်အောတစ်ဆေးဝါး ၏ အကျိုးသက်ရောက်မှုကိုလေ့လာ ခြင်း        သုတေသနစာတမ်းကို ဒေါက်တာသက်နိုင်ထွန်းကလည်း ကောင်း၊    ဝေသာရဇ္ဇဆေးပုလဲ ကလာပ်   (တိုင်းရင်းဆေးအမှတ်- ၂၃) ၏ ရက်တိုအဆိပ်အာနိသင်နှင့် နာကျင်ကိုက်ခဲမှု     သက်သာစေ သော   အာနိသင်အား ဓာတ်ခွဲခန်း တိရစ္ဆာန်များအပေါ်တွင်  စမ်းသပ် ခြင်းသုတေသနကို  ဒေါ်မို့မို့အောင် ကလည်းကောင်း၊   ရန်ကုန်တိုင်း ဒေသကြီး   ဗိုလ်တထောင်ခရိုင် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီရုံး ဝန်ထမ်းများတွင် သွေးတိုးရောဂါ    ဖြစ်ပွားမှုနှင့် ဆိုင်သောအချက်များအား  လေ့လာ ခြင်း           သုတေသနစာတမ်းကို ဒေါ်ခင်ယမင်းဟန်       ကလည်း ကောင်း၊  ကိုဗစ်-၁၉ ရောဂါကာလ အတွင်း      သွေးလှူဒါန်းခြင်းနှင့် ပတ်သက်၍     သိမြင်နားလည် သဘောပေါက်မှုနှင့် အလေ့အကျင့် များအား လေ့လာဆန်းစစ်ခြင်းနှင့် သွေးဘဏ်လုပ်ငန်းများ    ရင်ဆိုင် ကြုံတွေ့ရသော    အခက်အခဲ စိန်ခေါ်မှုများကို    အရည်အသွေး စံထား     လေ့လာဆန်းစစ်ခြင်း သုတေသန  (အမျိုးသားသွေးဌာန၊ ရန်ကုန်)  ၌    လေ့လာတွေ့ရှိချက် သုတေသနကို ဒေါက်တာ ရန်လင်း မောင်  ကလည်းကောင်း၊   ရန်ကုန် ပြည်သူ့ဆေးရုံကြီး      အထူးကု ဆေးရုံကြီး(ခုတင်-၅၀၀) (ရန်ကုန်) နှင့် အထွေထွေရောဂါကု   ဆေးရုံ သစ်ကြီး (ရန်ကုန်) တို့ရှိ   ဓာတ်ခွဲ ဌာနများ၏     ဓာတ်ခွဲစစ်ဆေးမှု လုပ်ငန်းများတွင်   လူနာဘေးကင်း လုံခြုံမှုအစဉ်အလာအား  ဆန်းစစ် ခြင်း   (၂၀၂၀-၂၀၂၁)   သုတေသန စာတမ်းကို         ဒေါက်တာအောင် ဝေဖြိုးကလည်းကောင်း ဖတ်ကြား တင်သွင်းခဲ့ကြပြီး     တက်ရောက် လာသူများက   မေးမြန်းဆွေးနွေးအကြံပြုခဲ့ကြသည်။


နံနက်ပိုင်း    သဘာပတိများ အဖြစ်      ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်း၊    ဆေး သုတေသနဦးစီးဌာန   ညွှန်ကြား ရေးမှူးချုပ်  ပါမောက္ခဒေါက်တာ ဇော်သန်းထွန်း၊    တိုင်းရင်းဆေး ပညာဦးစီးဌာန    ညွှန်ကြားရေး မှူးချုပ်        ဒေါက်တာ  စုစုဒွေးနှင့် ဆေးသုတေသနဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာ မို့မို့ထွန်းတို့က ဆောင်ရွက်ခဲ့ကြပြီး စာတမ်းဖတ်ပွဲသို့        ဘာသာရပ် ဆိုင်ရာ ပညာရှင်များ၊    သုတေသီ များနှင့် စာတမ်းရှင်များ ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။


မွန်းလွဲပိုင်းတွင်   “မကူးစက် တတ်သော            ရောဂါများအား ကာကွယ်ခြင်း၊   ထိန်းချုပ်ခြင်းနှင့် ရှေ့ဆက်လက်  ဆောင်ရွက်သင့်သည့်လုပ်ငန်းများဆိုင်ရာ ဆွေးနွေး ခြင်း -  Non - Communicable Diseases: Prevention, Promoting Control and the Way Forward” ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို ကျင်းပရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြင့်မြင့်သန်းနှင့်    ဆေး သုတေသနဦးစီးဌာန    ညွှန်ကြား ရေးမှူးချုပ်  ပါမောက္ခဒေါက်တာဇော်သန်းထွန်းတို့က သဘာပတိ များအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ 


ဆွေးနွေးအကြံပြု


ထို့ပြင်      ရုရှားသိပ္ပံပညာ ဆိုင်ရာအကယ်ဒမီအဖွဲ့ဝင် ကင်ဆာ ရောဂါပါရဂူ ပါမောက္ခ Vladimir Moiseenko  က  ကင်ဆာရောဂါ များအတွက် နောက်ဆုံးပေါ်ကုထုံး အကြောင်းကို  Online မှတစ်ဆင့် ပါဝင်ဆွေးနွေးသည်။    ပညာရပ် ဆိုင်ရာ          နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ သုတေသီများ ၁၅၀   ခန့်   တက် ရောက်ခဲ့ကြပြီး    တက်ရောက်လာ သူများက     မေးမြန်းဆွေးနွေး အကြံပြုခဲ့ကြကြောင်း  သိရသည်။ 


သတင်းစဉ်