MSME လုပ်ငန်းများအောင်မြင်ရန် ပြည်နယ်အစိုးရ၊ MSME အေဂျင်စီနှင့်လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ်(ကြည်း) 
ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊
 ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများအားတွေ့ဆုံ

နေပြည်တော်   ဇန်နဝါရီ  ၂၃


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊  ကာကွယ် ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  သည် ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား နှင့် အလတ်စား(MSME)  စီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်  ဒေသခံတိုင်းရင်းသား များအား ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့ရှိ ဇွဲကပင် ခန်းမ၌  တွေ့ဆုံသည်။


တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်  ကာကွယ်ရေးဦးစီးချုပ် (ကြည်း) နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်း မောင်၊  ပြည်ထောင်စုဝန်ကြီးများ၊  ကရင်ပြည်နယ် ဝန်ကြီးချုပ်၊  ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊    အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ကရင်ပြည်နယ်အတွင်းရှိ အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းရှင်များ၊     ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြသည်။


ဦးစွာ  ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က       ကရင်ပြည်နယ်အတွင်းရှိ      ဒေသဆိုင်ရာ အချက်အလက်များနှင့်     ဆောင်ရွက်လျက်ရှိသော အသေးစား၊ အငယ်စားနှင့်   အလတ်စား   စီးပွားရေး လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်ရေးအတွက်     လုပ်ငန်း များ       အကောင်အထည်ဖော်     ဆောင်ရွက်နေမှု    အခြေအနေများကို ရှင်းလင်းတင်ပြသည်။


ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေး 


ဆက်လက်ပြီး          တက်ရောက်လာကြသည့်  ဆန်လုပ်ငန်းရှင်များ ကိုယ်စားလှယ် ဦးအောင်ဇော်ထက် နှင့် ဟိုတယ်လုပ်ငန်းရှင်များကိုယ်စား  မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း  (ကရင်ဇုန်) ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းအောင်ကျော်တို့က  လုပ်ငန်း များ   ဆောင်ရွက်မှုအခြေအနေများနှင့် ဆောင်ရွက် ရာတွင်    ကြုံတွေ့ရသည့်   အခက်အခဲများ၊   ကရင် ပြည်နယ်အတွင်း    ခရီးသွားလာမှုလုပ်ငန်းဆိုင်ရာ များနှင့်ပတ်သက်၍          ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်၊    ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများ က  နိုင်ငံတော်အနေဖြင့် MSME လုပ်ငန်းများ   ဖွံ့ဖြိုး တိုးတက်စေရေးအတွက်      တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ချေးငွေများထုတ်ချေးပေးထားမှုနှင့် အကျိုးရှိစွာသုံးစွဲ ကြရန်လိုအပ်သည့်   အခြေအနေများ၊   ဒေသဖွံ့ဖြိုး တိုးတက်ရန်အတွက်  နယ်မြေတည်ငြိမ်အေးချမ်းရန် လိုအပ်လျက်ရှိသည့်    အခြေအနေများကို  လည်း ကောင်း၊   သက်ဆိုင်ရာဝန်ကြီး၊    ဒုတိယဝန်ကြီးများက ဝန်ကြီးဌာနများအလိုက်   MSME  လုပ်ငန်းများနှင့် ပတ်သက်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးမှု၊ လူ့စွမ်းအားအရင်းအမြစ်    ဖွံ့ဖြိုးတိုးတက်စေရေး အတွက်   လေ့ကျင့်သင်ကြားဆောင်ရွက်ပေးနေမှု၊ လုပ်ငန်းအတွက်  ချေးငွေရယူလိုမှုနှင့်ပတ်သက်၍ လုပ်ငန်းရှင်များအနေဖြင့်  ဥပဒေ၊  လုပ်ထုံးလုပ်နည်း များနှင့်အညီ တင်ပြဆောင်ရွက်နိုင်မှု၊    ဒေသဖွံ့ဖြိုး ရေးနှင့် လူမှုစီးပွားဘဝမြင့်မားစေရေး၊  ဝင်ငွေတိုးပွား စေရေးတို့အတွက် သမဝါယမအသင်းအဖွဲ့များစုဖွဲ့၍ လိုအပ်သည့်အရင်းအနှီးများ  မတည်ဆောင်ရွက်ပေး မှု၊ သွင်းအားစုရရှိရေးအတွက်လည်း  ဆောင်ရွက်ပေး လျက်ရှိသဖြင့်        သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် လက်အောက်ရှိ    နယ်မြေခံဦးစီးဌာနများမှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်နိုင်မှု၊  MSME  လုပ်ငန်းနှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်ဆိုင်ရာ  မူပိုင်ခွင့်များ ရရှိရန်လိုအပ်မှု၊ ဝန်ကြီးဌာနများအလိုက် တိုင်းဒေသ ကြီးနှင့်  ပြည်နယ်များရှိ  MSME  လုပ်ငန်းများအား အားပေးကူညီဆောင်ရွက်ပေးလျက်ရှိမှု      စသဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက်   ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။


ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ    ဒုတိယဥက္ကဋ္ဌ       ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်     ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)   ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး တင်ပြချက် များအပေါ်    တာဝန်ရှိသူများနှင့်    ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ 


ပြည်ပသို့တင်ပို့နိုင်သည်အထိ 
ရည်မှန်းချက်ထားဆောင်ရွက်


ထို့နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ     ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်      ကာကွယ်ရေးဦးစီးချုပ် (ကြည်း)  က အမှာစကားပြောကြားရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် လာရောက် စဉ် MSME နှင့်ပတ်သက်သည့်  လမ်းညွှန်ချက်များ အပေါ်   အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများသိရှိနိုင်ရန်နှင့် MSME  လုပ်ငန်းလိုအပ် ချက်များသိရှိဖြည့်ဆည်းပေးနိုင်ရန်အတွက် လာရောက် ခြင်းဖြစ်ကြောင်း၊  နိုင်ငံတော်အနေဖြင့် ပြည်တွင်းမှ ထွက်ရှိသော  ကုန်ကြမ်းအခြေခံ စားသုံးဆီ၊  ဆန်နှင့် ဆန်ကွဲ၊ ဝါ၊ ရော်ဘာ၊ လက်ဖက်၊  ကော်ဖီ၊ ကြိမ်၊ သစ်၊ ဝါး စသည်ဖြင့်  ၁၀ မျိုးကို ဒေသနှင့်ကိုက်ညီမှုအလိုက် ဆောင်ရွက်ရန်   သတ်မှတ်ထားကြောင်း၊   ကုန်ချော ထုတ်နိုင်ရန်မှာ ကုန်ကြမ်းသည်  အဓိကလိုအပ်ချက် ဖြစ်ပြီး မိမိတို့ဒေသအလိုက်  ထွက်ရှိသည့် ကုန်ကြမ်း ကို  အခြေခံ၍   စဉ်းစားဆောင်ရွက်ရန်  လိုကြောင်း၊ ကုန်ကြမ်းမှ  ကုန်ချောအဖြစ် ထုတ်လုပ်ရာတွင် One Region One Product အဖြစ် ဆောင်ရွက်၍ မိမိဒေသ မှ ပြည်တွင်းဖူလုံသည်အထိ  ၎င်းမှ ပြည်ပသို့တင်ပို့ နိုင်သည်အထိ  ရည်မှန်းချက်ထားဆောင်ရွက်သွားရန် လိုကြောင်း။

ပုဂ္ဂလိကဘဏ်  ၁၆ ခုမှလည်း ငွေချေးငှား 
ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိ


MSME များ  အောင်မြင်ရန်မှာ  ဒေသမှ  ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ MSME အေဂျင်စီများ၊ MSME Member များနှင့်   ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်မှုသည်   အရေးကြီးကြောင်း၊ ကုန်ချော ထုတ်လုပ်နိုင်မှသာ  မိမိတို့ဒေသ စားသောက်ကုန်နှင့် သုံးကုန်အတွက်  ဖူလုံနိုင်မည်ဖြစ်ပြီး ပိုလျှံပါကလည်း ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် သွင်းကုန်အစားထိုး          ထုတ်လုပ်နိုင်ခြင်းပင်ဖြစ် ကြောင်း၊   တင်ပြချက်များအရ  ကရင်ပြည်နယ်တွင် စက်မှုလုပ်ငန်း  ၁၁၈၇  ခုနှင့် Member  ဝင် ၆၂၅ ဦး တွေ့ရှိရကာ ဘားအံနှင့်  မြဝတီစက်မှုဇုန်  နှစ်ဇုန်ရှိပြီး ကုန်ထုတ်လုပ်မှုတွင် ထိုက်သင့်သလောက် ဆောင်ရွက် နိုင်သည်ကို တွေ့ရှိရကြောင်း၊ လုပ်ငန်းရှင်များအနေ ဖြင့်လည်း    MSME   Member  Card  အားလုံး လုပ်ဆောင်ကြရန်လိုပြီး  ထိုသို့ လုပ်ဆောင်ခြင်းဖြင့် လုပ်ငန်းများ တိုးချဲ့နိုင်ရန်လိုအပ်သော  အရင်းအနှီး ချေးယူနိုင်မှုအခွင့်အလမ်းများ      ရရှိနိုင်မည်ဖြစ် ကြောင်း၊  Member Card သည် ပြည်နယ်၏ MSME လုပ်ငန်းရှင်အဖြစ်  အသိသက်သေပင်ဖြစ်ကြောင်း၊ ယခုအခါ   အရင်းအနှီးအတွက်   ငွေချေးယူနိုင်ရန် MSME ဖွံ့ဖြိုးရေးချေးငွေသာမက    ပုဂ္ဂလိကဘဏ်  ၁၆ ခုမှလည်း Collateral Type အရ ငွေချေးငှား ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း။ 


နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်အား   မလွှဲမရှောင်သာ၍  ခေတ္တ တာဝန်ယူနေစဉ်  ကာလအတွင်း  နိုင်ငံရေးရည်မှန်း ချက်နှစ်ရပ်အဖြစ်    စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီဖော်ဆောင်ရေးနှင့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို     အခြေခံသည့်    ပြည်ထောင်စု တည်ဆောက်ရေးကိုချမှတ်ထားပြီး  အမျိုးသားရေး ရည်မှန်းချက်အနေဖြင့်လည်း     တိုင်းပြည်သာယာ ဝပြောရေးနှင့်    စားရေရိက္ခာဖူလုံရေးကို    ချမှတ် ဖော်ဆောင်လျက်ရှိကြောင်း၊   ထိုသို့  ဖော်ဆောင်ရာ တွင်  တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံရေးတို့အတွက် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး နှင့်   အကျုံးဝင်သော    စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့် တိုးတက်အောင် ဆောင်ရွက် ပြီး    အခြားစီးပွားရေးကဏ္ဍများကိုလည်း    ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင်  တည်ဆောက်ရေး၊  တိုးတက် ကောင်းမွန်လာသည့်      စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍  MSME  စက်မှုလုပ်ငန်းများကို  အားပေး ဆောင်ရွက်ကာ  ပို့ကုန်ကဏ္ဍမြှင့်တင်ရေး၊  ပြည်တွင်း စားသုံးဆီဖူလုံရေးအတွက်    ဆီထွက်သီးနှံစိုက်ပျိုးမှု ကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင်  ဆောင်ရွက်၍   နိုင်ငံအတွင်း  ဖူလုံမှုမှ သည်      ပြည်ပသို့တင်ပို့နိုင်သည်အထိ     ကြိုပမ်း ဆောင်ရွက်ရေးဟူသည့်  စီးပွားရေးဦးတည်ချက်များ ကို    လက်တွေ့ကျကျ      ရေးဆွဲဖော်ဆောင်လျက် ရှိကြောင်း။ 


လိုအပ်ချက်များ ဖြည့်ဆည်းပေးလျက်ရှိ


MSME လုပ်ငန်းသည်   အမျိုးသားရေးရည်မှန်း ချက်နှင့်  တိုက်ရိုက်ဆက်စပ်မှုရှိနေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း၊     နိုင်ငံတော်ဝန်ကြီးချုပ်သည် အသေးစား၊  အငယ်စားနှင့်  အလတ်စား စီးပွားရေး လုပ်ငန်းများ      ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌဖြစ်ပြီး  တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ MSME လုပ်ငန်းများကို အလေးထား၍  သွားရောက် တွေ့ဆုံမှုများပြုလုပ်ကာ   လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိကြောင်း။


MSME  လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး 
၁၇၀ ဘီလီယံအထိ မတည်ထုတ်ပေးထား


MSME  တွေ့ဆုံမှုများတွင်  အများဆုံးတင်ပြလာ သည့်လိုအပ်ချက်အဖြစ် အရင်းအနှီးအတွက် ချေးငွေ လိုအပ်ချက်၊   နည်းပညာလိုအပ်ချက်၊     ကုန်ကြမ်း လိုအပ်ချက်၊ ဈေးကွက်လိုအပ်ချက်နှင့်  စက်ပစ္စည်း ကိရိယာ၊   မြေနေရာလိုအပ်ချက်များကို   တင်ပြ ကြသည်ကိုတွေ့ရှိရကြောင်း၊ ယင်းအနက် အရင်းအနှီး လိုအပ်ချက်ကို  အများဆုံးတွေ့ရှိရသဖြင့်  နိုင်ငံတော် အနေဖြင့်  MSME  လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၁၇၀ ဘီလီယံအထိ မတည်ထုတ်ပေးထားပြီး ဖြစ်ကြောင်း၊ သတ်မှတ်ထားသော စံချိန်စံညွှန်းများ နှင့်    ကိုက်ညီမှုရှိပါက   Online  လျှောက်လွှာဖြင့် ပုဂ္ဂလိကဘဏ်  ၁၆  ခုတို့ဖြင့်လည်း    ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း။


နည်းပညာနှင့်ပတ်သက်၍  ကုန်ပစ္စည်းအရည်အသွေးကောင်းမွန်ရန်မှာ  လူ့စွမ်းအားအရင်းအမြစ် (HR) ဖွံ့ဖြိုးမှုသည် အဓိကကျကြောင်း၊ ဈေးကွက်မရ ရှိခြင်းနှင့် ရေရှည်မထိုးဖောက်နိုင်ခြင်းသည် Labour Skill တွင် လိုအပ်ချက်ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ကျွမ်းကျင်လုပ်သားရရှိရေးအတွက် ဝန်ကြီးဌာန ၁၀ ခုတွင်   လုပ်ငန်းအလိုက်   သင်တန်း  ၂၆၀  လေ့ကျင့် သင်ကြားပေးလျက်ရှိကြောင်း၊     ၎င်းသင်တန်း အမျိုးအစားနှင့်  ကာလများကို MSME Web portal တွင်    တင်ပေးထားရှိပြီး   ဒေသအလိုက်    MSME အေဂျင်စီများကလည်း         အားလုံးသိရှိနိုင်အောင် Awareness လုပ်ပေးနေရန်လိုကြောင်း၊   ကျွမ်းကျင် လုပ်သားရှိမှသာ      အရည်အသွေးကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများရရှိမည်ဖြစ်ပြီး ဈေးကွက်အတွင်း ဝယ်လိုအား  Demand လည်း  ရှိလာမည်ဖြစ်ကြောင်း၊ အလားတူ တစ်နိုင်ငံလုံးရှိ  လူငယ်များအတွက် KG+9 အောင်မြင်ပြီး၍ အကြောင်းအမျိုးမျိုးကြောင့် အခြေခံ ပညာအထက်တန်းနှင့် အဆင့်မြင့်ပညာတက်ရောက် ရန်   အခက်အခဲရှိသူများအတွက်  ခရိုင် ၅၁ ခုတွင် ကျောင်း ၅၁ ကျောင်းဖွင့်လှစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် စက်မှုပညာရပ်များကို  လုပ်ငန်းခွင်ကျွမ်းကျင်မှု ရှိစေရေး   သင်ကြားပေးလျက်ရှိကြောင်း၊    ၎င်းတို့ အနေဖြင့်  Certificate  ရရှိပြီး    လုပ်ငန်းခွင်ဝင်နိုင် သကဲ့သို့   ထူးချွန်ပါကလည်း  ၎င်းတို့သင်ယူခဲ့သည့် ဘာသာဖြင့်    တက္ကသိုလ်ပညာရေးကို    ဆက်လက် သင်ယူနိုင်ကြောင်း။ 


ကုန်ချောထုတ်နိုင်ရေးကြိုးပမ်းဆောင်ရွက်


ကုန်ကြမ်းလိုအပ်ချက်နှင့်ပတ်သက်၍     ဒေသမှ ထွက်ရှိသည့်  ကုန်ကြမ်းကိုသာ အခြေခံ၍ ကုန်ချော ထုတ်နိုင်ရေး   ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လိုအပ်သောကုန်ကြမ်းကို  ပြည်ပမှဝယ်ယူခြင်းဖြင့် နိုင်ငံခြားငွေကုန်ကျခြင်းနှင့်  အခြားသော ကန့်သတ် ချက်များကြုံတွေ့နိုင်ပြီး  ရေရှည်ဆောင်ရွက်ရာတွင် အခက်အခဲဖြစ်နိုင်ကြောင်း၊ နိုင်ငံအတွင်း ဒေသအလိုက် ရရှိနိုင်သော  ကုန်ကြမ်းများရှိပြီးဖြစ်ကြောင်း၊  ကရင် ပြည်နယ်တွင်  ရော်ဘာထွက်ရှိမှုနှင့် နည်းပညာအရ အခြားဒေသများထက်     အားသာမှုရှိကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်   လမ်းညွှန်သကဲ့သို့  ရော်ဘာ ထွက်ကုန်အား    တစ်နိုင်ငံလုံး     ယာဉ်အမျိုးမျိုး၏ တာယာများတွင် အသုံးပြုသကဲ့သို့ အခြားလူသုံးကုန် များတွင်လည်း  အမြောက်အမြား  အသုံးပြုနေသည့် ဈေးကွက်များရှိပြီးဖြစ်ကြောင်း၊   သို့ဖြစ်၍    အရည် အသွေးကောင်းမွန်အောင် ထုတ်လုပ်နိုင်ရေး ကြိုးပမ်း သွားရန်လိုကြောင်း။


ဈေးကွက်လိုအပ်ချက်အနေဖြင့် MSME အေဂျင်စီ များမှတစ်ဆင့်    ဝန်ကြီးဌာနများနှင့်    ဆက်သွယ် ဆောင်ရွက်နေရန်လိုကြောင်း၊ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်တွင်    ကျရောက်မည့်   (၇၇)   နှစ်မြောက် ပြည်ထောင်စုနေ့တွင်  တိုင်းဒေသကြီးနှင့်ပြည်နယ် အလိုက် MSME ထုတ်ကုန်ပြပွဲ ပြိုင်ပွဲများ ပြုလုပ်ပေး ရန်    စီစဉ်ထားကြောင်း၊    မိမိတို့၏ဒေသအလိုက် ထွက်ရှိသည့်  ထုတ်ကုန်များကို အကောင်းဆုံးပြင်ဆင်၍    ပွဲထုတ်သွားရန်လိုကြောင်း၊  အချို့ကုန်စည်များသည် ပြည်တွင်းတွင် အရည်အသွေးမီ ထုတ်နိုင်သော်လည်း     အများစုသည်      ကောင်းစွာ မသိကြကြောင်း၊     ဈေးကွက်ရှာဖွေရေးအတွက်    ဝန်ကြီးဌာနများမှတစ်ဆင့်  ဆက်သွယ်၍ ပြပွဲ၊  ပြိုင်ပွဲ များပြုလုပ်ကာ Promotion ပြုလုပ်ပေးရန် လိုကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့်      မန္တလေးတိုင်းဒေသကြီး တို့သည်    သီလဝါအထူးစီးပွားရေးဇုန်  (SEZ)  နှင့် ဆက်သွယ်၍  ပြည်ပဈေးကွက်သို့    ချိတ်ဆက်တင်ပို့ နိုင်၍    အချို့ ထုတ်ကုန်များ    အမှာစာပေးပို့လာသည်ကို    တွေ့ရကြောင်း၊ သီလဝါအထူစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ဟူ၍ (၂) ပိုင်းရှိပြီး စီမံခန့်ခွဲမှုကော်မတီနှင့်   ဆက်သွယ်၍    မိမိတို့၏ ကုန်ပစ္စည်းများကိုတင်ပို့နိုင်ရန်    ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း၊   ထို့အပြင်   တိုင်းဒေသကြီးနှင့် ပြည်နယ်များအချင်းချင်း  ချိတ်ဆက်၍     သုံးစွဲသူတို့၏   လိုအပ်ချက်များနှင့်   အကြိုက်ကို    သိရှိရန်လိုပြီး   နည်းပညာဖြင့်    အရည်အသွေးမီ   ထုတ်လုပ်နိုင်ရန် လိုကြောင်း၊  ထို့ကြောင့် ဈေးကွက်ရရှိရေး ပြည်နယ် အစိုးရ၊ MSME အေဂျင်စီများအနေဖြင့်     သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့်   ဆက်သွယ်ဆောင်ရွက်နေရန် လိုသကဲ့သို့   လုပ်ငန်းရှင်များကလည်း  မိမိတို့၏ ထုတ်ကုန်များ    အရည်အသွေးမြှင့်၊    တန်ဖိုးမြှင့် ထုတ်လုပ်နိုင်ရန် လိုကြောင်း။ 


ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့်ထား


စိုက်ပျိုးရေးတွင် မျိုးရွေးချယ်မှုသည် အရေးကြီး ကြောင်း၊     အချို့ဒေသများတွင်    ဈေးကောင်းရသည့် မျိုးကို ကန်ထရိုက်စနစ်ဖြင့်   စိုက်ပျိုးအောင်မြင်နေ သည်ကို   တွေ့ရကြောင်း၊    ပြည်ပဈေးကွက်တွင် သာမန်ဆန်   မက်ထရစ်  ၁  တန်   ဒေါ်လာ ၃၅၀ မှ ၄၅၀ ကြားခန့်သာရှိချိန်တွင်   အမျိုးအစားကောင်းပြီး အရည်အသွေးပြည့်သည့်      ဆန်မွှေးသည်   ဒေါ်လာ ၁၂၀၀ ခန့်  ရရှိနိုင်ကြောင်း၊ ထို့ပြင် စိုက်နည်းစနစ်နှင့် သွင်းအားစုမကွာခြားသော်လည်း မိရိုးဖလာ စိုက်ပျိုး သည့်    ပုံစံနှင့်  သိပ္ပံနည်းကျဧကကွက်ဖော်ဆောင် စိုက်ပျိုးမှုသည် အကျိုးကျေးဇူးရရှိမှု  များစွာကွာခြား သည်ကို  သိရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများ အောင်မြင်ရန်    စုပေါင်းညီညာအောင်ကြောင်းဖြာ ဆိုသည့်စကားအတိုင်း   ပြည်နယ်အစိုးရ၊  MSME အေဂျင်စီနှင့်လုပ်ငန်းရှင်များ၊    ဒေသခံပြည်သူများ ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ထို့အပြင် ဒေသ အလိုက် တည်ငြိမ်အေးချမ်းမှုသည် မရှိမဖြစ်လိုအပ်ပါ ကြောင်း၊  နိုင်ငံတော်အနေဖြင့် ငြိမ်းချမ်းရေးအတွက် အမြဲတမ်းတံခါးဖွင့်ထားပါကြောင်း၊    တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက် လျက် ရှိပါကြောင်း၊  MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများ အောင်မြင်အောင်ဆောင်ရွက်၍ တင်သွင်း သူ (Importer) အဖြစ်မှ  တင်ပို့သူ (Exporter) ဖြစ် အောင် ကြိုးပမ်းသွားရန်လိုကြောင်း၊ လူတစ်ဦးချင်းမှ စ၍ အခြေခံကောင်းများဖြင့် မိသားစုအလိုက်၊ မြို့နယ် အလိုက်၊ ပြည်နယ်အလိုက် ကြိုးပမ်းဆောင်ရွက်ကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်သည်အထိ    ဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်သွားရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ      ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည်  ဒေသထွက်ကုန်ပစ္စည်းများ၊ စားသောက် ကုန်၊   လူသုံးကုန်၊   စက်မှုလက်မှုထုတ်ကုန်၊  ရိုးရာ လက်မှု ထုတ်ကုန်များစသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို  ကြည့်ရှုကြရာ  တာဝန် ရှိသူများက    လိုက်လံရှင်းလင်းပြသခဲ့ကြကြောင်း သတင်းရရှိသည်။  

                  
သတင်းစဉ်